ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြောက်ကိုရီးယားက ပင်လယ်ထဲသို့ ဒုံးကျည်သုံးစင်းပစ်လွှတ်၊ တောင်ကိုရီးယားက လေကြောင်းရန် သတိပေးချက်ပြုလုပ်

diz_admin

November 2, 2022

အရှေ့ဘက်ကမ်းခြေဒေသသို့ မြောက်ကိုရီးယားက အနည်းဆုံး ဒုံးပျံသုံးစင်း ပစ်လွှတ်ခဲ့ရာ တောင်ကိုရီးယား ကျွန်းတစ်ကျွန်းတွင် လေကြောင်းရန် အချက်ပေးမှုများ ထွက်ပေါ်ခဲ့သည်ဟု BBC သတင်းက ဖော်ပြထားသည်။ ဒေသစံတော်ချိန် (၉)နာရီအချိန်တွင် ဒုံးပျံများ ပစ်လွှတ်ခဲ့ရာ အူလန်ဒို ကျွန်းမှ ဒေသခံများကို ဗုံးခိုကျင်းများတွင် ဝင်ရောက်နေထိုင်ရန်အတွက် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။ ယခုသီတင်းပတ်အတွင်း လုပ်ဆောင်နေသည့် အမေရိကန်နှင့်တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား အစိုးရက သတိပေးခဲ့ပြီးနောက် ယခုကဲ့သို့ ပစ်ခတ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ အားကောင်းသော တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဟုမြောက်ကိုရီးယားဘက်က ပြောကြားထားခဲ့သည်။ လတ်တလော မြောက်ကိုရီးယား၏ ပြုမူချက်များသည် နျူကလီးယားပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ၏ လေသံများ လွှမ်းမိုးလျက်ရှိသည်ဟု ကိုရီးယားအရေး အကဲခတ်သူများက ပြောကြားထားသည်။ တောင်ကိုရီးယားသို့ တိုက်ခိုက်မှုများ သို့မဟုတ် နျူကလီးယား စမ်းသပ်မှုများ […]

မြဝတီအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် သက်ဆိုင်သော တရုတ်နိုင်ငံသားကို ထိုင်းရဲဖမ်းမိ

diz_admin

November 1, 2022

မြန်မာနိုင်ငံ မြဝတီအခြေစိုက်လုပ်ငန်းတွင် အလုပ်သမားများကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် ဒစ်ဂျင်တယ်ငွေကြေးလိမ်လည်မှုများ အတင်းအကျပ် ပြုလုပ်စေခိုင်းနေကြောင်း စွတ်စွဲချက်များဖြင့် တရုတ်အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကြေညာခဲ့သည်။ ဖမ်းဆီးခံရသော တရုတ်နိုင်ငံသားမှာ အသက် ၃၃ နှစ်အရွယ် ဟွမ်တီယန်းရုန် (ခ) အားရုန် အမည်ရှိသူဖြစ်ပြီး ဘန်ကောက်မြို့ရှိ အားကစားရုံတစ်ရုံတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ လူကုန်ကူးမှု၊ အဓမ္မစေခိုင်းရန် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဆိုရှယ်မီဒီယာမှတစ်ဆင့် ငွေကြေးလိမ်လည်နေသူများကို ထိုင်းရဲတပ်ဖွဲ့မှ ၂၀၂၁ ခုနှစ် အစောပိုင်းကာလကတည်းက ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသား ၁၉ ဦးကို ဖမ်းဝရမ်းထုတ်ထားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါဂိုဏ်းအဖွဲ့တွင် တရုတ်နိုင်ငံသား ၃ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား […]

ရိတ်သိမ်းရာသီအစ စပါးဈေး ယမန်နှစ်ထက် ၂ ဆခန့် စျေးပိုရ

diz_admin

November 1, 2022

မြိတ်ခရိုင်အတွင်း မိုးစပါးရိတ်သိမ်းရာသီ စတင်နေပြီဖြစ်ပြီး စပါးဈေးများလည်း ယမန်နှစ်ထက် ထက်ဝက်ခန့်ဈေးကောင်းပေး ဝယ်ယူနေကြောင်း ဆန်စက်လုပ်ငန်းရှင်များ ထံမှသိရသည်။ ပြီးခဲ့သည့်နှစ်က စပါးတစ်တင်း ကျပ်ခြောက်ထောင်သာပေါက်ဈေးရှိခဲ့ရာမှ ယခုရိတ်သိမ်းရာသီတွင် စပါးတစ်တင်း ကျပ်တစ်သောင်းတစ်ထောင်မှ တစ်သောင်းနှစ်ထောင်အထိ ဈေးပေးကာဝယ်ယူနေသည်ဟု မြိတ်မြို့ရှိ အိုကေဆန်စက်လုပ်ငန်းရှင် ဦးမောင်ထွေး ကပြောသည်။ “ဒီနှစ်စက်သုံးဆီဈေး၊ဓါတ်မြေသြဇာဈေး စတဲ့စိုက်စရိတ်တွေ ကြီးမြင့်တဲ့အတွက် တစ်တင်းကို တစ်သောင်းတစ်ထောင် တစ်သောင်းနှစ်ထောင် ဒီထက်မကျပဲ ဈေးပေးပြီး ဝယ်ယူနေပါတယ်”ဟု ဦးမောင်ထွေး ကပြောသည်။ လက်ရှိအချိန်တွင် မြိတ်မြို့နယ်၊ဝန်ဖို့ရွာမှ စပါးတင်းတစ်သောင်းကျော် လာရောက်ရောင်းချခဲ့ပြီးဖြစ်ကာ ထပ်မံ၍ ရောင်းချမည့် ကျေးရွာများလည်း၊ မြိတ်မြို့နယ်နှင့်ပုလောမြို့နယ်အတွင်း အများအပြားရှိနေသေးကြောင်း ၎င်းကဆိုသည်။ “မိုးရွာနေလည်း ရိတ်သိမ်းလို့ရတယ်။ကျွန်တော့်ဆီမှာ အခြောက်ခံစက်နဲ့ အခြောက်ခံပေးပါတယ်”ဟု မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ လည်းဖြစ်သူ ဦးမောင်ထွေးကပြောသည်။ စပါးတစ်တင်း တစ်သောင်းနှစ်ထောင်အထိပေးကာ ဝယ်ယူနေသည်ကို ကြားသိရ၍ ဝမ်းသာမိကြောင်း မြိတ်မြို့နယ်၊သစ်ယာဝကျေးရွာနေ […]

ပုလောတွင် မှတ်ပုံတင်နှင့် ထောက်ခံစာကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေဆဲဟုဆို

diz_admin

November 1, 2022

မြိတ်ခရိုင် ပုလောမြို့ အဝင်အထွက်ဂိတ်နှစ်ခုတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား(မှတ်ပုံတင်)နှင့် ရပ်ကွက်အတွင်း အမှန်တကယ်နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူး ထောက်ခံစာကို တင်းတင်းကျပ်ကျပ်စစ်‌ဆေးနေဆဲဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။ မှတ်ပုံတင်နှင့် ထောက်ခံစာနှစ်ခုစလုံးမပြသနိုင်ပါက မြို့ခံများကိုယ်တိုင်ပင် မြို့ဝင်ထွက်ဂိတ်ကို ဖြတ်သန်းသွားလာခွင့်မရဘဲဖြစ်နေကြောင်း ‌၎င်းတို့ကဆိုသည်။ တစ်ရက်သို့မဟုတ် နှစ်ရက်သက်တမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာတစ်ရွက်ကို တစ်ထောင်ကျပ်ဖြင့် သွားလုပ်နေရကြောင်း ၎င်းတို့ကဆိုသည်။ “ပုလောမြို့ပြင်ကိုထွက်မယ်ဆိုရင် နိုင်ငံခြားသွားသလိုဖြစ်နေတာ။ မှတ်ပုံတင်ရော၊ ထောက်ခံစာပါပြနေရတယ်။ အလှူတွေဘာတွေသွားဖို့ ထောက်ခံစာတစ်ချပ် တစ်ထောင်နဲ့သွားလုပ်နေရတာ” ဟု မြို့ခံတစ်ဦးကဆိုသည်။ မြို့ထဲတွင်ပါ ရှောင်တခင်စစ်ဆေးလေ့ရှိသဖြင့် ထောက်ခံစာရွက်ကို အမြဲတမ်းနီးပါး‌ ဆောင်ထားရကြောင်း မြို့ခံအချို့ကဆိုသည်။ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းလောက်မှစပြီး  တနင်္သာရီတိုင်းအတွင်း ခရီးသွားလာသူများကို မှတ်ပုံတင်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသည့် လက်မှတ်တို့ကို တင်းတင်းကျပ်ကျပ်စစ်ဆေးခဲ့သော်လည်း ယခုနှစ်အတွင်းမူ စစ်ဆေးမှုမရှိတော့ပေ။ ထားဝယ်၊ […]

ထိုင်းရောက်မြန်မာများ နိုင်ငံကူးလက်မှတ်အသစ်လုပ်လျှင် အလုပ်သမားကတ်တစ်ပါတည်းလုပ်ပေးမည်

diz_admin

November 1, 2022

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားသူများကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို တစ်ပါတည်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူများကို OWIC ကတ် တစ်ပါတည်း ထုတ်ပေးမည်ဖြစ်ရာ မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက် ပြုလုပ်ရန် မလိုအပ်တော့ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိ ထိုင်းရောက် မြန်မာအလုပ်သမားများသည် OWIC ကတ်ပြုလုပ်ရန် ပြည်တွင်းသို့ ပြန်လည် သွားရောက် လုပ်ကိုင်နေကြရသဖြင့် နည်းပညာဆိုင်ရာ Software များ ဖြည့်ဆည်းတပ်ဆင်ကာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံးထံမှ သိရသည်။ OWIC ကတ် ပါရှိမှသာလျှင် လေဆိပ်၊ နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ပသို့ […]

ထားဝယ်တွင် အလူမီနီယံလုပ်ငန်းများ အလုပ်အပ်သူ မရှိသလောက်နည်းဟုဆို

diz_admin

November 1, 2022

ထားဝယ်မြို့ရှိ အလူမီနီယံအိမ်သုံးပရိဘောဂ လုပ်ကိုင်သည့်လုပ်ငန်းများ အလုပ်အပ်သူ မရှိသလောက် နည်းပါးလာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။ ထားဝယ်တွင် ပြတင်းပေါက်၊ တံခါးပေါက်၊ ဗီဒို၊ ဆိုင်ကောင်တာ အစရှိသည့် အလူမီနီယံဖြင့်လုပ်သည့် အိမ်သုံးပစ္စည်းလုပ်ငန်း ဆယ်နှင့်ချီရှိသည်။ ယမန်နှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ပါက အလုပ်အပ်သူ သိသိသာသာနည်းသွားပြီး ယခုလတွင် အလုပ်တစ်ခုသာ လက်ခံရရှိကြောင်း ထားဝယ်မြို့ပေါ် အလူမီနီယံဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဦးက ပြောသည်။ ဒေသခံအများစုက စီးပွားရေးကျပ်တည်းနေကြပြီး စားရေးသောက်ရေးကိုသာ အဓိကထားရုန်းကန်နေရသည့်အတွက် အလုပ်အပ်သူ မရှိသလောက်နည်းခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်နှစ်ကမူ တစ်လလျှင် ပျမ်းမျှ ငွေကျပ်ဆယ်သိန်းခန့် အသားတင်လက်ခရရှိပြီး ယခုနှစ်တွင်မူ တစ်သိန်းခန့်သာ ရတော့ကြောင်း အဆိုပါအမျိုးသားက ပြောဆိုသည်။ “အခုက ဆိုင်ဖွင့်ထားပြီး ထိုင်နေရတဲ့ ရက်တွေချည်းပဲ။ ဆိုင်ခန်းခတောင် အိတ်စိုက်ပေးနေရတာ” ဟု ၎င်းက […]

တနင်္သာရီ တိုက်ပွဲအတွင်း ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်

diz_admin

November 1, 2022

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း၊ ဘန်လောနှင့် ခြောက်မိုင်ကျေးရွာတို့အနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် အရပ်သား နှစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါကျေးရွာများအနီးတွင် အောက်တိုဘာလ ၃၁ ရက် နေ့လယ်ပိုင်းမှ ညနေမိုးချုပ်သည်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၁)၊ တနင်္သာရီမြို့နယ် မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်း (၂) တို့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီးကျည် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ညောင်ပင်ကွင်းကျေးရွာနေ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၁၁ နှစ် အရွယ်မိန်းကလေးတစ်ဦးတို့ လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။ “အမျိုးသားက […]

ကိုဗစ်ကူးစက်ထားသူတစ်ဦးတွေ့၍ ရှန်ဟိုင်းဒစ္စနေပန်းခြံတွင်းမှ ဧည့်သည်များ အပြင်ထွက်ခွင့်မပြု၊ အများအပြားပိတ်မိနေ

diz_admin

November 1, 2022

ရှန်ဟိုင်းဒစ္စနေပန်းခြံအတွင်း ကိုဗစ်တွေ့ရှိသဖြင့် တရုတ်၏ ဇီးရိုးကိုဗစ်ပေါ်လစီအရ ပန်းခြံကို အပြင်မှပိတ်ချ လိုက်သည့်အတွက် ဧည့်သည်များစွာ ပန်းခြံအတွင်း ပိတ်မိသွားကြောင်း BBC သတင်းက ဖော်ပြထားသည်။ ကိုဗစ်နဂစ်တစ်(ကူးစက်မှုမရှိတော့ကြောင်း) မပြနိုင်မချင်း ပန်းခြံထဲမှ အပြင်ကို ထွက်ခွင့်ပြုမည် မဟုတ်ကြောင်း ပြည်သူများကို ပြောကြားထားသည်။ ပြီးခဲ့သည့် စနေနေ့က ရှန်ဟိုင်းတွင် ဒေသတွင်းကူးစက်မှု လူနာ ၁၀ ဦးတွေ့ရှိခဲ့ရာမှ ယခုကဲ့သို့ နေရာများစွာကို အသွားအလာ ကန့်သတ်ပိတ်ချမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ တရုတ်၏ အငြင်းပွါးဖွယ် ဇီးရိုးကိုဗစ်ပေါ်လစီအရ လူသန်းပေါင်းများစွာသည် မကြာခဏ အသွားအလာကန့်သတ် lock down ချခံရပြီး ၊ ရံဖန်ရံခါ ထူးခြားသော နေရာများတွင် ပိတ်မိလေ့ရှိသည်။ Lockdown ချခံရပြီဆိုလျှင် လူအများက ရိက္ခာမရှိဘဲ ပိတ်မိနေမည် စိုးသဖြင့် အပြေးအလွှား အလုအယက် စျေးများ […]