ပုလောတွင် စစ်ကောင်စီတပ် နေ့စဉ်နီးပါး ဒရုန်းဖြင့်တိုက်ခိုက်ပြီး အင်အားထပ်ဖြည့်
Dawei Watch
December 24, 2024ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဉ်နီးပါး ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်နေပြီး စစ်အင်အားထပ်ဖြည့်ထားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ တပိုကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒီဇင်ဘာလ ၁၆ရက်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အနီးဝန်းကျင်ရှိ စက်တော်ရာရွာနှင့် ကြဲကျေးရွာသို့ ပြန်ဆုတ်သွားကြောင်း ၎င်းတို့က ပြောသည်။ ပြန်ဆုတ်သွားသည့်စစ်ကောင်စီတပ်သားများက စက်တော်ရာကျေးရွာ ရေလယ်စခန်းအနီးစခန်းချထားပြီး တပိုကျေးရွာနှင့် ဇရပ်ဆိပ်ကျေးရွာကို ဒီဇင်ဘာ ၂၀ရက်မှစကာ ဒရုန်းဖြင့်နေ့စဉ်နီးပါး ဗုံးချတိုက်ခိုက်နေကြောင်း တပိုကျေးရွာနေ ဒေသခံတစ်ဦးက ပြောဆိုသည်။ “တစ်နေ့ကို သုံးကြိမ်လောက် (ဒရုန်း) ဗုံးချတယ်။ တစ်ခါချရင် နှစ်လုံးဆက်တိုက်ချတယ်။ ရွာထဲက အိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲနေတာပါ” ဟု အဆိုပါဒေသခံက ပြောသည်။ ထိုကဲ့သို့ နေ့စဉ်နီးပါးဗုံးချတိုက်ခိုက်နေသဖြင့် ကျေးရွာအတွင်းနေထိုင်၍ မရတော့ဘဲ ထွက်ပြေးတိမ်းရှောင် နေရသည့်အတွက် ပျက်စီးမှုအခြေအနေကို မသိရသေးကြောင်း […]


