တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားသည့် PDF တစ်ဦးထွက်ပြေးလွတ်မြောက်
Dawei Watch
May 20, 2024တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုကျေးရွာတွင် ကင်းထောက်သွားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝိုင်းဝန်းပစ်ခတ်ခဲ့သော်လည်း လွတ်မြောက်သွားကြောင်း သက်ဆိုင်ရာတပ်ဖွဲ့ထံမှ သိရသည်။ ဗိုလ်ခရင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးသည် မေလ ၁၉ရက် ညနေ ၅နာရီခွဲခန့်တွင် ဆိုင်ကယ်ဖြင့်သွားရောက်ပြီး ကင်းထောက်စစ်ဆေးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ ယင်းသို့ သွားရောက်ချိန် တနင်္သာရီမြို့ဘက်မှ ခြေလျင်လာသည့် အင်အား၂၅ ဦးခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ရာက ဖမ်းဆီးစစ်ဆေးခံရကြောင်း ဆိုသည်။ ၎င်းထံတွင် သေနတ်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့နှင့် ပတ်သက်သည့် အထောက်အထား မရှိသဖြင့် ပြန်လွှတ်ပေးရန် ပြောဆိုနေချိန် စစ်ကောင်စီတပ်သားတစ်ဦးက ၎င်း၏လက်ကိုင်ဖုန်းကို စစ်ဆေးရန် ပြင်ဆင်သဖြင့် ထွက်ပြေးခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းပစ်ခတ်ခဲ့ကြပြီး ပစ်ခတ်သံကြားသဖြင့် ဗိုလ်ခရင်းတပ်ဖွဲ့က အခြား အခြားရဲဘော်များလည်း ရောက်ရှိလာပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း […]

 
                     
                     
                     
                     
                     
                     
                     
                    
