ပုလောတွင် အသုဘအိမ်က ပြန်လာသူများကို စစ်ကောင်စီတပ်ပစ်ခတ်၊ ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံး
Dawei Watch
March 1, 2025ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအုပ်စု တော်ဝင်ရွာတွင် အသုဘအိမ်သို့သွားပြီး ပြန်လာသူများကို စစ်ကောင်စီတပ်က ပစ်ခတ်သောကြောင့် ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်အချို့က ပြောသည် တော်ဝင်ရွာ အထက်ပိုင်းရှိ အသုဘအိမ်သွားပြီး ဖေဖော်ဝါရီလ ၂၇ ရက် ည ၇ နာရီခန့်တွင် ရွာအောက်ပိုင်းသို့ ဆိုင်ကယ်သုံးစီးဖြင့် နေအိမ်ပြန်လာစဉ် ရွာလယ်ပိုင်းရှိ အုန်းတောလမ်းဆုံအနီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ ပစ်ခတ်သောကြောင့် အသက် ၃၅နှစ်အရွယ် ဒေါ်နှင်းဖြူအေး၊ ၎င်း၏ သမီးဖြစ်သူ အသက် ၈နှစ်အရွယ် မိန်းကလေးနှင့် အသက် ၁၈နှစ်အရွယ် မောင်ချစ်ပိုင်စိုးတို့ သေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောဆိုသည်။ “အဲဒီနေ့ညက သေနတ်သံတွေ အများကြီးကြားတော့ တိုက်ပွဲဖြစ်တယ်ထင်ပြီး ပြေးကြလွှားကြနဲ့ ရုတ်ရုတ်ဖြစ်နေကြတယ်။ […]


