တနင်္သာရီ လယ်သစ်ရွာတွင် စစ်ကောင်စီတပ်က နေအိမ်မီးရှို့
Dawei Watch
August 3, 2024တနင်္သာရီမြို့နယ်၊ လယ်သစ်အနောက်ကျေးရွာတွင် ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က နေအိမ်လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၂ရက်နေ့ ညနေ ၃နာရီခန့်တွင် အင်အား ၁၈၀ ခန့်ပါသည့်စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်ပြီး လယ်သစ်အနောက်ကမ်းရွာကို စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။ ထိုသို့ စစ်ကြောင်းဝင်လာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။ “ထိခိုက်မှုတွေနဲ့ပတ်သက်ပြီး သူတို့ဘက်(စကစ) ကိုတော့ အတိကအကျမသိပေမယ့် ကျွန်တော်တို့ဘက်ကတော့ မရှိခဲ့ဘူး” ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂၏ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ဆိုသည်။ တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ကျေးရွာအတွင်းရှိ ဒေသခံများ၏ ဈေးဆိုင်များကို ဖျက်ဆီးဝင်ရောက်ပြီး ပစ္စည်းများကိုယူဆောင်သွားကြောင်း ၎င်းက ပြောသည်။ ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ […]


