တနင်္သာရီဒေသခံ ပရဟိတအသင်းဥက္ကဋ္ဌတစ်ဦး ထိုင်းတွင် ဆိုင်ကယ်မတော်တဆဖြစ်၍ သေဆုံး
Dawei Watch
January 11, 2025ထိုင်းနိုင်ငံအခြေစိုက် သစ္စာအားမာန် ပရဟိတအသင်း ဥက္ကဋ္ဌဖြစ်သူ အသက် ၄၃ နှစ်အရွယ် ကိုချစ်ဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့ ညကတည်းက အဆက်အသွယ်ပြတ် ပျောက်ဆုံးနေပြီး ဇန်နဝါရီလ ၉ ရက်တွင် ဖက်ဘူရီခရိုင်၌ အလောင်းပြန်တွေ့ခဲ့ရသည်ဟု သစ္စာအားမာန် အသင်းထံမှသိရသည်။ ကိုချစ်ဦးသည် ပကျွတ်ခရိုင်၊ ကွေဘူလီမြို့တွင်ပြုလုပ်သည့် သစ္စာအားမာန်အသင်း ဆယ်နှစ်ပြည့် တရားပွဲ ကျင်းပပြီးနောက် ဇန်နဝါရီလ ၁ ရက်တွင် ၎င်းနေထိုင်ရာ မဟာချိုင်သို့ပြန်ရာတွင် ဖက်ဘူရီခရိုင်၊ ချအန်မြို့အဝင်၌ ဆိုင်ကယ်မတော်တဆ ဖြစ်ခဲ့ခြင်းဖြစ်သည်။ “လုပ်လက်စ လမ်းဘေးက အုတ်ခုံကို ဆိုင်ကယ်နဲ့ ဝင်တိုက်တာပါ။ ကျွန်တော်တို့ဆီကနေ ထွက်သွားတာ (ဇန်နဝါရီလ) ၁ ရက်နေ့ ည ၁၁ နာရီ ကျော်ကျော် လောက်ကပါ။ ဖြစ်သွားတာက ဆေးစစ်ချက်အရ ည […]