ပုလောရှပ်ပုံရွာတွင် နေအိမ်လေးလုံး မီးရှို့ခံရ၊ ရွာသားအချို့ကိုလည်းဖမ်းဆီးထား
diz_admin
January 19, 2023မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ရှပ်ပုံရွာတွင် လေးရက်အတွင်း နေအိမ်လေးလုံး မီးလောင်ပျက်စီးပြီး ရွာသားအချို့လည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှသိရသည်။ ရှပ်ပုံရွာတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး ရွာအပြင်မှ နေအိမ်တစ်လုံးမီးရှို့ခံရကာ ယနေ့တွင်လည်း ရွာအတွင်း နေအိမ်သုံးလုံး ထပ်မံမီးရှို့ခံရသည်ဟု ဒေသခံများကပြောသည်။ “PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ရှို့တယ်လို့သိရတယ်။ လူတွေ ရှောင်နေချိန်ရှို့သွားတာပါ” ဟု ဒေသခံအမျိုးသားက Dawei Watch သို့ပြောသည်။ ယင်းအပြင် ရွာသားတစ်ချို့ကိုလည်း စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးနေကြောင်းနှင့် ဖမ်းဆီးခံရသည့် အရေအတွက် မသိရသေးကြောင်း ၎င်းတို့ကဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့က ရွာသားတစ်ချို့ လှေငယ်များဖြင့် ထွက်ပြေးခဲ့ကြပြီး နောက်ရက်များတွင်တော့ ရေတပ်သင်္ဘောနှစ်စီးက ပုလောချောင်းဝတွင် ပိတ်ဆို့ထားပြီး ထွက်သွားခွင့်မပြုတော့ဟု ဒေသခံများကပြောသည်။ “ထွက်တဲ့လှေတွေ အကုန်လုံးပြန်လိုက်သွင်းတယ်။ ဘာလှေမှ ပေးမထွက်ဘူး။ […]


