မြိတ်၊ တောင်ပုလဲရွာတွင် ပျူစောထီးများက လစဉ်ဆက်ကြေးကောက်ခံ
Dawei Watch
January 7, 2025မြိတ်မြို့နယ် တောင်ပုလဲကျေးရွာတွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက စောင့်ရှောက်ခဟုဆိုကာ လစဉ်ဆက်ကြေး ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းကျေးရွာရှိ နေအိမ်တစ်ဆောင်လျှင် ငွေကျပ်တစ်သောင်းခွဲမှ ကျပ်နှစ်သောင်းအထိ လစဉ်ကောက်ခံနေကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါရွာရှိ ပျူစောထီးများက ကျေးရွာကိုစောင့်ရှောက်ပေးနေရသည့်အတွက်ဟုဆိုကာ ပြီးခဲ့သည့် ခြောက်လခန့်ကတည်းက လစဉ်ပေးနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒီလိုပဲ မရှိ ရှိအောင် ရှာပေးရတာပေါ့။ မပေးရင် သူတို့မှာက လက်နက်တွေနဲ့ အသက်အန္တရာယ်ကလည်း ရှိသေးတယ်”ဟု ၎င်းကပြောသည်။ လစဉ်ငွေမပေးနိုင်သည့် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေပေးမှ ပြန်လွှတ်ပေးလေ့ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “လကုန်ရင် ရေဖိုး၊ မီးဖိုးအပြင် ဒီအတွက်လည်း ပူနေရတယ်။စီးပွားရေး ကျပ်တည်းပြီး ကုန်ဈေးနှုန်းကြီးနေတဲ့ကာလမှာ တစ်ပူပေါ်နှစ်ပူဆင့် နေတယ်”ဟု ၎င်းက ပြောသည်။ တောင်ပုလဲ ကျေးရွာသည် […]


