ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ် သကန်တောင်ပုရွာစစ်အာဏာရှင်တပ်ဂိတ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်

Dawei Watch

December 13, 2025

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်တောင်ပုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်‌ရေး တပ်များက နှစ်ရက်ဆက်ဝင်‌ရောက်တိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၁ရက်နှင့် ၁၂ရက် ညတို့တွင် သကန်တောင်ပုရွာ ကြက်ယက်ကန်းတောင်တွင် တပ်စွဲထားပြီး စစ်ဆေးရေး ဂိတ်ဖွင့်ထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဒီဇင်ဘာလ ၁၁ရက် ည ၁၂နာရီတွင် တစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ရာ အပြန်လှန်ပစ်ခတ်မှု မိနစ် ၂၀ခန့်ဖြစ်ပွားပြီး ဒီဇင်ဘာလ ၁၂ရက် ည ၈နာရီခန့်တွင် ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “တပ်စွဲထားတာ ၂နှစ်ကျော်ပြီ။ စစ်ဆေးရေးဂိတ်လည်း ချထားတယ်။ ဝင်‌ရောက်ပစ်ခတ်တာ စစ်သားတွေဘက်က ထိခိုက်မှုရှိတယ်။ အရေအတွက်တော့ အတိအကျတော့ မသိရသေးဘူး” ဟု ၎င်းက […]

တနင်္သာရီတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲဖြစ်

Dawei Watch

December 13, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၂ရက် နံနက် ၁၀နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်သည် ဘန်းလမွတ်ရွာမှ တောလမ်းအတိုင်း စစ်ကြောင်း ထိုးလာသဖြင့် ‌‌ညောင်ပင်ကုန်းရွာအနီးတောထဲတွင် တော်လှန်ရေးတပ်များနှင့် မိနစ်၃၀ခန့် တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ နေ့လယ် ၁၂နာရီဝန်းကျင်တွင် ရမ်းဖိုရွာတွင်လည်း တောလမ်းအတိုင်း စစ်အာဏာရှင်တပ်သားများ စစ်ကြောင်း ထိုးလာသဖြင့် တော်လှန်‌ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့‌ကြောင်း ၎င်းက ဆိုသည်။ “မိန်းလမ်းမမှာတပ်စွဲထားတဲ့ တပ်သားတွေနဲ့ လမ်းကင်းတွေ စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်တယ်။ သူတို့ (စစ်အာဏာရှင်တပ်) ဘက်က အနာ (ထိခိုက်တာ) တွေရှိတယ်။ တော်လှန်ရေးတပ်က ထိခိုက်မှုမရှိဘူး” ဟု အထက်ပါ နီးစပ်သူက ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် […]

တနင်္သာရီတွင် စစ်အာဏာရှင်တပ်ရိက္ခာယာဉ်တန်းကို တော်လှန်ရေးတပ် မိုင်းဆွဲတိုက်ခိုက်

Dawei Watch

December 11, 2025

မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ်သို့ လာသည့် စစ်အာဏာရှင်တပ် ရိက္ခာတင်ယာဥ်တန်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ မြိတ်မှ လာသည့် စစ်အာဏာရှင်တပ် ယာဉ်ခုနစ်စီးပါ ယာဉ်တန်းကို ရမ်းဖိုရွာအနီး ပြည်ထောင်စုလမ်း၌ ယနေ့ ဒီဇင်ဘာလ ၁၁ရက် နံနက် ၁၀နာရီကျော်တွင် တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ပြီး လမ်းကင်းယူထားသည့် စစ်အာဏာရှင် တပ်သားများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ပြောသည်။ “မိုင်းဆွဲလိုက်တာ ကားနှစ်စီး‌တော့ ထိသွားတယ်။ (လူ) ထိခိုက်မှု မသိရသေးဘူး။ လမ်းကင်းတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်တယ်လို့ သိရတယ်” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။ မိုင်းဆွဲခံရပြီးနောက် ယာဉ်တန်းမှာ တနင်္သာရီမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း ၎င်းက ပြောဆိုသည်။ ယင်းနောက် စစ်အာဏာရှင်တပ်ယာဥ်တန်းသည် […]

ဒေသခံများ ကွမ်းသီးကောက်နေချိန် စစ်အာဏာရှင်တပ်က ဥယျာဥ်ခြံထဲ ဒရုန်းဖြင့်ဗုံးချ

Dawei Watch

December 10, 2025

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် ၅၅၆ စစ်အာဏာရှင်ခြေမြန်တပ်ရင်းက ဘန်းလမွတ်ရွာအနီး ရမ်းဖိုရွာ ဥယျာဥ်ခြံကို ဒရုန်းဖြင့် ဗုံးသီးကြဲချခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လယ် ၂ နာရီတွင် စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးတစ်လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ဦးမောင်ယုတဲအနီးတွင်ကျကာ တဲဝန်းကျင်တွင် မီးလောင်သွားခြင်းဖြစ်သည်။ ရမ်းဖိုရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာ တစ်လနီးပါးခန့်ကြာပြီဖြစ်ကြောင်း ၄င်းက ဆိုသည်။ “လူတွေက ထိခိုက်မှုမရှိဘူး။ တဲနံဘေးက အပင်တွေတော့ မီး‌လောင်သွားတယ်။ တဲလည်း ထိခိုက်မှုမရှိဘူး။ ခြံထဲမှာ လူတွေက ကွမ်းသီးကောက်တဲ့ ရာသီဖြစ်နေတော့ လူတွေက များနေကြတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရမ်းဖိုရွာရှိ ဥယျာဥ်ခြံများတွင် စစ်အာဏာရှင်တပ်၏ ကင်းထောက်ဒရုန်းများဆက်တိုက် […]

တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ကျေးရွာ ၁၀ရွာဝန်းကျင် စားနပ်ရိက္ခာပြတ်

Dawei Watch

December 10, 2025

တနင်္သာရီမြို့နယ်မှ မောတောင်မြို့ သွားရာ ပြည်ထောင်စုလမ်းပိုင်းတွင် တော်လှန်ရေးတပ်နှင့် စစ်အာဏာရှင်တပ်သားများ တိုက်ပွဲပြင်းထန်နေပြီး ကုန်ကားများ ဖြတ်သန်းသွားလာ၍ မရသဖြင့် ကျေးရွာ ၁၀ရွာဝန်းကျင်တွင် စားနပ်ရိက္ခာများ ပြတ်လပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ တော်လှန်ရေးတပ်များ မောတောင်မြို့ကို သိမ်းပိုက်ပြီးနောက် စစ်အာဏာရှင်တပ်က ပြန်လည်သိမ်းပိုက်ရန် အဆိုပါလမ်းပိုင်းရှိ သဲဖြူရွာဝန်းကျင်ကို အင်အားဖြည့်တင်း၍ စစ်ကြောင်းထိုးလာသဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်နေသည်။ တိုက်ပွဲကြောင့် ကုန်ကားများဖြတ်၍ မရသဖြင့် ကျေးရွာ ၁၀ရွာဝန်းကျင်တွင် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ကနဦးတွင် ဒေသအတွင်းရှိ ကုန်စုံဆိုင်များနှင့် ဆန်စက်များရှိ ဆန်များကို ဝယ်ယူ၍ စားသောက်၍ရသော်လည်း လက်ရှိတွင် တစ်လနီးပါးကြာမြင့်လာပြီဖြစ်သောကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်မည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ဆိုသည်။ […]

မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကို ညဘက်ဖြတ်သန်းသွားလာခွင့်ပိတ်

Dawei Watch

December 9, 2025

မြိတ်မြို့နယ်မှ ကော့သောင်းမြို့နယ်သို့သွားသည့် ပြည်ထောင်စုလမ်းမကြီးပိုင်းကို ညဘက်ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ အဆိုပါလမ်းပိုင်းတွင် စစ်အာဏာရှင်တပ် ထိုးစစ်ဆင်နေ၍ စစ်ရေးအရှိန်မြင့်လာနိုင်သဖြင့် ဒီဇင်ဘာလ ၈ရက်နေ့ ည ၆နာရီမှစ၍ ညဘက်ခရီးသွားလာခွင့်ကို ပိတ်လိုက်ခြင်းဖြစ်ကြောင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ည ၆နာရီမှ နံနက် ၆နာရီအတွင်း အရေးပေါ် နာရေးကိစ္စများကြောင့် သွားလာပါက သက်ဆိုင်ရာ တော်လှန်‌ရေး အဖွဲ့စည်းများထံ ဆက်သွယ်အကြောင်းကြားပြီး ခွင့်ပြုချက်ရမှသာ သွားလာကြရန်၊ သွားလာပါကလည်း ကားများမှန်ချပြီးမှသာ သွားလာခွင့်ပြုကြောင်း ဆိုသည်။ အရေးပေါ်ကားကို စစ်အာဏာရှင်တပ်သားများသည် တော်လှန်ရေးအစကတည်းက အသုံးပြုပြီး သွားလာနေသဖြင့် တော်လှန်ရေးတပ်များထံသို့ အကြောင်းကြားပြီးမှ သွားရန် လိုအပ်ကြောင်းလည်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ တာဝန်ခံက ပြောသည်။ နေ့ဘက်ဖြတ်သန်းသွားလာပါက ခရီသွားပြည်သူများသည် စစ်အာဏာရှင်ယာဥ်တန်းများနှင့် အနီးကပ်သွားလာခြင်းမပြုရန် တော်လှန်‌ရေးတပ်များ ရှောင်တခင်ဝင်စစ်ပါက စစ်ဆေးခံရန် […]

တိုက်ပွဲပြင်းထန်နေသည့် မောတောင်လမ်းရှိ သဲဖြူရွာကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့် ငါးရက်ဆက်ဗုံးကြဲ

Dawei Watch

December 8, 2025

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့သို့ သွားသည့်လမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်အာဏာရှင်တပ်က အဆိုပါလမ်းပိုင်းရှိ သဲဖြူရွာကို ငါးရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ဒီဇင်ဘာလ ၂ရက်မှ ၆ရက်အထိ သဲဖြူရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဒီဇင်ဘာလ ၅ရက်တွင် Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ကျန်ရက်များတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “သဲဖြူရွာကို ကြဲတယ်ပဲ သိရတယ်။ ထိခိုက်မှု မသိရဘူး။ တိုက်ပွဲတအားကြမ်းနေလို့ လေကြောင်းလာတယ်လို့ ထင်တယ်” ဟု ၎င်းက ပြောဆိုသည်။ မောတောင်လမ်းတွင် တိုက်ပွဲဖြစ်ပွားသည့် နေရာများကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့်လည်း နေ့တိုင်း ဗုံးကြဲနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လေကြောင်းလို့ပြောရင် လေယာဥ်ပဲ မဟုတ်ဘူး။ […]

မြိတ်ကမ်းနားတွင် အဆုံးစီရင်ရန် ကြိုးစားသည့် အမျိုးသမီးကို ကယ်တင်နိုင်ခဲ့

Dawei Watch

December 4, 2025

မြိတ်မြို့၊ ကမ်းနားလမ်း ၊ သဲကွင်းအနီးရှိ ပင်လယ်ရေထဲတွင် ကိုယ့်ကိုယ်ကို အဆုံးစီရန် ကြိုးစားခဲ့သည့် အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ပြန်ကယ်တင်နိုင်ခဲ့ကြောင်း မြို့ခံများနှင့် ကူညီဆောင်ရွက်ပေးခဲ့သည့် အဖွဲ့အစည်းများထံမှသိရသည်။ ယနေ့ ဒီဇင်ဘာလ ၄ ရက် ညနေပိုင်း ၎င်းအမျိုးသမီးမှာ ရေထဲခုန်ချ၍သတ်သေရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းဝင်များက လှေဖြင့် သွားရောက်ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြိတ်အခြေစိုက် ရှင်သန်ခြင်း ပရဟိတ အသင်း၏ ကားဖြင့် မြိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့များထံမှသိရသည်။ ရှင်သန်ခြင်းပရဟိတ အဖွဲ့၏ တာဝန်ရှိသူ အား ဆက်သွယ်မေးမြန်းရာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း ကနဦးသိရပြီး အသေးစိတ်မသိရသေးကြောင်းဖြေကြားသည်။ အဆိုပါအမျိုးသမီးသည် ရေထဲမဆင်းမီ ကမ်းနားသဲကွင်း ကန်ဘောင်ပေါ်တွင် ဖိနပ်တစ်ရံနှင့် ပိုက်ဆံအိတ်ကို ချန်ထားရစ်ခဲ့ကြောင်း ဖြစ်စဥ်အား မှတ်တမ်းတင်ထားသည့်ဓာတ်ပုံများ၌တွေ့ရသည်။ ယင်းဖြစ်စဥ်အား ရပ်ကွက်နေသူများ၊ […]