မြိတ်ထောင်မှ ၂၉ ဦး ပြန်လွတ်လာဟု ကနဦးသိရ၊ ထပ်လွှတ်ရန်ရှိဟုဆို
Dawei Watch
March 2, 2026စစ်ကော်မရှင်၏ လွတ်ငြိမ်းဖြင့် မြိတ်အကျဉ်းထောင်တွင် ကျခံနေရသော အမျိုးသား၊ အမျိုးသမီး ၂၉ ဦး ပြန်လွတ်လာကြောင်း ထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများထဲမှ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၆ ဦး မတ်လ ၂ ရက်နေ့(တပေါင်းလပြည့်နေ့) နံနက်တွင် ပြန်လွတ်လာကြောင်း ထောင်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ “အများစုက အကြမ်းဖက်ပုဒ်မနဲ့ ထောင်ချခံရသူတွေလို့တော့ သိထားရတယ်။ ညနေဘက်နောက်တစ်သုတ် ထပ်လွှတ်မယ်လို့လည်း ကြားရတယ်”ဟု ၎င်းက ပြောသည်။ ပြန်လွတ်လာသူများအနက် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခံရသူများလည်းပါဝင်သည်ဟု ၎င်း၏အဆိုအရ သိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယနေ့ တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ပြစ်ဒဏ်ကျခံနေရသူ တစ်သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပြုကာ တရားစွဲဆိုခံထားရသူ တစ်သောင်းနှစ်ထောင်ကျော်ကိုလည်း […]


