ပလောက်တွင် ပျူစောထီးနှစ်ဦးကိုပစ်သတ်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ရရှိကြောင်း ပုလောစစ်ကြောင်းထုတ်ပြန်
Dawei Watch
June 27, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့တွင် ပျူစောထီးနှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်း ရမိကြောင်း ပုလောစစ်ကြောင်း (၁) က ယနေ့ထုတ်ပြန်သည်။ ပလောက်မြို့၊ သရက်တပင်ရွာနှင့် ညောင်ရှင်ကုန်းရွာနေ ပျူစောထီးနှစ်ဦးကို ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် သွားရောက်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ သရက်တပင်ရွာက အသက် ၅၁နှစ်အရွယ် ပျူစောထီး ဒုခေါင်းဆောင် ဦးမျိုးတင့်နှင့် ညောင်ရှင်ကုန်းရွာနေ အသက် ၆၅ နှစ်ရှိ ပျူစောထီး ဦးစိန်သန်းတို့ဖြစ်ကြောင်း ဖော်ပြသည်။ ၎င်းတို့နှစ်ဦးထံမှ AK ၂လက်၊ ကျည်ဘောက် ၄ခု၊ ကျည် ၁၃၃ တောင့်၊ လက်ပစ်ဗုံး ၁လုံး သိမ်းဆည်းရမိကြောင်း ဆိုသည်။ ၎င်းတို့နှစ်ဦးသည် စစ်ကောင်စီ၏ အမာခံဒေါက်တိုင်များဖြစ်ပြီး ပြည်သူများကို ဖိနှိပ်ခြိမ်းခြောက်နေသလို အများပြည်သူတို့၏ အလုပ်အကိုင်အခွင့်အရေးများကို […]


