ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ထိုးမုန့်မှာယူသူ ယခင်နှစ်ထက်ပိုများလာ

diz_admin

November 3, 2022

ထားဝယ်တွင် အလှူ၊မင်္ဂလာပွဲမျာ ပိုများလာသည့် အတွက်  ထိုးမုန့်မှာယူသူများ ယခင်နှစ်ထက် ယခုနှစ်ပို၍ များလာသည်ဟု ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှသိရသည်။ ယခင်နှစ်က အလှူပွဲ မင်္ဂလာပွဲများနည်းပါးမှုကြောင့် သီတင်းကျွတ်လဆန်းပိုင်းမှစပြီး တစ်ပတ်ကို ငါးဗန်းသာလုပ်ကိုင်ပေးရပြီး ယခုနှစ်တွင်မူ ယခင်နှစ်ကာလတူထက် မှာယူသူပိုများလာပြီး တစ်နေ့ ဗန်းနှစ်ဆယ်ခန့် လုပ်ပေးရသည်ဟု ထားဝယ်မြို့ရှိ ဒေါ်အေး (ထမနဲနှင့် ထိုးမုန့်မျိုးစုံလုပ်ငန်း)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ဒီနေဆိုရင် ကျွန်မတို့မှာသလောက် မလုပ်ပေးနိုင်ဘူး။ ဘလော့(ပိတ်)လိုက်ရတာတွေရှိတယ်။ ဘာလို့ဆို တစ်နေ့တာထုတ်ပေးနိုင်တာထက် မှာတာပိုများလို့ပါ”ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့်နှစ်က ကိုဗစ်နှင့် နိုင်ငံရေးပဋိပက္ခကြောင့် ဒေသတွင်း အလှူမင်္ဂလာပွဲများနည်းပါးကာ ထိုးမုန့်မှာယူသူများ မရှိသလောက်နည်းပါးခဲ့ပြီး ယခုနှစ် ပိုများလာသည်ဟု ဆိုရမည်ဖြစ်သော်လည်း လွန်ခဲ့သည် လေးငါးနှစ်က စံချိန်ကို မမီသေးကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။ “ဘာလို့ဆို အရင်က တစ်နေ့ကို ဗန်းတစ်ရာလောက်အထိ ထုတ်ပေးရတယ်။ အခုနှစ်က […]

ဟိုတယ်ထားဝယ်ပိုင်ရှင်ထံမှ သိမ်းလိုက်သော ဘတ်သန်း ၁၈၀၀ မှ ၃၀ ရာခိုင်နှုန်းကို ရဲနှင့်သတင်းပေးတို့အား ပေးမည်

diz_admin

November 3, 2022

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတို့ဖြင့် ဖမ်းဆီးခံထားရသော မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီးနောက် ဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံ(သန်း ၁၈၀၀) တန်ဖိုးရှိသော သူ၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့တွင် ထိုင်းတရားရေးဝန်ကြီး Somsak Thepsutin က ပြောကြားလိုက်သည်။ ယင်းသိမ်းဆည်းရမိခဲ့သော ပိုင်ဆိုင်မှုတန်ဖိုး၏ ၂၅ ရာခိုင်နှုန်း (ဘတ် ၄၆၄ သန်း) ကို အမှုစုံစမ်းစစ်ဆေးစဉ်တွင် ပါဝင်ခဲ့သော ထိုင်းရဲတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ဒေါက်တာထွန်းမင်းလတ်ကို ဖမ်းမိရန် သတင်းပေးခဲ့သူများကို ၅ ရာခိုင်နှုန်းခွဲဝေ ချီးမြင့်သွားမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးက ပြောကြားထားသည်။ စုံစမ်းဖော်ထုတ်မှုများကို ထိုင်းနိုင်ငံ မြို့တော်ရဲဌာန Metropolitan Police Bureau (MPB) နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ရုံး Office of Narcotics Control Board (ONCB) တို့နှင့်အတူ သက်ဆိုင်ရာဌာနများမှ […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ စစ်ကြောင်းဝင်လာခြင်းကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေး

diz_admin

November 3, 2022

ရေဖြူမြို့နယ် နဘုလယ်ဒေသ(ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ)သို့ နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်နေခြင်းကြောင့် ကျေးရွာ ခုနစ်ရွာမှဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု ဒေသခံများ၏ပြောကြားချက်အရသိရသည်။ ယမန်နေ့ ညနေ ငါးနာရီခန့်မှစကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကားခုနှစ်စီးခန့်ဖြင့် ပုဂေါဇွန်းရွာထိပ် ရှမ်းလမ်းခေါ် ရေနက်ဆိပ်ကမ်းလမ်းမှတစ်ဆင့် လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်၍ဝင်ရောက်လာသောကြောင့် ဒေသခံအများမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း  ဒေသခံတစ်ဦးကပြောသည်။ “ပစ်တာကညနေ ငါးနာရီကတည်းကပေါ့နော် လေးနာရီလောက်ဆက်တိုက်ပစ်တာ တိုက်ပွဲဖြစ်နေတာပဲထင်တယ် ရွာသားတွေဆို ညထဲကရှောင်နေကြရတာ သက်ကြီးရွယ်အိုရှိတဲ့ အိမ်ကလွဲလို့ ကျန်တဲ့သူတွေအားလုံးနီးပါးပါပဲ” ဟု ထိုဒေသခံကပြောသည်။ မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်ကို  Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ယင်းကဲ့သို့ဝင်ရောက်လာမှုကြောင့် လဲရှောင်၊ ထိန်ကြီး၊ ပရဒပ်၊ ဧကနိ၊ ရငဲ ၊ ခမောင်းချောင်း၊ ဝက်ချောင်း စတဲ့ ကျေးရွာခုနစ်ရွာမှ ဒေသခံအများစုမှာ နေအိမ်စွန့်ခွာနေကြရသည်။ “လူတွေကသတင်းကြားတာနဲ့ ပြင်နေကြပြီ အရင်ကလည်း ဖြစ်ခဲ့ဖူးပြီးသားဆိုတော့လေ”ဟု […]

ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်မခံနိုင်သူများကြောင့် တိုင်းပြည်ကမောက်ကမဖြစ်နိုင်ဟု သမ္မတဘိုင်ဒင် သတိပေး

diz_admin

November 3, 2022

လာမည့် သီတင်းပတ်တွင် စတင်မဲပေးကြမည့် သက်တမ်းလယ် ရွေးကောက်ပွဲများတွင် အရှုံးကို လက်ခံရန် ငြင်းဆန်သည့် ကိုယ်စားလှယ်လောင်းများကြောင့် တိုင်းပြည် ကမောက်ကမ ဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။ နိုဝင်ဘာလ (၈) ရက်နေ့တွင် မဲပေးကြရာတွင် နိုင်ငံရေးအကြမ်းဖက်မှုများကို အမေရိကန်ပြည်သူများက တညီတညွတ်တည်း ဆန့်ကျင်ကြရန် ၎င်းက တိုက်တွန်းလိုက်သည်။ ဒီမိုကရက်သမ္မတတစ်ဦးဖြစ်သော ဘိုင်ဒင် က ယခင်သမ္မတဟောင်း ဒိုနယ်ထရန့်နှင့် ၎င်းကို ထောက်ခံသူများက အလိမ်အညာ လုပ်ဇာတ်များဖြင့် အမုန်းပွါးစေရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ သမ္မတဘိုင်ဒင် ၏ ပြောကြားချက်သည် သွေးခွဲကာ သူ့လိုအပ်ချက်များကို လမ်းကြောင်းပြောင်းခြင်း ဖြစ်ကြောင်း ရီပတ်ပလစ်ကန် များ က ပြန်လည် တုန့်ပြန်ထားသည်။ ဆီးနိတ်လွှတ်တော်ကို ဒီမိုကရက်များက အနိုင်ရသွားနိုင်ပြီး ရီပတ်ပလစ်ကန်များက ကွန်ဂရက်ကို […]

မွန်တွင် စပါးဈေးကောင်းရသော်လည်း လယ်သမားများ တွက်ခြေမကိုက်

diz_admin

November 2, 2022

မွန်ပြည်နယ်တွင် ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးဈေးကောင်းရနေသော်လည်း လယ်သမားများအတွက် တွက်ခြေမကိုက်ကြောင်း စပါးစိုက်တောင်သူတို့၏ ပြောပြချက်အရ သိရသည်။ မိုးစပါးပေါ်ချိန်တွင် မွန်ပြည်နယ်အတွင်း စပါးကြမ်းအုပ်စုဝင် စပါး တင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းကျော်၊ စပါးချောအုပ်စုဝင် စပါး တင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းကျော် ပေါက်ဈေးရှိနေသည်ဟု စပါးကုန်သည်နှင့် စပါးစိုက်တောင်သူတို့က ပြောသည်။ လက်ရှိ စပါးပေါက်ဈေးသည် ယမန်နှစ်ဈေးနှင့် နှိုင်းယှဉ်ကြည့်လျှင် စပါးတင်း ၁၀၀ လျှင် ကျပ် ၂ သိန်းခန့် ကွာဟမှုရှိနေသည်ဟုလည်း စပါးကုန်သည်တို့ထံမှ သိရသည်။ “ဒီနှစ် စပါးဈေးကတော့ တင်း ၁၀၀ မှာ ၁ သိန်းကျော် ၂ သိန်းလောက် ဈေးပိုရတယ်။ မနှစ်ကဈေးနဲ့ […]

ပလမြို့ထွေအုပ်ရုံး ဒုတိယအကြိမ် ဗုံးဖြင့်ပစ်ခတ်ခံရပြီး မီးလောင်ဟုဆို

diz_admin

November 2, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်ခွဲတစ်ခုဖြစ်သည့် ပလမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗုံးဖြင့် ဒုတိယအကြိမ် ပစ်ခတ်ခံရပြီး မီးလောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၂ နာရီဝန်းကျင်က ပလမြို့ထွေအုပ်ရုံးနှင့် ယင်းနှင့်ကပ်လျက်ရှိသည့် မီးသတ်ရုံးတို့ မီးလောင်သွားကြောင်း ဒေသခံများက ပြောသည်။ “ဗုံးနှစ်လုံး ကွဲသံကြားရတယ်။ ပြီးတော့တော်တော်လေးကြာမှ သေနတ်ပစ်သံတွေ၊ လက်နက်ကြီးအသံတွေ ထပ်ကြားရတယ်” ဟု ပလ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် မီးသတ်ရုံးမှာ မီးလောင်ကျွမ်းသွားပြီး ထွေအုပ်ရုံးသည်လည်း ပျက်စီးသွားသည်ဟု ဒေသခံများက ပြောဆိုသည်။ “မီးသတ်ရုံးထဲမှာက စစ်သား၊ ပျူစောထီး လေးငါးခြောက်ယောက်က စုအိပ်ပြီး ထမင်းချက်စားနေတယ်လို့ ပြောကြတယ်။ ဂစ်အိုးတွေလည်းရှိနေတော့ ထပေါက်ပြီး မီးလောင်တယ်လို့ သိရတယ်” ဟု ဒေသခံနောက်တစ်ဦး က ပြောသည်။ […]

ဒေါ်လာငွေလဲနှုန်း မြင့်တက်နေသော်လည်း ရော်ဘာဈေးကျ

diz_admin

November 2, 2022

ဒေါ်လာငွေလဲနှုန်း မြင့်တက်နေသည့်ကာလဖြစ်သော်လည်း ရော်ဘာ ဈေးကျနေကြောင်း အစေးရည် ဝယ်သည့် စက်ရုံနှင့် နေလှန်းပြားရောင်းဝယ်သည့်ပွဲရုံအချို့ထံက သိရသည်။ ရော်ဘာအစေးရည်ဈေးမှာ တစ်ပေါင်လျှင် ရာသီဖွင့်စကထက် ကျပ်တစ်ရာခန့် ဈေးပြန်ကျနေပြီး နေလှန်ပြားမှာလည်း ၃၆၀ ကျပ်ဝန်းကျင် ဈေးပြန်ကျနေကြောင်း ၎င်းတို့ထံမှ သိရသည်။ လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေကျပ် ၃၀၀၀ ဝန်းကျင်ခန့်ရှိပြီး ထိုင်း တစ်ဘတ်လျှင် မြန်မာငွေ ၇၇ ကျပ် ရှိသည်။ ယင်းသို့ နိုင်ငံခြားငွေလဲနှုန်း ဈေးမြင့်နေချိန် ရော်ဘာဈေးပြန်ကျလာခြင်းမှာ လက်ရှိကာလအထိ ပြည်တွင်း၊ ပြည်ပ ဝယ်လက်နည်းနေခြင်း၊ ပြည်ပသို့ ရော်ဘာတင်ပို့နေသည့် လုပ်ငန်းရှင်များ၏ နိုင်ငံခြားငွေ သုံးစွဲမှုအပေါ် ကန့်သတ်မှု များ ရှိနေခြင်းတို့ကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ ယင်းအပြင် ရော်ဘာမှာလည်း အရည်အသွေးပြည့်မီသည့် နေလှန်းပြားများ မရသေးခြင်း၊ အစေးရည်ရရှိမှု […]

မြိတ် တုံးဗျောရွာတွင် တိုက်ပွဲဖြစ်၊ အုပ်ချုပ်ရေးမှူးအပါအဝင် သေဆုံးထိခိုက်သူအချို့ရှိဟုဆို

diz_admin

November 2, 2022

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက်က တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု သိရကြောင်း ဒေသခံများထံမှ သိရသည်။ တုံးဗျောကျေးရွာရှိ စစ်ကောင်စီကင်းစခန်းနှင့် အုပ်ချုပ်ရေးမှူး တည်းခိုနေသည့် နေအိမ်တို့အား ယနေ့ နံနက် ၅ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတပ်များက လာရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံများက ဆိုသည်။ “အုပ်ချုပ်ရေးမှူး ဦးစိန်သန်းက အိမ်ကနေ ကားထဲအဝင်မှာ ပစ်ခံရပြီးသေတယ်။ အခုတုံးဗျောငယ်ရွာက သူ့အိမ်မှာပဲ အလောင်းကို ထားထားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးစိန်သန်းမှာ ရွာတွင်မနေဘဲ ရှောင်တိမ်းနေရာမှ ယခုရက်ပိုင်းအတွင်း ပြန်လည်ရောက်ရှိလာပြီး စစ်ကောင်စီတပ်များနှင့် သွားအတူလာအတူ နေထိုင်နေသည်ဟု ဒေသခံများက ပြောဆိုသည်။ ယင်းနောက် စစ်ကောင်စီကင်းစခန်းကိုလည်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒုအရာခံဗိုလ်တစ်ဦး […]