ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

October 22, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံ ငွေကြေးခဝါချမှု အမည်ပျက်စာရင်းသွင်းခံရ နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF က မြောက်ကိုရီးယား၊ အီရန်တို့ နည်းတူ မြန်မာနိုင်ငံကို အမည်ပျက်စာရင်းထဲ အောက်တိုဘာလ ၂၁ ရက်ညတွင် ထည့်သွင်းလိုက်သည်။ Financial Action Task Force (FATF) သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှုများကို တားဆီးနိုင်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများ စုစည်းတည်ထောင်ထားသည့် ပြင်သစ်အခြေစိုက်အဖွဲ့ဖြစ်သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် အစည်းအဝေးတွင် မြန်မာကို အမည်ပျက်စာရင်းထဲ ထည့်လိုက်ခြင်းဖြစ်သည်။ ငွေကြေးခဝါချမှုမျိုးစုံနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှုများကို တားဆီးကိုင်တွယ်နိုင်ရန် ပျက်ကွက် […]

ပုလော ပိတတ်တံတားတွင် မိုင်းပေါက်ကွဲ၊ ကားများသွားလာ၍ မရ

diz_admin

October 22, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိတတ်ကျေးရွာရှိ ပိတတ်တံတားတွင် မိုင်းပေါက်ကွဲပြီး တံတားပျက်စီးသွားသဖြင့် ကားများ သွားလာ၍ မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၁ ရက် ညည့် (ယနေ့ နံနက်) ၁ နာရီဝန်းကျင်တွင် ပိတတ်တံတားဘက်မှ မိုင်းပေါက်ကွဲသံ၊ သေနတ် ပစ်ခတ်သံ၊ အော်ဟစ်ဆဲဆိုသံများကြားခဲ့ရပြီး မိုးလင်းချိန် သွားရောက်ကြည့်ရှုရာ တံတားပျက်စီးနေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။ “အလယ်က သံမဏိပြားကြီးတွေ သုံးလေးပြား ကွာထွက်ကုန်တယ်။ ကားသွားလို့ မရတော့ဘူး။ လူနဲ့ ဆိုင်ကယ်ပဲ သွားလို့ ရတော့တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းတံတားကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဖောက်ခွဲသွားသည်ကို သေသေချာချာ မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။ ပိတတ်တံတားသည် ပုလောသို့ သွားသည့် လမ်းခွဲတစ်ခုပေါ်တွင် […]

လောင်းလုံးတွင် CDM ဝန်ထမ်း၊ NLD ထောက်ခံသူများအပါအဝင် ဒေသခံ ၁၃ဦးဖမ်းဆီးခံရ

diz_admin

October 22, 2022

လောင်းလုံးမြို့နယ်တွင် CDM ဝန်ထမ်းတစ်ဦး၊ NLD ပါတီ ထောက်ခံသူများ အပါအဝင် ဒေသခံ ၁၃ ဦး ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူအချို့က ပြောသည်။ ယင်းသို့ ဖမ်းဆီးခံရရာတွင် လောင်းလုံးမြို့ပေါ်က ဒေသခံ ကိုးဦးနှင့် ကျေးရွာ နှစ်ရွာမှ ဒေသခံ လေးဦးတို့ ပါဝင်သည်။ မြို့ပေါ်၌ အောက်တိုဘာလ ၂၁ရက်ည ၈နာရီခန့်တွင် စစ်ကောင်စီတပ်ပူးပေါင်းတပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမျိုးသားငါးဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ကိုးဦး ဖမ်းဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။ ဖမ်းဆီးခံရသူများတွင် CDM ဝန်ထမ်းတစ်ဦး ပါဝင်ပြီး ကျန်ပုဂ္ဂိုလ်များမှာ NLD ပါတီ ထောက်ခံသူများဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ ဖမ်းဆီးခံရသူများမှာ လောင်းလုံးမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ကြသည့် ဦးမျိုးသိမ်း၊ ဦးတင်သောင်း၊ ဦးစိမ်း၊ […]

မြန်မာ အမည်ပျက်စာရင်းသွင်းခံရပြီးနောက် ထားဝယ်တွင် ရွှေဈေး ကျပ်ငါးသိန်းနီးပါးထိုးတက်

diz_admin

October 22, 2022

မြန်မာနိုင်ငံကို နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF) က အမည်ပျက်စာရင်း သွင်းလိုက်ပြီးနောက် ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်စောစောတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ငါးသိန်းနီးပါးအထိ ဈေးထိုးတက်သွားကြောင်း ထားဝယ်ဈေးကွက်အတွင်းမှ သိရသည်။ မြန်မာနိုင်ငံကို FATF က အောက်တိုဘာလ ၂၁ ရက်ညက အမည်ပျက်စာရင်း သွင်းလိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ အမည်ပျက်စာရင်းသွင်းလိုက်သည့်အတွက် ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းမည်ကို စိုးရိမ်လာကြပြီး ရွှေ၊ ထိုင်းဘတ်နှင့် အမေရိကန်ဒေါ်လာဝယ်လိုအားများလာကာ ဈေးတက်လာခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်သိရှိရသည်။ အောက်တိုဘာလ ၂၁ ရက်နေ့လယ်က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ငါးသိန်းခြောက်သောင်း (၂၅၆၀၀၀၀ ကျပ်) ဈေးပေါက်နေခဲ့သည်။ အမည်ပျက်ကြေညာပြီး အောက်တိုဘာလ ၂၂ ရက် နံနက်တွင်မူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် သုံးဆယ်သိန်းငါးသောင်းကျပ်အထိ ဈေးတက်သွားကြောင်း […]

ပြည်တွင်းငွေကြေးဂယက်ကြောင့် ဘတ်ငွေဝယ်လိုသူများ

diz_admin

October 22, 2022

မြန်မာနိုင်ငံကို နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF  က အမည်ပျက်စာရင်းသွင်းလိုက်မှုကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းမည်ကိုကြောက်ပြီး ဘတ်ငွေဝယ်ယူလိုသူများလာကြောင်း စျေးကွက်အတွင်းမှသိရသည်။ ထိုင်းနိုင်ငံအတွင်း ကျပ်-ဘတ်လဲလှယ်သည့် လုပ်ငန်းများတွင် ဘတ်ဝယ်လိုသူများနေပြီး ဘတ်အရောင်းမရှိသလောက် ဖြစ်နေကြောင်း၊ အဝယ်များနေ၍ ဘတ်ပေါက်စျေးမှာ အမျိုးမျိုးဖြစ်နေကြောင်း ငွေလဲလုပ်ငန်းလုပ်သူတစ်ဦးကဆိုသည်။ လတ်တလောတွင် စျေးမငြိမ်သဖြင့် မှန်မှန်ကန်ကန် လုပ်သူများမှာ အရောင်းအဝယ် ရပ်ထားကြပြီး စျေးငြိမ်မှသာ အရောင်းအဝယ် ပြန်လုပ်ကြဖွယ်ရှိကြောင်း၊ အချို့အရောင်းအဝယ် ပြုနေသည့်နှုန်းမှာ ဖြစ်သင့်သည်ထက်များနေသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။ ဘတ်ဝယ်လိုသူ များနေသဖြင့် တစ်ဘတ်လျှင် ကျပ် ၁၀၀ နှုန်းဖြင့် လဲပေးနေသူများပင် ရှိနေသည်ဖြစ်ရာ မလိုအပ်ဘဲ မဝယ်သင့်သေးကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးကဆိုသည်။ “အဲ့စျေးပေါက်မပေါက် ဘယ်သူမှမပြောနိုင်ဘူးလေ။ ပါးစပ်ထဲရှိရာပြောပြီး ရောင်းနေတာ” ဟု၎င်းကဆိုသည်။ အောက်တိုဘာလ ၂၁ ရက်နေ့(မနေ့) ညနေပိုင်းအထိ ဘတ်ပေါက်စျေးမှာ […]

ထားဝယ်တွင် ကွမ်းသီးသစ်ဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ကျော် ဈေးလျော့

diz_admin

October 22, 2022

ထားဝယ်ခရိုင်တွင် ကွမ်းသီးဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ကျော် ဈေးလျော့နေကြောင်း ထားဝယ်မြို့တွင်းရှိ ပွဲရုံအချို့နှင့် ဒေသခံတောင်သူအချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က အောက်တိုဘာ ၂၀ ရက်ခန့်တွင် ကွမ်းသီးသစ် တစ်ပိဿာ ငွေကျပ် ၆၅၀၀ မှ ၆၇၀၀ ကျပ်ခန့်အထိ ဖြစ်နေပြီဖြစ်သော်လည်း ယခုနှစ်တွင် တစ်ပိဿာ ၄၀၀၀ ကျပ်မှ အများဆုံး ၅၀၀၀ ကျပ်ခန့်သာရှိကြောင်း ပွဲရုံအချို့နှင့် တောင်သူအချို့က ပြောသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေချိန်တွင် ကွမ်းသီးသစ်စျေးမှာ ယခင်နှစ်ထက် နိမ့်နေမှုကြောင့် ကွမ်းသီးစိုက်သူများမှာ ထပ်ဆင့်ရှုံးနေကြသည့် သဘောဖြစ်သည်။ သရက်ချောင်းမြို့နယ်တွင် ကွမ်းသီးသစ်တစ်ပိဿာ ငွေကျပ် ၄၀၀၀ မှ ၄၅၀၀ ကျပ်ခန့်သာရှိသည်ဟု သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာမှ ကွမ်းသီးခြောက် အရောင်းအဝယ်ပြုလုပ်သူ မဝင်းခက်က ပြောသည်။ “အခုလာတဲ့ဈေးဆို မနှစ်ကနဲ့စာရင် ဈေးနည်းနေတာပေါ့၊ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

October 21, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ယူကေဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် နုတ်ထွက် ယူကေဝန်ကြီးချုပ် လစ်ဇ်ထရပ်စ်ဟာ ဒေါင်းနင်းလမ်းနေအိမ်ရှေ့ကို ထွက်လာပြီး သူရာထူးက နုတ်ထွက်မယ့်အကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဘုရင်ကြီးကို သူနုတ်ထွက်မယ့်အကြောင်း အသိပေး အကြောင်းကြားခဲ့ပြီးပြီလို့လည်း သူကပြောပါတယ်။ စီးပွားရေးနဲ့ နိုင်ငံတကာရေးရာတွေမှာ မသေချာမရေရာမှုတွေ အများကြီးရှိနေချိန်မှာ သူဒီရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။ သူ့ကို ရွေးချယ်တင်မြှောက်ခဲ့တဲ့ ကွန်ဆားဗေးတစ်ပါတီ ပါတီဝင်တွေကပေးအပ်တဲ့ တာဝန်တွေကနေ ရလဒ်တွေရအောင် ဆက်ထမ်းဆောင်နိုင်စွမ်း မရှိတော့လို့ သူ နုတ်ထွက်မယ်လို့ ပြောခဲ့ပါတယ်။ လစ်ဇ်ထရပ်စ်က ဘုရင်မကြီး အဲလိဇဘက်ထံ ဝန်ကြီးချုပ်ခန့်အပ်လွှာပေးအပ်ခဲ့ပြီး ၂ရက်အကြာ ဘုရင်မကြီးကံကုန်သွားခဲ့သလို ယခုလည်းဝန်ကြီးချုပ် […]

အောက်သရက်ချောင်းကျေးရွာတွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၊ တစ်ဦးသေ

diz_admin

October 21, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်း ကျေးရွာတွင် အောက်တိုဘာလ ၂၀ ရက် ည ၉ နာရီခွဲခန့်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး တစ်ဦးသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ သေနတ်ဖြင့် ပစ်သတ်ခံရသူနှစ်ဦးအနက် အသက် ၃၇ နှစ်ခန့်ရှိ ကိုနောင်စိုးဆိုသူမှာ နေရာတွင်သေဆုံးခဲ့ပြီး အသက် ၃၅ နှစ်ခန့်ရှိ ကိုစိုးထိုက်မှာ သေနတ်ဒဏ်ရာ လေးချက်ခန့် ရရှိထားကြောင်း အောက်သရက်ချောင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသားနှစ်ဦးမှာ ရွာတွင် အေးဆေးနေတတ်သူများဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကိုနောင်စိုးမှာ မူလတန်းကျောင်းအုပ်ဖြစ်ပြီး ကျောင်းမတက်ရဲသဖြင့် အလုပ်နားထားသည်မှာ ကြာပြီဖြစ်သည်ဟု အခြား ဒေသခံအချို့က ပြောသည်။ သေနတ်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရသည့် ကိုစိုးထိုက်မှာ ပန်းရံလုပ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ၎င်းတို့နှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် […]