ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ကွမ်းသီးနုရာသီအဖွင့်ဈေး ယမန်နှစ်ထက် စျေးထက်ဝက်ကျ

Dawei Watch

April 14, 2025

ဘုတ်ပြင်း၊တနင်္သာရီနှင့် မြိတ်မြို့နယ်တို့တွင် ကွမ်းသီးနုရာသီအဖွင့်ဈေးမှာ ယမန်နှစ်ထက် ထက်ဝက်ခန့် ကျဆင်းလာကြောင်း ကွမ်းသီး‌တောင်သူများနှင့် ကွမ်းသီးနုအဝယ်ဒိုင်အချို့ထံမှသိရသည်။ ယမန်နှစ်က ရာသီဖွင့်ချိန်က ကွမ်းသီးနုတစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်ကျပ်အထိ ဈေးရှိရာက ယခုနှစ်တွင် ကျပ်လေးထောင်ကျော်သာ ပေါက်ဈေးရှိနေကြောင်း ကွမ်းသီနုအဝယ်ဒိုင်အချို့ထံမှ သိရသည်။ ယခုနှစ်တွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပဝယ်လက်မရှိသလောက် နည်းပါးသွားသဖြင့် ဈေးနှုန်းလည်းကျဆင်းသွားကြောင်း မြိတ်မြို့ရှိ ကွမ်းသီးနုအဝယ်ဒိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “မနှစ်က တရုတ်ဘက်က အဝယ်လိုက်တာများတဲ့အတွက် ကွမ်းသီးနုဈေး တော်တော်ကောင်းသွားတယ် ။ဒီနှစ်ကျတော့ ထင်သလိုမဖြစ်မလာဘူး။ ဈေးသိပ်မခေါ်ရဲကြဘူးဖြစ်နေတယ်။ နိုင်ငံခြားဝယ်လက်တွေလည်း သိပ်မရှိဘူးကြားတယ်”ဟု ၎င်းက ပြောသည်။ ကွမ်းသီးပင်များမှာ ဧပြီလတွင် ကွမ်းသီးနုစထွက်ပြီး ဇွန်လခန့်တွင် ကွမ်းသီးနုပေါများလေ့ရှိကာ အောက်တိုဘာလခန့်တွင် ကွမ်းသီးရင့်မှည့်လာလေ့ရှိသည်။ ပြီးခဲ့သည့်နှစ် ကွမ်းသီးနုရာသီက ဈေးကောင်းရသဖြင့် ဒေသခံတောင်သူများ အဆင်ပြေခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်နေ ကွမ်းသီးစိုက်တောင်သူတစ်ဦးက ဆိုသည်။ “အနုဈေး ပိုကောင်းလာမယ်မျှော်လင့်ထားတာ။‌ […]

မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ တော်လှန်ရေးတပ်စခန်းတစ်ခု မီးရှို့ခံရ

Dawei Watch

April 13, 2025

ထိုင်း-မြန်မာနယ်စပ် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ တော်လှန်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ တနင်္သာရီမြို့နယ် မောတောင်မြို့ ကျောက်စိမ်းကုမ္ပဏီအနီးရှိ တော်လှန်ရေးတပ်စခန်းတစ်ခုကို ယနေ့ (ဧပြီ ၁၃) နံနက် ၁၀ နာရီခန့်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း အသက် ၃၇ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ကျောက်စိမ်းကုမ္ပဏီအနီးရှိ တော်လှန်ရေးတပ်စခန်းတစ်ခုနှင့် အနီးအနားရှိ ရော်ဘာခြံများအပြင် ရော်ဘာစက်ရုံတစ်ခုကိုလည်း စစ်ကောင်စီတပ်သားများက မီးရှို့ခဲ့ကြောင်း ၎င်းက ပြောသည်။ “တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး။ သူတို့ မီးလာရှို့တာ။ မီးက ရော်ဘာခြံတွေရော စက်ရုံတွေရော ရော်ဘာခြစ်သမားတွေ နေတဲ့အိမ်ရော ရှို့ထားခဲ့တယ်”ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။ တော်လှန်ရေးတပ်စခန်းကို မီးရှို့ပြီးနောက် ပြန်လည်ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးကြောင်း အသက် ၂၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် […]

တနင်္သာရီ ရမ်းဖိုရွာ ပြည်ထောင်စုလမ်းရှိ စစ်ကောင်စီတပ်လမ်းကင်း ပြန်ရုပ်

Dawei Watch

April 10, 2025

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာ ပြည်ထောင်စုလမ်းတစ်လျှောက်တွင် နှစ်ပတ်နီးပါးကြာ လမ်းကင်းယူတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ပြန်ရုပ်သိမ်းသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ ဧပြီလ ၇ရက် နေ့လယ်တွင် အင်အား ၄၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်သားများသည် ရမ်းဖိုရွာမှ ပြန်လည် ဆုတ်ခွာသွားကြောင်း အသက် ၂၂ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ”ကားနှစ်စီးနဲ့ ပြန်သွားကြတယ်။ မြိတ်ဘက်ကို ဦးတည်ပြီး မောင်းသွားကြတယ်” ဟု ၎င်းက ပြောသည်။ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းရွာနှင့် ရမ်းဖိုရွာရှိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီတပ်သားများက လမ်းကင်းယူထားခြင်း ဖြစ်သည်။ လက်ရှိတွင် ရမ်းဖိုရွာရှိ စစ်ကောင်စီတပ်လမ်းကင်းများကိုသာ ပြန်ရုပ်သွားပြီး ညောင်ပင်ကုန်းရွာရှိ စစ်ကောင်စီ လမ်းကင်းမှာမူ ရှိနေဆဲဖြစ်ကြောင်း အသက် ၂၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ သို့ရာတွင် ရမ်းဖိုရွာအနီးရှိ […]

ရက်ရှည်တိုက်ပွဲဖြစ်နေသည့် သိန်ခွန်းရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲ

Dawei Watch

April 10, 2025

ရက်ရှည်တိုက်ပွဲဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်လမ်းပိုင်းရှိ သိန်ခွန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဧပြီလ ၇ရက် နေ့လယ် ၁၂နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီ ဘက်က တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ”တိုက်ပွဲဖြစ်နေတုန်း လေကြောင်းနဲ့ လာကြဲတယ်။ ပွိုင့်ဖိုက် (စက်သေနတ်) နဲ့ လည်း ပစ်တယ်။ ရဲဘော် နှစ်ယောက်ဒဏ်ရာရ (မစိုးရိမ်ရ) သွားတယ်” ဟု အသက် ၂၈နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် အခြားထိခိုက်မှုအခြေအနေအသေးစိတ်တို့ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ယခုလမှစတင်ကာ သိန်ခွန်းရွာ၊ ချောင်းနှစ်ပေါက်ရွာ၊ ချောင်းလမုရွာနှင့် ကွမ်းသီးတောရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြောင်း အသက် ၃၀ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ ”သူတို့က […]

ကျွန်းစုဒေသခံများ စစ်ရှောင်နေချိန် ဆိုလာပြားများကို စစ်ကောင်စီတပ်နှင့်ပျူစောထီး ဖြုတ်ခိုး

Dawei Watch

April 9, 2025

ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စု ကျောက်တန်းငယ်ကျေးရွာရှိ ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေချိန် နေအိမ်များတွင် တပ်ထားသော ဆိုလာပြားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျုစောထီးများ ဖြုတ်ယူခိုးသွားကြောင်း ဒေသခံများထံမှရသည်။ မန်းကြီးမြစ်ကြောင်းအတိုင်း ရှော်တောမော် ကျေးရွာဘက်စစ်‌ကြောင်းထိုးလာသည့် စစ်သင်္ဘောတစ်စီးနှင့် ပျူစောထီးများ စီးနင်းလိုက်ပါလာသည့် သားပေါက်လှေ(စက်လှေ)တစ်စီး ဧပြီလ ၄ ရက်နေ့က ကျောက်တန်းငယ်ကျေးရွာတွင် ‌ဆိုက်ကပ်ပြီးနောက် နေအိမ်ရှိ ဆိုလာပြားများကို ခိုးယူသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့နှင့် ကျွန်းစုပကဖထံမှ သိရသည်။ “စစ်ကြောင်းထိုးလာတယ်ကြားတော့ ပြည်သူတွေရှောင်တိမ်းနေကြတာဗျ။ သူတို့ (စကစ) ကျောက်တန်းငယ်ရွာကို ရောက်လာတယ်။ ဘယ်လိုပုံစံနဲခိုးသွားတယ်ဆိုတာတော့ ကျွန်တော်တို့လည်း အသေးစိတ်မသိဘူးဗျ”ဟု ကျွန်းစု မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ပြန်ကြား‌ရေးတာဝန်ခံက ပြောသည်။ ဝန်တောင်ကျေးရွာရှိ Mytel တာဝါတိုင်ဖျက်ဆီးခံရပြီးကတည်းက ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ကျေးရွာ အချို့တွင် ဖုန်းလိုင်းပြတ်တောက်သွားသဖြင့် ဆက်သွယ်ရေး အခက်အခဲများရှိသဖြင့် […]

ဘုတ်ပြင်းတွင် သီဟိုဠ်စေ့ ဈေးကောင်းရသော်လည်း အထွက်နည်း

Dawei Watch

April 9, 2025

ဘုတ်ပြင်းမြို့နယ်တွင် သီဟိုဠ်စေ့ ဈေးကောင်းရနေသော်လည်း အထွက်နည်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ သီဟိုဠ်စေ့ဈေးနူန်းမှာ ယမန်နှစ်ထက် နှစ်ဆနီးပါးမြင့်တက်လာပြီး လက်ရှိတွင် သီဟိုဠ်စေ့တစ်ပိဿာလျှင် ကျပ်ခုနှစ်ထောင်ဝန်းကျင် ဈေးပေါက်နေသည်။ ပြီးခဲ့သည့်နှစ်ကမူ တစ်ပိဿာလျှင် ကျပ်လေးထောင်ဝန်းကျင်သာရှိကြောင်း တောင်သူအချို့က ဆိုသည်။ သီဟိုဠ်စေ့ဈေးကောင်းရနေသော်လည်း ယခုနှစ် သီဟိုဠ်ပန်းပွင့်ရာသီတွင် ရာသီဥတုကြောင့် ပန်းပွင့်အကြွေများသဖြင့် အသီးထွက်နှုန်းနည်းရခြင်းဖြစ်ကြောင်း မနိုးရုံးကျေးရွာနေ တောင်သူတစ်ဦးက ဆိုသည်။ “မိုးရွာလိုက် နေပူလိုက်နဲ့ ရာသီဥတုက မမှန်ဘူး။ပန်းပွင့်တဲ့အချိန်မှာ ပန်းတွေက နေပူအရှိန် ပြင်းတာရော မိုးကြမ်းတာရောကြောင့် ကြွေကုန်ရောဗျာ။ဒီနှစ်တော့ သုံးပုံ တစ်ပုံလောက်ပဲ အသီးတင်တယ်”ဟု ၎င်းကပြောသည်။ ရာသီဥတု မူမမှန်သဖြင့် ပြီးခဲ့သည့်နှစ်က သီဟိုစေ့ပိဿာချိန် ၄၀၀ ခန့်ရနေပြီဖြစ်‌သော်လည်း ယခုနှစ်တွင်မူ ပိဿာချိန်၂၀၀ ပင်မပြည့်သေးကြောင်း အထက်ပါတောင်သူက ဆိုသည်။ ဘုတ်ပြင်းမြို့နယ်အပြင် မြိတ်၊တနင်္သာရီ နှင့် အခြားမြို့နယ်များတွင်လည်း […]

ခဲလုပ်ကွက်များကြောင့် တနင်္သာရီထွက် ရေချိုခရု ရှားပါးလာ

Dawei Watch

April 9, 2025

တနင်္သာရီမြို့နယ်အတွင်းရှိ ခဲလုပ်ကွက်များကြောင့် ယခုနှစ်တွင် ရေချိုခရုရှားပါးလာပြီး ဈေးမြောက်လာကြောင်း ခရုငုပ်ဖမ်းဆီးသူများနှင့် ဒေသခံအချို့ထံမှ သိရသည်။ ခဲလုပ်ကွက်များ များလာသည့်အတွက် တနင်္သာရီမြစ်နှင့် အခြားမြစ်ချောင်းများတွင် ရေနောက်ကျိလာပြီး ရေချိုခရုဖမ်းဆီးရမိမှု လျော့ကျသွားခြင်းဖြစ်ကြောင်း အသက် ၃၀ အရွယ် ခရုငုပ်ပြီး ဖမ်းဆီးနေသူတစ်ဦးက ဆိုသည်။ တနင်္သာရီမြို့နယ်ရှိ ဘန်းသဲ၊ ကျောက်မီးကျောင်း၊ မြေမအုံ၊သကျက်ချောင်းဝ စသည့်ကျေးရွာများမှ ထွက်ရှိသည့် ရေချိုခရုများရှားပါးလာခြင်းဖြစ်သည်။ အာဏာသိမ်ပြီးနောက်ပိုင်း အဆိုပါဒေသတွင် ခဲလုပ်ကွက်များလာပြီး တနင်္သာရီမြစ်နှင့် မြို့နယ်အတွင်းရှိ မြစ်ချောင်းတစ်လျှောက် နောက်ကျိနေသည့် ရေစီးဆင်းလာပြီး ရေချိုခရုရှားပါးလာခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။ ရေချိုခရုမှာ နှစ်စဉ်တပေါင်းလနှင့်တန်ခူးလတွင် ရှာဖွေဖမ်းဆီးရမိလေ့ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ”ခဲမိုင်း ရေနောက်တွေ ကျ(စီးဆင်း)ပြီးတော့ ရှားကုန်တာ။ သူက ရေကြည်နေရာမှာပဲ ရှိတယ်” ဟု ခရုဖမ်းဆီးနေသည့် အမျိုးသားက ပြောသည်။ ခရုကို […]

ပုလောတွင် လူငယ်များကို KNU အဓမ္မစစ်မှုထမ်းခေါ်

Dawei Watch

April 8, 2025

မြိတ်ခရိုင်၊ ပုလောမြို့နယ်က ကျေးရွာ ၁၂ ရွာထက်မနည်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်ဖွဲ့က လူငယ်လူရွယ်များကို စစ်မှုထမ်းခေါ်ယူနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်သူအချို့က ပြောသည်။ KNU စိုးမိုးနယ်မြေများအတွင်းရှိ ကျေးရွာများတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်လူရွယ်များကို ကရင်အမျိုးသား ကာကွယ်ရေးတပ်-KNDO တပ်ရင်း (၇) က တပ်သားသစ်ခေါ်ယူစုဆောင်းနေကြောင်း ၎င်းတို့က ဆိုသည်။ စစ်မှုထမ်းတပ်သားစုဆောင်းခံရသည့်ကျေးရွာများတွင် ထမင်းမစား၊ ဆယ်အိမ်စု၊ လက္ကူး၊ တပို၊ ကဒဲ၊ ကဗျာ၊ လက်ပံပြင်၊ ဒူးရင်းပင်ရှောင်၊ ဇာဒီဝင်း၊ မဒေါ၊ ရေလျမ်း၊ သာယာကုန်းစသည့် ကျေးရွာများပါဝင်ကြောင်း ၎င်းတိုထံမှ သိရသည်။ တစ်ရွာလျှင် စစ်မှုထမ်းတပ်သားသစ်ငါးဦးနှုန်းပေးရန် ဒေသခံများနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ပြောဆိုထားပြီး စစ်မှုထမ်းမည့်သူကို မဲနှိုက်ရွေးချယ်ကြောင်း […]