ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးသို့ အလှူပွဲသွားသူများ လမ်းခရီးတွင် ငွေတောင်းခံ‌ရ

diz_admin

October 14, 2022

လောင်းလုံးမြို့ဘက်သို့ ခရီးသွားသည့် ပြည်သူများ ယခုရက်ပိုင်းအတွင်း လမ်းခရီးတွင် ငွေကြေးတောင်းခံရမှုများ ရှိလာနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းက ထားဝယ်မှ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာ၏ ကထိန်အလှူသို့ ကားဖြင့်သွားသော ပြည်သူများထံမှ ရဲဝတ်စုံဝတ်ထားသော တပ်ဖွဲ့ဝင်များက လူတစ်ဦးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ကောက်ခံနေကြောင်း ကိုယ်တိုင်ကြုံရသည် ခရီးသွားပြည်သူတစ်ဦးက ပြောသည်။ ၎င်းကိုယ်တိုင် ကျပ်ငါးထောင်ပေးပြီးမှ ဖြတ်သန်းသွားလာခွင့်ရခဲ့ကြောင်း ဆိုသည်။ လောင်းလုံးမြို့ တွင်း (ဃ) ရပ်ကွက်ရှိ လောင်းလုံး ထားဝယ်သွားလမ်းပိုင်းတစ်နေရာတွင် ရဲဝတ်စုံဝတ်ထားသော တပ်ဖွဲ့ဝင်များက စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ခရီးသည်များတွင် နှာခေါင်းစည်း ပါမပါ၊ မှတ်ပုံတင် ပါမပါ စသည်ဖြင့် အကြောင်းအမျိုးမျိုးရှာ၍ စစ်ဆေးနေခြင်းလည်းဖြစ်ကြောင်း ခရီးသွားပြည်သူအချို့က ပြောသည်။ “တရားဝင် […]

မြိတ် တုံးဗျောကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ

diz_admin

October 14, 2022

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ နေအိမ် ယနေ့ မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ တုံးဗျောကျေးရွာနေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိန်သန်းငယ် နေအိမ်အား ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။ “PDF တွေအများကြီးပဲ လာပြီးမီးရှို့သွားတာ။သူ့နဲ့ မိသားစုက အိမ်မှာမနေပဲ တခြားတစ်နေရာမှာ သွားရှောင်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မီးရှို့ခံရသည့် အုပ်ချုပ်ရေးမှူး၏ နေအိမ်နှင့် မိုင်ဝက်ခန့်အကွာတွင် ပျူစောထီးနှင့် စစ်ကောင်စီကင်းစခန်းတစ်ခုရှိပြီး နှစ်ဖက်ပစ်ခတ်ခြင်းမျိုးမကြားရကြောင်း ဒေသခံများက ဆိုသည်။ “ပစ်ခတ်သံတော့မကြားရဘူး။ မီးရှို့ပြီးတာနဲ့ ပြန်ထွက်သွားကြတယ်” ဟု ဒေသခံနောက် အမျိုးသားတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို PDF များ […]

တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီဝင် ၃၀ ခန့်အသတ်ခံထားရဟုဆို

diz_admin

October 14, 2022

စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့်ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ ဒလန်ရှင်းလင်းရေး ဆိုသည့်လှုပ်ရှားမှုတွင် ပစ်ခတ်ရှင်းလင်းခံရသဖြင့် သေဆုံးသွားသူများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်နှင့် ဝန်းရံသူ ၃၀ ခန့်ပါဝင်ကြောင်း ယင်းပါတီထံမှသိရသည်။ တနင်္သာရီတိုင်းတွင် ပစ်သတ်ခံရသဖြင့် သေဆုံးသွားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၃၀ ဦးနှင့် ဒဏ်ရာရသူ သုံးဦးရှိကြောင်း တိုင်းပါတီဥက္ကဋ္ဌ ဦးသန်းအောင်ကပြောသည်။ ကြံ့ခိုင်ရေးပါတီဝင် အသတ်ခံရသူများတွင် ရေဖြူမြို့နယ် ရပ်ကျေးစည်းရုံးရေးမှူးတစ်ဦးနှင့် ‌လောင်းလုံးမြို့နယ်မှ ဝန်းရံသူအချို့လည်းပါဝင်ကြောင်း Dawei Watch မှတ်တမ်းများအရသိရသည်။ ယင်းသေဆုံးမှုမှာ စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ အသတ်ခံရသည့် ကြံ့ခိုင်ရေးပါတီဝင် အရေအတွက်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ယင်းရွေးကောက်ပွဲ ဝင်ပြိုင်ရန်အတွက် စစ်တပ်ကျောထောက်နောက်ခံပါတီ ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီခေါင်းဆောင်ပိုင်း နေရာများ အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံအနှံ့ဖြစ်ပေါ်နေသည့် အာဏာရှင်စနစ်ကို […]

တရားဝင်အလုပ်လုပ်ခွင့်ကတ်လျှောက်ရာတွင် ထိုင်းရောက်မြန်မာလုပ်သားများ ငွေလိမ်ခံရ

diz_admin

October 14, 2022

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများသည် ပန်းရောင်ဘတ်ဟုခေါ်သည့် တရားဝင်နေထိုင် အလုပ် လုပ်ခွင့်ကတ်ကို ပွဲစားဖြင့်လျှောက်ထားရာတွင် ငွေကြေးလိမ်လည်ခံရမှုများရှိနေကြောင်း အလုပ်သမားများထံမှ သိရသည်။ မြန်မာပွဲစားအချို့သည် ပန်းရောင်ဘတ်အတွက် အထောက်အထားပြုလုပ်ပေးမည်၊ အလုပ်ရှာပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၅၀၀၀ (ကျပ် ခုနစ်သိန်းကျော်မှ ၁၀ သိန်းကျော်) အထိ ကောက်ခံကြောင်း အလုပ်သမားများထံမှ သိရသည်။ ငွေကြေးအပြီးအစီး ပေးလိုက်ချိန်တွင် အဆက်အသွယ်ဖြတ်ကာထွက်ပြေးသွားကြောင်း ၎င်းတို့က ပြောသည်။ ပန်းရောင်ဘတ် ပြုလုပ်ရန်အတွက် မြန်မာအလုပ်သမားအများစုသည် လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို နားမလည်သဖြင့် ထိုင်းရောက် မြန်မာပွဲစားများနှင့်သာ ချိတ်ဆက် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ထိုင်း၌ ပန်းရောင်ဘတ် လုပ်ရန် Name List ရရှိလာသူ မြန်မာလုပ်သားများအနေဖြင့် ဆေးစစ်ခြင်း၊ အလုပ်သမားရုံးတွင် လက်ဗွေနှိပ်၊ မျက်လုံး […]

ပုလောမြို့နယ် KNU စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

diz_admin

October 13, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်အတွင်းရှိ KNU စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးကြဲချခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်(K-PDF-Palaw)က ယနေ့ထုတ်ပြန်သည်။ KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်း  ဖွင့်လှစ်ထားသည့် ယင်းစစ်ဆေးရေးဂိတ်ကို ယနေ့ (အောက်တိုဘာ ၁၃)  မွန်းလွှဲ ၁၂ နာ ရီအချိန်တွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးသီး ၃ လုံးပစ်ချခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းသို့ ဗုံးသီးပစ်ချမှုကြောင့် ကရင်ပြည်သူ့ကာကွယ်ရေး(ပုလော) တပ်သားတစ်ဦး ဒဏ်ရာအနည်ငယ် ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါဂိတ်သည် KNU ထိန်းချုပ်နယ်မြေအတွင်းသို့ မူးယစ်ဆေးဝါးနှင့် စစ်ကောင်စီ ထုတ်ကုန်များ မဝင်ရောက်ရေးအတွက် တားမြစ်စစ်ဆေးနေသည့် ဂိတ်တစ်ခုဖြစ်သည်။ ကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ပုလောမြို့နယ် နန်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရခဲ့သည်။

Mie Sedaap ခေါက်ဆွဲထုပ်ခြောက်မျိုး စားသုံးရန်မသင့်ကြောင်း FDA ကြေညာ 

diz_admin

October 13, 2022

အင်ဒိုနီးရှားနိုင်ငံထုတ် Mie Sedaap အမှတ်တံဆိပ် Spicy ခေါက်ဆွဲအစပ်ထုပ် အပါအဝင် အသင့်စား ခေါက်ဆွဲ ခြောက်ထုပ် ခြောက်မျိုးကို စားသုံးရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါကွတ်ကဲရေးဦးစီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့ က ထုတ်ပြန်ကြေညာသည်။ Mie Sedaap အမှတ်တံဆိပ် ခေါက်ဆွဲထုပ်များကို တနင်္သာရီတိုင်းတွင်လည်း လူငယ်များ ဝယ်ယူစားသုံးမှုများကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယင်းအမှတ်တံဆိပ်ဖြင့် ထုတ်သည့် ခေါက်ထုတ်များအနက် ခေါက်ဆွဲထုပ်ခြောက်မျိုးတွင် အစားအသောက်များ၌ သုံးခွင့်မရှိသည့် ပိုးသတ်ဆေးတစ်မျိုးဖြစ်သော အက်ထရင်းအောက်ဆိုဒ် (Ethylene oxide) ပိုမိုပါဝင်နေကြောင်း အောက်တိုဘာလ ၁၁ ရက်က စင်ကာပူနိုင်ငံစားနပ်ရိက္ခာအေဂျင်စီ (SFA) က ထုတ်ပြန်ခဲ့သည်။ ထို့နောက် ယင်းပစ္စည်းများကို ဈေးကွက်အတွင်းမှ လိုက်လံသိမ်းဆည်းနေသည်ဟု FDA ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြသည်။ စားသုံးရန် […]

ဘုတ်ပြင်း-ကော့သောင်းလမ်းတွင် တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာ

diz_admin

October 13, 2022

ကော့သောင်းခရိုင် ဘုတ်ပြင်း-ကော့သောင်းပြည်ထောင်စုလမ်းတွင် ယခုလပိုင်းအတွင်း တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာနေကြောင်း ဒေသခံများနှင့် ခရီးသွားပြည်သူများထံမှ သိရသည်။ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ထိတွေ့တိုက်ပွဲ အနည်းငယ်သာရှိခဲ့သည့် ကော့သောင်း ခရိုင်တွင် စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် တိုက်ပွဲအကြိမ်ရေ စိပ်လာနေခြင်းဖြစ်သည်ဟု ဆိုသည်။ “တိုက်ပွဲတွေက နည်းနည်းစိပ်လာနေသလို အစစ်အဆေးတွေလည်း များလာနေတယ်။ သတင်းလေသံ နားထောင်ပြီး တော့ပဲ သွားနေရတယ်၊ ခုချိန်မှာ” ဟု မြိတ်-ကော့သောင်းခရီးသည် ယာဉ်မောင်းတစ်ဦးက ပြောသည်။ ကော့သောင်းနှင့် မြိတ်သို့သွားလာရာတွင် ယခင်ကစိုးရိမ်ပူပန်မှုများ မရှိသော်လည်း လက်ရှိတိုက်ပွဲများ ကြားလာ နေရသည့်အတွက် စိုးရိမ်ပူပန်နေရကြောင်း ကော့သောင်း-မြိတ် ခရီးသွားလာနေသည့် ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။ “အရင်လတွေကထက်စာရင်တော့ နည်းနည်းစိုးရိမ်မိတယ်ပေါ့” ဟု ၎င်းက ဆိုသည်။ ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်တွင် ပြီးခဲ့သည့် […]

ရော်ဘာအစေးရည် ဈေးမဖွင့်နိုင်သေး

diz_admin

October 13, 2022

ထားဝယ်တွင် မိုးမပြတ်သေးသဖြင့် ရော်ဘာအစေးရည် ဈေးမဖွင့်နိုင်သေးကြောင်း ရော်ဘာအစေးရည် ဝယ်ယူနေသည့် စက်ရုံအချို့ထံက သိရသည်။ ထားဝယ်ခရိုင်တွင် သီတင်းကျွတ်ကာလလွန်အထိ မိုးရွာနေခြင်းကြောင့် ရော်ဘာခြစ်တောင်သူများ ရော်ဘာကောင်းကောင်းခြစ် မရသေးသဖြင့် ဈေးလည်းမဖွင့်နိုင်သေးဟု ထားဝယ်ရွှေပြည်အဆင့်မြင့် မှိုင်းခံစက်ရုံမှ မန်နေဂျာ ကိုထွန်းထွန်းလတ်က ပြောသည်။ “နည်းနည်း နည်းနည်းတောင် မရသေးဘူး၊ အနည်းငယ်ပဲ ရသေးတယ်၊ မိုးရွာနေတာနဲ့ပဲ အစေးကခြစ်မရဘူးလေ၊ အစေးခြစ်မရတော့ အစေးရည်မရဘဲဖြစ်နေတာပေါ့” ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သည့်နှစ်က အောက်တိုဘာ ၂ ရက်နေ့မှစတင်ကာ ရော်ဘာအစေးရည် ဝယ်ယူနေပြီဖြစ်သော်လည်း ယခုနှစ်တွင် မိုးကြောင့် ရော်ဘာအစေးရည် မရသေးသဖြင့် ဈေးမဖွင့်နိုင်သေးခြင်းဖြစ်သည်။ အောက်တိုဘာ ၁၆ ရက်၊ ၁၇ ရက်ခန့်တွင် ရော်ဘာအစေးရည် စတင်ဝယ်ယူနိုင်မည်ဟု ခန့်မှန်းထားပြီး လက်ရှိ အစေးရည် လာရောက်ရောင်းချနေသူများကို တစ်ပေါင် […]