မြိတ်တွင် စစ်မှုထမ်းလစဉ်ကြေးဟုဆိုကာ ငွေကျပ်သောင်းချီ လစဉ်ကောက်ခံ
Dawei Watch
April 4, 2025မြိတ်မြို့၊ မြိတ်တောင်နယ်မြေရှိ ရပ်ကွက်အချို့တွင် စစ်မှုထမ်းလစဉ်ကြေးဟုဆိုကာ ငွေကျပ်သောင်းချီ လစဉ်ကောက်ခံနေသည့်အတွက် အခက်အခဲကြုံနေရကြောင်း မြို့ခံအချို့ထံမှသိရသည်။ စစ်ကောင်စီက အဓမ္မစစ်မှုထမ်းခေါ်ယူသည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစကာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ရပ်ကွက်နေပြည်သူများထံမှ စစ်မှုထမ်းလစဉ်ကြေးပုံမှန် ကောက်ခံနေခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။ စစ်မှုထမ်းလစဉ်ကြေးဟုဆိုကာ အိမ်ထောင်စုတစ်စုကို တစ်လလျှင် ငွေကျပ်လေးသောင်းမှ ခြောက်သောင်းအထိ ပေးနေရကြောင်း မြိတ်တောင်နယ်မြေ အင်းလေးကမ်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။ “အိမ်ငှားဖြစ်ဖြစ် အိမ်ပိုင်ဖြစ်ဖြစ်အကုန်ပေးရတယ်။ မရှိဆင်းရဲသားတွေဖြစ်တဲ့အတွက် အငတ်ခံပြီး ထည့်နေရတယ်။မပေးဘဲလည်း မနေရဲဘူး။ ကျွန်မတို့ ဒီဒုက္ခတွေက လွတ်မြောက်ချင်ပြီရှင်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ မြိတ်တောင်နယ်မြေတွင် စစ်မှုထမ်းလစဉ်ကြေးအပြင် စည်ပင်ကြေးနှင့် မီးသတ်ကြေးစသည့် အခြားခေါင်းစဉ် အမျိုးမျိုးဖြင့် ငွေကြေးကောက်ခံမှုများလည်းရှိသေးကြောင်း အမျိုးသားတစ်ဦးက ဆိုသည်။ “လကုန်ရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ မိန်းမတွေ ကိုယ်တိုင်က […]


