ရန်ကုန်မှပြန်ရန် စာရင်းပေးထားသူအချို့ ထားဝယ်သို့ ခိုးဝင်နေ
diz_admin
November 17, 2020ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်တွင် သောင်တင်နေသည့်အတွက် ထားဝယ်ပြန်ရန် စာရင်းပေးသွင်းထားသူအချို့ ထားဝယ်မြို့သို့ ခိုးဝင်ပြီ းပြန်ရောက်နေသည်ကို တွေ့ရကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။ အဆိုပါ အထောက်အကူပြုအဖွဲ့က ပြီးခဲ့သည့်လမှစတင်ကာ ရန်ကုန်တွင်သောင်တင်နေသူများ ပြန်ခေါ်နိုင်ရေး စာရင်းကောက်ခံနေသည်။ထိုသို့ကောက်ခံရာတွင် သောင်တင်နေသူ ၂၇၀ ဦး စာရင်းပေးထားပြီး ၎င်းတို့၏ ဖုန်းနံပါတ်များပေးထားကြသည်။ လက်ရှိတွင် ပြန်ခေါ်နိုင်ရေးအတွက် အဆိုဖုန်းများကို ပြန်လည်ဆက်သွယ်ရာ ထားဝယ်မြို့သို့ ပြန်ရောက်နေသူများရှိသကဲ့သို့ ရန်ကုန်-ထားဝယ်လမ်းပေါ်တွင် ရောက်ရှိနေသူများလည်းရှိနေသည်ကို တွေ့ရကြောင်း ထားဝယ်ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။ “ထားဝယ်ကိုရောက်နေတဲ့ သူတွေကို သွားတွေ့ရတယ်။ နောက်ပြီး ဒီနေ့ကားနဲ့ ဆင်းလာနေသူတွေရှိတာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။ယင်းကဲ့သို့ လာရောက်ပြီး သတ်မှတ်ရက်အတိုင်း ကွာရန်တင်းမဝင်ကြသည်ကို တွေ့ရကြောင်း […]