ထားဝယ်တွင် ကိုဗစ်ကာကွယ်ဆေး သာသနာ့ဗိမာန်တွင် လာရောက်ထိုးနိုင်
diz_admin
October 28, 2022ထားဝယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးလိုသူများသည် ထားဝယ်မြို့ အခွန်လွတ်ဈေးရှေ့မှ သာသနာ့ဗိမာန်တွင် လာရောက်ထိုးနိုင်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုနှစ် အောက်တိုဘာလတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ပြန်လည်များပြားလာနေပြီး သေဆုံးသူမှာ တစ်နေ့ တစ်ဦးမှ သုံးဦးအထိ နေ့စဉ်ရက်ဆက်ရှိနေသည်။ ကိုဗစ်ကြောင့် သေဆုံးသူများတွင် အသက် ၆၀ ကျော်မှ ၉၂ နှစ်အရွယ် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ အပြင် ၆ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါ သေဆုံးခဲ့သည်။ ကိုဗစ်ကူးစက်မှုနှင့်အတူ သေဆုံးမှုများပါ တကျော့ပြန်ဖြစ်လာသဖြင့် ကိုဗစ်ကာကွယ်ဆေး လုံးဝ မထိုးရသေးသူများ၊ ကာကွယ်ဆေးအကြိမ်ရေ အပြည့်မထိုးထားသူများ၊ သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများအနေဖြင့် ကိုဗစ် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသင့်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ “ကာကွယ်ဆေးထိုးလည်း ကူးတာပဲဆိုပေမယ့် […]


