တနင်္သာရီနှင့် ကျွန်းစုမှ ရွာနှစ်ရွာကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ
Dawei Watch
July 2, 2024တနင်္သာရီမြို့နယ်၊ သာရဖုံ(အနောက်)ရွာနှင့် ကျွန်းစုမြို့ ဝါရစ်ရွာ တို့ကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၂)နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း ဝါရစ်ရွာမှ အမျိုးသမီး ၂ ဦး နှင့် သာရဖုံ(အနောက်)ရွာမှ ကိုးတန်းကျောင်းသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းတို့ကဆိုသည်။ စစ်ကောင်စီ၏ လေကြောင်းလှုပ်ရှားများကို ကင်းထောက်နေသည့် EAR တယ်လီဂရမ်ချန်နယ်တွင်လည်း နံနက် ၁၁ နာရီ ၄၂ မိနစ်တွင် မြိတ်လေတပ်မှ Mi 2 တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး ပျံတက်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းလေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုတိုက်ခိုက်ခံရသည့် နေရာနှစ်ခုသည် ကျွန်းစုနှင့် တနင်္သာရီ မြို့နယ် နှစ်ခု၏ […]

 
                     
                     
                     
                     
                     
                     
                     
                    
