ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်၊ ကြေးနန်းတိုင်တံတားဂိတ်တွင် ဖမ်းဆီးခံရသည့်ကားသမားနှစ်ဦး တစ်ပတ်နီးပါးကြာအထိ အဆက်အသွယ်မရ

Dawei Watch

March 12, 2025

မြိတ်မြို့နယ် ကြေးနန်းတိုင်တံတားစစ်ကောင်စီတပ် စစ်ရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ကားသမားနှစ်ဦးကို သီတင်းပတ် တစ်ပတ်နီးပါးအကြာ မတ်လ ၁၂ ရက်အထိ အဆက်အသွယ် မရသေးကြောင်း ကားသမားများ၊ နီးစပ်သူများနှင့် ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၇ ရက်က အဆိုပါဂိတ်တွင် ကုန်ကားတစ်စီးကို စစ်ဆေးပြီးနောက် ကုန်ကားမောင်သူနှင့် ကားနောက်လိုက်တို့ကို ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူအချို့က ပြောသည်။ အဆိုပါကုန်ကားမှာ မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ် မော်တုန်းရွာအနီးဝန်းကျင်ရှိ ကျေးရွာများကို ကုန်စည် ပို့ဆောင်နေသည့် ကားဖြစ်ကြောင်း နီးစပ်သူအချို့က ဆိုသည်။ မတ်လ ၇ရက်တွင် မြိတ်မြို့ဘက်မှ မော်တုန်းရွာဘက်သို့သွားချိန် ကြေးနန်းတိုင်တံတားစစ်ဆေးဂိတ်တွင် အသက် ၅၀ နှစ်အရွယ် ကုန်ကားမောင်းသူနှင့် ၂၆ နှစ်အရွယ် ကားနောက်လိုက်တို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ ”ကုန်ကားဆိုတော့ အစုံတင်တာပေါ့။ စကစဘက်က […]

ခရုအုန်း ဖမ်းဆီးရရှိမှုနည်းလာပြီး ဈေးလေးဆနီးပါးမြင့်တက်

Dawei Watch

March 12, 2025

မြိတ်တွင် ခရုအုန်း (ခေါ်) အုန်းခရု ရှားပါးလာပြီး တစ်နှစ်ကျော်ကာလအတွင်း ဈေးလေးဆခန့် မြင့်တက်လာကြောင်း ပင်လယ်ထွက်ကုန်ရောင်းဝယ်သူများထံမှ သိရသည်။ ၂၀၂၃ နှစ်ကုန်ပိုင်းက ခရုအုန်း အသားသီးသန့် တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းဝန်းကျင်ဈေးရှိရာက လက်ရှိအချိန်တွင် ကျပ်လေးသောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ပင်လယ်ထွက်ကုန် အဝယ်ဒိုင်ပိုင်ရှင်အချို့က ဆိုသည်။ “ခရုအုန်းက အမြဲတမ်းမရဘူး။ အခု‌နောက်ပိုင်းရှားပါး ရေစာ (ပင်လယ်စာ) ဖြစ်လာတယ်။ ‌ပင်လယ်ငါးဖမ်းလှေတွေဝင်လို့ ကုန်(ပင်လယ်စာ)တွေ သွားယူရင်တောင် ဆယ်ခါတစ်ခါလောက်ပဲ ခရုအုန်းရ‌တော့တယ်” ဟု မြိတ်မြို့ရှိ ပင်လယ်ထွက်ကုန် အဝယ်ဒိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ ပင်လယ်အတွင်း ဖမ်းဆီးရရှိမှု နည်းလာလာသဖြင့် ဈေးတက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ရှားပါးလာတာတော့ ဟုတ်တယ်ဗျ။ အရင်က ပင်လယ်ပြင်မှာ ငါးဖမ်းပိုက်တွေချရင် ခရုအုန်းတွေ ပါပါလာတတ်တယ်။ အခုနောက်ပိုင်း ပိုက်ချရင် […]

တနင်္သာရီ ဘန်းလမွတ်ရွာတွင် လမ်းသွားလမ်းလာအရပ်သား ၂၀ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီး

Dawei Watch

March 11, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာတွင် လမ်းသွားလမ်းလာ အရပ်သား ၂၀ခန့်ကို မတ်လ ၁၀ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သားများသည် ဘန်းလမွတ်ရွာလမ်းဆုံတွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဘန်းလမွတ်ရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။ “လမ်းသွားလမ်းလာတွေကို တားပြီးဖမ်းတာ။ အစက သူတို့ (စကစ) ယာဉ်တန်းတွေတက်တော့ လူသားဒိုင်းအတွက် ဖမ်းထားတယ်လို့ ထင်တာ။ ယာဉ်တန်းတက်ပြီးတာတောင် ပြန်မလွှတ်တော့ ဘာကြောင့်ဖမ်းလဲဆိုတာကို မပြောတတ်ဘူး” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးခံရသူများမှာ ဘန်းလမွတ်ရွာနေ ဒေသခံများအပြင် အခြားရွာနေသူအချို့ပါ ပါဝင်သည်ဟု သိရသော်လည်း အသေးစိတ်ကို မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဖမ်းဆီးခံခဲ့ရသူများကို ယနေ့ မတ်လ ၁၁ရက် နေ့လယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းနှင့်အတူ မော်တုန်းရွာအခြေစိုက် အမှတ် (၃၀၆) အမြောက်တပ်ရင်းသို့ […]

မြိတ်တွင် ရေမီတာတစ်ယူနစ် ကျပ် ၃၅၀၀ အထိပေးရ၊ အာဏာသိမ်း ၄ နှစ်တာအတွင်း ၃ ဆခန့်တက်

Dawei Watch

March 11, 2025

စစ်အာဏာသိမ်းပြီး လေးနှစ်ကြာလာချိန်တွင် မြိတ်မြို့တွင်ကောက်ခံနေသည့် ရေမီတာခဈေးနှုန်း သုံးဆနီးပါးမြင့်တက်လာကြောင်း မြို့ခံများနှင့် ရေရောင်းနေသူများထံမှ သိရသည်။ မြိတ်မြို့တွင် အစိုးရ၏ ရေပေးဝေစနစ်မရှိဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များက အဝီစိတွင်းများတူးကာ တစ်နိုင်တစ်ပိုင် ဖြန့်ဖြူးရောင်းချနေကြခြင်းဖြစ်သည်။ အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလက ရေမီတာခဈေးနှုန်းမှာ တစ်ယူနစ်လျှင် ၁၂၀၀ ဝန်းကျင်ခန့်သာရှိရာက ၂၀၂၄ ဇန်နဝါရီလတွင် ၂၆၀၀ ကျပ်ဝန်းကျင်အထိ တက်လာကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လက်ရှိ ၂၀၂၅ ခုနှစ်တွင် ရေတစ်ယူနစ်လျှင် ကျပ် ၃၀၀၀ ကျော်အထိ ကောက်ခံနေပြီး ရပ်ကွက်တည်နေရာ အပေါ်မူတည်ကာ တစ်ယူနစ်လျှင် ၃၅၀၀ ကျပ် အထိ ပေးနေရဟု ဒေသခံများကဆိုသည်။ ထိုသို့ဈေးတက်လာသည့်အတွက် ရေအတွက် ကုန်ကျစရိတ်ပိုများလာပြီး ချွေတာသုံးစွဲနေရကြောင်း မြိတ်မြို့တွင် အလှပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ “အခက်အခဲကတော့ ရေဆိုတာက […]

တနင်္သာရီတွင် ခဲလုပ်သားများ ငှက်ဖျားရောဂါအဖြစ်များ

Dawei Watch

March 11, 2025

တနင်္သာရီမြို့နယ်အတွင်းရှိ ခဲသတ္တုလုပ်ကွက်များက ခဲလုပ်သားများ ငှက်ဖျားရောဂါ အဖြစ်များလာကြကြောင်း ခဲလုပ်သားများနှင့် ငှက်ဖျားတိုက်ဖျက်ရေး ကူညီလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။ မြို့နယ်အတွင်းရှိ သဲဖြူ၊ကြိမ်ချောင်း၊တားပလတ်၊အင်ဟို၊ သဘော့လိပ်ရွာ၊သိန္ဓောရွာ၊ကျောက်လုံးကြီးရွာ စသည့်နေရာများရှိ ခဲလုပ်ကွက်များတွင် တစ်လလျှင် ငှက်ဖျားဖြစ်သည့် ခဲလုပ်သား ၁၀၀ ကျော်ရှိလာကြောင်း ငှက်ဖျားတိုက်ဖျက်ရေးကူညီ လုပ်ဆောင်နေသည့် အသက် ၃၃ နှစ်အရွယ်အမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါနေရာများအနက် တားပလပ်ရွာနှင့်အင်ဟိုရွာဘက်ရှိ ခဲလုပ်ကွက်များတွင် ငှက်ဖျားဖြစ်ပွားသူပိုများနေကြောင်း ၎င်းက ပြောသည်။ ပြီးခဲ့သည့်နှစ်ကမူ အဆိုပါကျေးရွာများရှိ ခဲလုပ်ကွက်များတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၅၀ ဝန်းကျင်သာရှိကြောင်း၊ အဆိုပါ ခဲသတ္တုလုပ်ကွက်များမှာ သစ်တောကြီးများနှင့် နီးကပ်နေသည့်အတွက် ခြင်ပေါများသော်လည်း အလုပ်သမားအများစုက ခြင်ထောင်ဖြင့် အိပ်လေ့မရှိကြောင်း ၎င်းကပြောသည်။ ထိုသို့ ငှက်ဖျားရောဂါအဖြစ်များလာချိန်တွင် ကျန်းမာရေးစောင့်ရှောက်သူနှင့် ဆေးဝါး မလုံလောက်သဖြင့် အခက်အခဲဖြစ်နေရကြောင်း အဆိုပါဒေသဝန်းကျင်တွင် ကူညီဆောင်ရွက်ပေးနေသည့် CDM […]

ဘုတ်ပြင်းက ခဲချောင်းရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးတစ်ဦးနှင့် ဖခင်ဖြစ်သူဒဏ်ရာရ

Dawei Watch

March 11, 2025

ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအုပ်စုရှိ ခဲချောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်သဖြင့် ကလေးတစ်ဦးနှင့် ၎င်း၏ဖခင်ဖြစ်သူတို့ ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၁၀ ရက် ညနေ ၃နာရီ ၄၇မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဗုံးတစ်လုံး သည် ခဲချောင်ကျေးရွာရှိ ကျန်းမာရေး ဆေးပေးခန်း အနောက်ဘက်တွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဗုံးကျရောက်ပေါက်ကွဲသည့် အနီးအနားရှိ နေအိမ်တွင် ရှိနေသည့် အသက် ၇ နှစ် ဝန်းကျင်အရွယ် မိန်းကလေးငယ်၏ ပေါင်နှစ်ဖက်တွင် ကျည်စထိမှန်ဒဏ်ရာရသွားသလို ၎င်း၏ ဖခင်တွင်လည်း ဒဏ်ရာရသွားကြောင်း အဆိုပါအမျိုးသမီးက ဆိုသည်။ “ဘယ်သူမှ မထင်မှတ်တဲ့အချိန်မှာ လာပစ်တာဆိုတော့ အားလုံးကြောက်လန့်ပြီး ပြေးပုန်းကြတာပေါ့။ ဗုံးနှစ်လုံးချပြီးတဲ့အပြင် သေနတ်သံတွေကလည်း ဆက်တိုက်ထွက်လာ‌သေးတယ်” ဟု […]

အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူများ ထပ်မံထွက်ပြေး၊ နှစ်ဦးက မြိတ်ပကဖထံခိုလှုံ

Dawei Watch

March 10, 2025

စစ်ကောင်စီတပ်၏ စစ်မှုထမ်း အဓမ္မစုဆောင်းခံရပြီးနောက် ရှေးတန်းပို့ခံရသူ ၁၆ ဦး ထွက်ပြေးလာရာတွင် ၂ ဦးမှာ မြိတ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံ ခိုလှုံလာကြောင်း သိရသည်။ အဆိုပါ လွတ်မြောက်လာသူ ၂ ဦးမှာ ထိုင်းနိုင်ငံ ရနောင်းမြို့အချုပ်ထောင်မှ ကော့သောင်းသို့ ပြန်ပို့ခံရပြီးနောက် စစ်မှုထမ်းစုဆောင်းခံရသူနှစ်ဦး ဖြစ်သည်။ အသက် ၃၀ ဝန်းကျင်ရှိကြသည့် ကိုသက်နိုင်ထွေးနှင့် ကိုနိုင်ဝင်းထွန်းတို့နှစ်ဦးသည် ရနောင်းအချုပ်ထောင်မှ ပြီးခဲ့သည့်ဇန်နဝါရီလ ၂၁ နေ့တွင် ကော့သောင်းမြို့ကို လွှဲပြောင်းခံရခြင်းဖြစ်သည်။ ထိုနောက် ကော့သောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၄၃၁ တပ်ရင်းတွင် တစ်ပတ်ခန့်နေခဲ့ရပြီး အဆိုပါတပ်ရင်းမှတစ်ဆင့် စက်လှေဖြင့် မြိတ်မြို့သို့ပို့ဆောင်ခံရကြောင်း မြိတ် ပကဖ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။ ယင်းနောက် မြိတ်မြို့ ရွှေဒူးကျေးရွာရှိ တိုက်/စည်း(တိုက်ခိုက်ရေးနှင့် စည်းရုံးရေး) ရွှေဒူးတပ်တွင် ထားရှိချိန် […]

တနင်္သာရီတိုင်းတွင် မှတ်ပုံမတင်ထားသည့် ဖုန်းဆင်းကတ်သုံးစွဲမှု စစ်ဆေးဖမ်းဆီးရန် စစ်ကောင်စီ စီစဉ်

Dawei Watch

March 9, 2025

မှတ်ပုံတင်ထားခြင်းမရှိသည့် ဖုန်းဆင်းကတ်များကို စစ်ဆေးဖမ်းဆီးရန်အတွက် တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယင်းအဖွဲ့တွင် တနင်္သာရီတိုင်း အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည် ဖြစ်သည်။ တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စစ်ကောင်စီခန့် တနင်္သာရီတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်ဦးဆောင်ပြီး တိုင်းအစိုးရအဖွဲ့ရုံးတွင် မတ်လ ၄ ရက်က ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက မတ်လ ၈ရက်တွင်သတင်းထုတ်ပြန်ထားသည်။ ထိုအစည်းအဝေးသို့ အော်ရီဒူး၊ MPT၊ အက်တမ် စသည့် ဖုန်းအော်ပရေတာတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။ လက်ရှိတွင် တိုင်းအဆင့် တရားမဝင်ဆင်းကတ် စစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းထားပြီး ခရိုင်၊ မြို့နယ်အလိုက် စစ်ဆေးရေးအဖွဲ့များကို ထပ်မံဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုအစည်းအဝေးတွင် စစ်ကောင်စီခန့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောသည်။ မှတ်ပုံမတင်ထားသည့် ဆင်းကတ်ဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ E-Commerce ထိခိုက်သည့်လုပ်ရပ်များ […]