ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်ဖျက်ဆီး၍ဟုဆိုကာ ကျွန်းစု၊ ကတ္တလူရွာသားကို အမှုဖွင့်
Dawei Watch
December 4, 2025ကျွန်းစုမြို့နယ် ၊ ကတ္တလူရွာတွင် စစ်ကော်မရှင် ရွေးကောက်ပွဲ၌ ဝင်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရသည်ဟုဆိုကာ သံယသရှိသည့် ဒေသခံတစ်ဦးကို ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း စစ်အုပ်စုက ထိန်းချုပ်ထားသည့် သတင်းစာ၌ ဒီဇင်ဘာလ ၃ ရက်တွင် ဖော်ပြသည် ။ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကတ္တလူကျေးရွာ လမ်းလေးဆုံ၌ စိုက်ထူထားသည့် ကြံ့ခိုင်ရေးပါတီ ၏ မဲဆွယ်စည်းရုံးရေးဗီနိုင်းဆိုင်းဘုတ် ဖျက်ဆီးခံရပြီး ဖျက်ဆီးသွားသူအား ကျွန်းစုမြို့မရဲစခန်းတွင် ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရန်လိုက်လံရှာဖွေနေကြောင်း စစ်အုပ်စု၏ ထုတ်ပြန်ချက်၌ ရေးသားထားသည် ။ ပုလောမြို့နယ် ၊ ဘုတ်ခြံရွာတွင်လည်း နိုဝင်ဘာလအတွင်းက ကြံ့ခိုင်ရေးပါတီမဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရသည်ဟုဆိုကာ သံသယရှိသည့် ဒေသခံတစ်ဦး ကို အမှုဖွင့်ကာ ဖမ်းဆီးရန်လိုက်ရှာနေကြောင်း စစ်အုပ်စုကဆိုသည် […]


