ကျွန်းစု ကျောက်တန်းငယ်ရွာတွင် စစ်အာဏာရှင်တပ် နေအိမ်များကို ဆက်တိုက်မီးရှို့
Dawei Watch
January 11, 2026ကျွန်းစုမြို့နယ်၊ ကျောက်တန်းငယ်ကျေးရွာတွင် စစ်အာဏာရှင်တပ်က ဒေသခံနေအိမ်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁ဝ ရက်နေ့က ကျောက်တန်းငယ်ရွာအနီးဝန်းကျင်ရှိ ‘ကြက်တန်းငယ်’ ဆိုသည့်နေရာကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးနေသည်ကို အဝေးက လှမ်းမြင်ရကြောင်း ကျွန်းစုမြို့နယ် ပကဖ ဒုတိယတာဝန်ခံက ဆိုသည်။ “နယ်မြေမရှင်းရသေးတော့ အသေးစိတ်မသိရသေးဘူး။ အဝေးက လှမ်းမြင်ရတယ်”ဟု ၎င်းက ပြောသည်။ အဆိုပါကျေးရွာအနီးတွင် စစ်သင်္ဘောနှင့် စစ်အာဏာရှင်တပ်သားများ အသုံးပြုနေသည့် ငါးဖမ်းလှေကဲ့သို့ လှေ(ဒေသအခေါ် သားပေါက်လှေ)များရှိနေသည့်အတွက် အသေးစိတ်မသိရကြောင်း အထက်ပါ ဒုတာဝန်ခံက ဆိုသည်။ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း စစ်အာဏာရှင်တပ်သားများနှင့် ပျူစောထီးများပေါင်းကာ ကျောက်တန်းငယ်ရွာရှိ နေအိမ် ၁၀ ဆောင်ခန့်ကို မီးရှို့ ဖျက်ဆီခဲ့သေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ကျောက်တန်းငယ်ရွာသည် ဘန္ဒဲကျေးရွာအုပ်စုအတွင်း ပါဝင်ပြီး တိုက်ပွဲများနှင့် […]


