ပလမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်
Dawei Watch
April 12, 2024ပုလောမြို့နယ် ပလမြို့ရဲစခန်းကို T2 Special Drone Force က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။ စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျုစောထီးအပါအဝင် စုစုပေါင်း အင်အား ၆၀ ခန့် တပ်စွဲထားသည့် ပလမြို့ရဲစခန်းကို ဧပြီလ ၁၁ ရက် ညနေ ၆ နာရီဝန်းကျင်က ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက ပြောသည်။ T2 Special Drone Force တပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းအောက်တွင် ဖွဲ့စည်းထားသည့် တပ်ဖွဲ့ဖြစ်ပြီး အမျိုးသမီးရဲဘော်များလည်း ပါဝင်ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ဒရုန်းဖြင့် […]