ပုလော ကျောင်းနိမ့်ရွာ ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ နေအိမ်တစ်လုံးထိမှန်
diz_admin
October 31, 2022မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) က ထုတ်ပြန်သည်။ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) က စခန်းချလုံခြုံရေးယူပေးထားသည့် ကျောင်းနိမ့်ကျေးရွာအား ယနေ့ အောက်တိုဘာလ ၃၁ရက် မွန်းလွဲ ၃နာရီကျော်တွင် ပုလော ၂၈၅ တပ်ရင်းက ဒရုန်းဖြင့် ဗုံးသီးခြောက်လုံး ချကာ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးထိမှန်ပြီး လူထိခိုက်မှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ကျောင်းနိမ့်ကျေးရွာနေ ပြည်သူများသည် နှစ်ဖက်တိုက်ပွဲများကြောင့် ရွာမှတိမ်းရှောင်နေသည်မှာ လအတန်ကြာနေပြီ ဖြစ်ပြီး လက်ရှိတွင် အနည်းအကျဉ်း ပြန်လည်နေထိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ “ရွာသားတချို့က သွားလိုက်လာလိုက်နဲ့ ပြန်လာနေ နေကြတယ်။ ခုဒီညနေ ၄ […]


