တနင်္သာရီအခြေစိုက် စစ်ကောင်စီအမြောက်တပ်ရင်း တိုက်ခိုက်ခံရ
Dawei Watch
January 12, 2025တနင်္သာရီမြို့နယ်၊ မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းကို ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဇန်နဝါရီလ ၁၁ ရက်ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ ရက် ည ၁၀နာရီဝန်းကျင်တွင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုက စစ်ကောင်စီ (၃၀၆) အမြောက်တပ်ရင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မော်တုန်းဒေသခံအချို့ က ဆိုသည်။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီအမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ၁၀ချက်ကျော် ပစ်ခတ်သဖြင့် အရှေ့မော်တုန်းရွာတွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ် ‘အာနီရှာ’ ဟုခေါ်သည့် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်၊။ “အဲဒီအချိန်က အိပ်နေကြတာဆိုတော့ လက်နက်ကြီးအသံကြားတော့ အိမ်အောက်က ကျင်းထဲကို ဆင်းတဲ့အချိန် လက်နက်ကြီးက အဲဒီအိမ်အနောက်ဘက်ကို ကျပြီး လက်နက်ကြီးအစ လက်မောင်းကို […]


