ထားဝယ်ဇာတိ စစ်ကောင်စီတပ်သားတစ်ဦး မြိတ်ခရိုင်တပ်ရင်း၂ ထံ လက်နက်နှင့် အတူခိုလှုံ
Dawei Watch
April 24, 2025ကျွန်းစုမြို့နယ်၊ ဝါရစ်ရွာတွင် တပ်စွဲထားသည့် ထားဝယ်ဇာတိ စစ်ကောင်စီဘက်က တပ်သားတစ်ဦး လက်နက်နှင့်အတူ မြိတ်ခရိုင်တပ်ရင်း(၂)ထံ ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ဧပြီလ ၂၁ ရက်နေ့တွင် ဝါရစ်ရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အဆိုပါတပ်သားမှာ MA 1 သေနတ်တစ်လက်၊ ကျည်ဆန် ၁၅၀ တောင့်၊ ကျည်ဘောက် ၄ ဘောက်နှင့်အတူ မြိတ်ခရိုင်တပ်ရင်း၂ထံ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ ၏ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ”သူက အာဏာမသိမ်းခင်တုန်းက စစ်သားလုပ်ဖို့ ဝင်လျှောက်ခဲ့ဖူးတယ်။ အခုစစ်သားသစ်တွေ စုဆောင်းမှ တာဝန်ထမ်းဖို့လာခေါ်သွားတယ်။ အခုက တာဝန်ဝင်ထမ်းနေတာ တစ်နှစ်ဝန်းကျင်ရှိပြီ” ဟု အထက်ပါတပ်ဖွဲ့ဝင်က ဆိုသည်။ ဝါရစ်ရွာတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလဝန်းကျင်က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားကြောင်း တော်လှန်ရေးတပ်ဖွဲ့များ နှင့်နီးစပ်သည့် […]


