KNLA ဂိတ်တွင် မိသားစုဝင် ၃ ဦး ပစ်ခတ်ခံရမှု တပ်စုမှူးနှင့် ၇ ဦးကို အရေးယူမည်ဟုဆို
Dawei Watch
March 15, 2025ပလောက်မြို့ပေါ်ကို အရေးပေါ်ဆေးရုံသွားပြသည့် မိသားစုဝင်သုံးဦး ပစ်ခတ်ခံရပြီး ရက်သားကလေးနှင့် ဖခင်သေဆုံးမှုတွင် တာဝန်ရှိသည့် တပ်စုမှူး မုတ်ဆိတ်(ဖိုးခွား)အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦးကို အရေးယူမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၁၂ တပ်ရင်းမှူးက ပြောသည်။ သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာမှ ပလောက်မြို့ပေါ်ဆေးရုံကို အရေးပေါ်ပြသရန် ဖေဖော်ဝါရီလ ၂၃ ရက်ည ၇ နာရီကျော်တွင် ဆိုင်ကယ်ဖြင့်လာသည့် (ကရင်တိုင်းရင်းသား) ရက်သားကလေးနှင့် မိဘတို့နှစ်ဦးကို ဆင်ထိုးကြီးရွာ KNLA စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “သူတို့က ပိတောက်ကြီးကနေ ပလောက်ကို အရေးပေါ်ဆေးရုံတက်ပြတယ်၊ ဂိတ်ရောက်တော့ ရပ်မပေးပဲ တခါတည်းမောင်းသွားတော့ ရပ်ရပ်ဆိုပြောတဲ့အချိန်မှာ ဆိုင်ကယ်က အရှိန်နည်းနည်းလွန်သွားတယ်ထင်တယ်။ အဲ့မှာဆိုင်ကယ်ဒေါက်ထောက်တာနဲ့ သူ့လင်ကို ထိုးပစ်တာ ပထမခြေထောက်မှာထိတယ်၊ နောက်တော့ ရင်ဘတ်ကိုပစ်တယ် အဲ့မှာသူ့လင်သေသွားတယ်၊ ကလေးက […]


