နာမည်ကျော် ကံပေါက်တန်ဆောင်တိုင်ပွဲ ဆင်နွှဲသူနည်း
diz_admin
November 7, 2022အဖိတ်နေ့ည ထားဝယ်ဘုရားကြီးထဲက နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် ပွဲဦးထွက်ပြီးတာနဲ့ ထားဝယ်နယ်ထဲက ညောင်ဇင်၊ ကံပေါက်၊ ကနက်သီရီ စတဲ့ ရွာတွေမှာ လပြည့်ည နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်တိုင်ပွဲတော်တွေ ခြိမ့်ခြိမ့်သဲကျင်းပကြပါတယ်။ ထားဝယ်တစ်နယ်လုံး နှစ်ကျိပ်ရှစ်ဆူပွဲတော်တွေရှိတဲ့အထဲမှာ ညောင်ဇင်နဲ့ ကံပေါက်က တန်ဆောင်တိုင်ပွဲတော်တွေဟာ နှစ်ပေါင်း ၇၀ ကြာကျင်းပလာခဲ့တဲ့ သက်တမ်းရင့်ပွဲတော် ဖြစ်ပါတယ်။ အဲဒီပွဲတော်တွေအားလုံးဟာ ၂၀၂၀ ခုနှစ်ကစပြီး ကိုဗစ်ကပ်ရောကြောင့်ရပ်နားခဲ့ရပြီ မနှစ်ကလည်း နိုင်ငံရေးအခြေအနေတွေကြောင့် ညောင်ဇင်မှာတော့ အကျဉ်းရုံး ကျင်းပခဲ့ပေမဲ့ ကံပေါက်မှာတော့ မကျင်းပဖြစ်ခဲ့ပါဘူး။ ဒီနှစ်မှာတော့ ကံပေါက်မှာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို ပြန်လည်ကျင်းပ လာပါတယ်။ ကံပေါက်တန်ဆောင်တိုင်ဟာ ပုံမှန်ကျင်းပနေကြပုံစံဆိုလျှင် တန်ဆောင်မုန်းလဆန်း ၁၀ ရက်ကစပြီး လပြည့်ကျော် ၂ ရက်နေ့အထိ ၇ ရက်ကျင်းပတဲ့ ဒေသတွင်း ကျေးရွာတွေအကြား စည်းကားလှတဲ့ ရက်ရှည်ပွဲတော်တစ်ခုဖြစ်ပါတယ်။ လဆန်း […]


