ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တနင်္သာရီမြို့နယ် ထိန်းချုပ်နယ်မြေတွင် လူငယ်များကို အခြေခံအင်္ဂလိပ်စာသင်တန်းပေး

Dawei Watch

March 31, 2024

တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့်ဒေသတွင် လူငယ်ရှစ်ဆယ်နီးပါးကို အခြေခံအင်္ဂလိပ်စာ သင်တန်း ပေးခဲ့ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ပြုလုပ်သည့် နွေရာသီ Basic English Grammar Course သင်တန်းကို နှစ်လ အကြာ သင်ကြားပေးပြီးနောက် မတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ပညာရေး ဘုတ်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တော်လှန်ရေးကာလအလွန်မှာ ကျွန်တော်တို့ကလေးတွေကို နောက်ကျကျန်ခဲ့တာမျိုး မဖြစ်စေချင်လို့ပါ” ဟု အဆိုပါ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်က ပြောသည်။ ထိုသင်တန်းဆင်းပွဲကို တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဆရာကြီး၊ ဆရာမကြီးများ၊ ပညာရေးမိသားစုဝင်များ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။

တနင်္သာရီက စစ်ကောင်စီတပ်သားတစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ထံခိုလှုံ

Dawei Watch

March 29, 2024

တနင်္သာရီမြို့နယ် သိန္ဒောကျေးရွာ စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က မတ်လ ၂၈ ရက် (ယမန်နေ့)က ထုတ်ပြန်သည်။ အဆိုပါ စစ်ကောင်စီတပ်သားသည် မတ်လ ၂၅ ရက်နေ့တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ထံ ဆက်သွယ်လာပြီး ယင်းနေ့တွင်ပင် ဘက်ပြောင်းခိုလှုံလာကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ လက်ရှိတွင် ဘက်ပြောင်းလာသူ၏ လုံခြုံရေးအခြေအနေကြောင့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ရန်မရှိသေးကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။ “ကျွန်တော်တို့ဘက်ကတော့ အရင်ကလုပ်ဆောင်ခဲ့တဲ့အတိုင်း ဆုချီးမြှင့်တာ၊ သူသွားချင်တဲ့နေရာကို ပို့ဆောင်တွေကို လုပ်ပေးသွားဖို့ရှိပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ဘက်ပြောင်းခိုလှုံလာသည့် တပ်သားနှင့်အတူ MA1 […]

တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျွန်းစုတွင် တစ်ရက်အတွင်း တိုက်ပွဲလေးကြိမ်ဖော်ဆောင်

Dawei Watch

March 29, 2024

တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျွန်းစုမြို့နယ်တွင် တစ်ရက်အတွင်း တိုက်ပွဲလေးကြိမ်ဖော်ဆောင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ မြို့နယ်အတွင်းရှိ ပဲ့တိုင်ရွာ၊ ယမုံနာရွာနှင့် ယမုံမြစ်ဝရှိ စစ်ကောင်စီတပ်သားများကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၆ရက်ညတွင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်က ပျူစောထီးတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အဆိုပါ ဒဏ်ရာရခဲ့သူ ၃ ဦးလည်း လမ်းခရီးတွင်သေဆုံးသွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ “တစ်နာရီနီးပါး အပြန်အလှန်ပစ်ခတ်တာမျိုးရှိသလို ယမုံရွာတိုက်ပွဲဆို လေးဆယ့်ငါးမိနစ် ကြာသွားတယ်။ ကျွန်တော်တို့ဘက် ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ […]

မြိတ်တွင် အုန်းပင်လှဲရာမှ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး သေဆုံး

Dawei Watch

March 24, 2024

မြိတ်မြို့တွင် အုန်းပင်လှဲရာမှ အပင်ပိမိပြီး ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း မြိတ်မြို့ခံများထံမှသိရသည်။ မတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်တန်းရပ် အေးချမ်းဖြူစင်လမ်းတွင် အုန်းပင်လှဲရာမှ နေအိမ်ပေါ်သို့ အုန်းပင်ပိသွားပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသမီးသေဆုံးခဲ့ခြင်းဖြစ်သည်။ “အုန်းပင်က အိမ်နဲ့ကပ်လျက်ဆိုတော့ သေသူရဲ့ အဘိုးက သွားပြောသေးတယ်။ အုန်းပင်ခုတ်သူ က ဒီအလုပ်လုပ်စားနေတာ ဘာမှမဖြစ်ဘူးဆိုပြီး ခုတ်တာ ကြိုးဆွဲတဲ့ဘက်ကို အုန်းပင်က မလဲဘဲနဲ့ နေအိမ် အလယ်တည့်တည့်ကို လဲကျသွားတာ”ဟု မြိတ်မြို့ခံတစ်ဦး ကပြောသည်။ နေအိမ်ပေါ် အပင်လာပိသည့်အချိန်တွင် အိမ်ပေါ်၌ သေဆုံးသူမိန်းကလေးနှင့်အတူ မိခင်ဖြစ်သူတို့ရှိနေကြောင်း၊ အုန်းပင်ပိသဖြင့် နေအိမ်ပြိုကျပြီး မိန်းကလေးတွင် ဒဏ်ရာပြင်းထန်းစွာရသွားကြောင်း သိရသည်။ ဒဏ်ရာရနေသည့် မိန်းကလေးကို ပုလဲ သွေးနှင့် ကျန်းမာရေးပရဟိတအသင်း၏ အရေးပေါ်လူနာတင်ယာဉ်ဖြင့် မြိတ်ဆေးရုံကြီးသို့ […]

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောမြို့နယ်တွင် NUG က ပညာရေးစုံညီပွဲကျင်းပ

Dawei Watch

March 23, 2024

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ပညာရေးစုံညီပွဲကို မတ်လ ၂၁ ရက်နေ့က ပထမဆုံးအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။ ပုလောမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နေရာတစ်ခုတွင် NUG ပညာရေးဝန်ကြီးဌာန၏ Bright Future High School အနေဖြင့် ပထမဆုံးအကြိမ် ပညာရေးစုံပွဲတော်ကို ကျင်းပနိုင်ခဲ့ကြောင်း ပွဲတက်ရောက်ခဲ့သည့် ဆရာအချို့ထံမှ သိရသည်။ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိကျင်းပခဲ့သည့် အဆိုပါအခမ်းအနားကို ကျောင်း၏ ပညာရေးဘုတ်အဖွဲ့ဝင်များ အပါအဝင် ကျောင်းသားကျောင်းသူများ၊ မိဘများ၊ ဆရာ၊ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ Bright Future High School အထက်တန်းကျောင်းတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းသား၊ကျောင်းသူ ၁၀၀ကျော် ပညာသင်ယူနေသည်။ […]

တနင်္သာရီအခြေစိုက် စစ်တပ်ကပစ်သည့် လက်နက်ကြီးကျည်ကြောင့် ပြင်ဝန်းရွာသားနှစ်ဦးဒဏ်ရာရ

Dawei Watch

March 21, 2024

တနင်္သာရီမြို့နယ် ဇဝဲရွာအခြေစိုက် ခမရ(၅၅၆) တပ်ရင်းက ပစ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြင်ဝန်းရွာက ဒေသခံရွာသားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။ ယနေ့ (မတ် ၂၁) နံနက် ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဇဝဲရွာ၊ ပြင်ဝန်းရွာနှင့် ပြင်ဝန်းရွာအနီးဝန်းကျင်မှ စစ်ဘေးရှောင်များနေသည့် နေရာအနီးကို လက်နက်ကြီးငါးလုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးရွှေဝင်းနှင့် ဦးဝင်းအေးဆိုသည့် အသက် ၅၅ နှစ်အရွယ် စစ်ဘေးရှောင်နေသည့် အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ရွာထဲက နေအိမ်တွေပျက်စီးတာလည်းရှိတယ်၊ စစ်ဘေးရှောင်တွေနေတဲ့ တဲပေါ်ကိုကျလို့ အဲ့ဒီအမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တာ၊ တဲတွေလည်း ထိခိုက်ပျက်စီးတယ်၊ တိုက်ပွဲဖြစ်တာမရှိဘူး” […]

တနင်္သာရီရှိ ကျေးရွာ ၁၀ ရွာခန့်ကို စစ်ကောင်စီက ဆန်၊ ဆီ၊ ဆေးဝါး သယ်ယူခွင့် လုံးဝပိတ်ပင်

Dawei Watch

March 20, 2024

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီမြို့နယ်အတွင်းရှိ ဘန်းလမွတ်ကျေးရွာအုပ်စုနှင့် ဇဝဲကျေးရွာအုပ်စုအတွင်းသို့ ဆန်၊ ဆီ၊ ဆေးဝါးနှင့် စက်သုံးဆီသယ်ဆောင်ခွင့်ကို မတ်လ ၁၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က လုံးဝကန့်သတ်ပိတ်ပင်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်လက မြို့နယ်အတွင်းရှိ မရင်းကြီးရွာနှင့် တကူကျေးရွာအုပ်စုဘက်ကို ပိတ်ထားခဲ့ရာမှ လက်ရှိတွင် ဘန်းလမွတ်နှင့်ဇဝဲကျေးရွာအုပ်စုများကိုပါ ရိက္ခာဖြတ်တောက်လာခြင်း ဖြစ်သည်။ ဘန်းလမွတ်ကျေးရွာအုပ်စုနှင့် ကဇဝဲကျေးရွာအုပ်စုတွင် ကျေးရွာ ၁၀ ရွာနီးပါးရှိပြီး အိမ်ထောင်စု ၁၀၈၇ ခုအထိရှိသည်။ အဆိုပါကျေးရွာအုပ်စုနှစ်ခုကို ဆန်၊စားသုံးဆီ၊ စက်သုံးဆီ စသည့် စားနပ်ရိက္ခာတင်ထားသည့် ကုန်တင်ကားများ ဝင်ခွင့်မပြုတော့သည့်အပြင် အခြားယာဉ်နှင့်ဒေသခံများကိုလည်း ပုံမှန်ထက် ပိုမိုစစ်ဆေးဖမ်းဆီးနေကြောင်း ဒေသခံများက ဆိုသည်။ “လမ်းက တစ်လမ်းပဲရှိတယ်။ အခုလိုပိတ်ဆို့တော့ ကျေးရွာထဲ စျေးလည်းအရမ်းကြီးလာပြီး ဆန်ဝယ်ရင် အကန့်အသတ်နဲ့ဝယ်နေရတယ်။ ဆေးဝါးလည်းပိတ်တဲ့အထဲ ပါနေတော့ ကျန်းမာရေးအတွက်ပါ အခက်အခဲ […]

မြိတ်မြို့တွင် ခိုးမှု၊လုယက်မှုများ ဆက်တိုက်ဖြစ်

Dawei Watch

March 18, 2024

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးမှု၊လုယက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများ၏ မိသားစုဝင်များနှင့် ဒေသခံများထံမှသိရသည်။ ယနေ့(မတ် ၁၈) မနက် စောစောတွင် မြိတ်မြို့၊ရွှေပြည်တန်ရပ်ကွက် သစ္စာလမ်းရှိ နေအိမ်တစ်ဆောင်မှ ဖုန်း ၄ လုံး နှင့် ကျပ်ရှစ်သိန်းကျော် အပါအဝင် ကလေးစီးစက်ဘီး တစ်စီးပါ အခိုးခံလိုက်ရကြောင်း ကာယကံရှင်မိသားစုဝင်က ပြောသည်။ ” မနက် ‌၄ နာရီလောက်မှသိတာ တစ်အိမ်လုံးအိမ်မောကျနေတဲ့အချိန် ခိုးသွားတာ ငွေသားက သေတ္တာထဲမှာ ထည့်ထားတာ”ဟု ၎င်းမိသားစုဝင်ကပြောသည်။ သူခိုးခိုးခံလိုက်ရသည့်အိမ်တွင် မိသားစု ၆ ဦးရှိပြီး ၎င်းတို့အသုံးပြုသည့် လက်ကိုင်ဖုန်းများ အခိုးခံလိုက်ရခြင်းဖြစ်သည်။ အလားတူ ပြီး ခဲ့သည့် မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင်လည်း မြိတ်မြို့ ကြံတောလမ်းဆုံရှိ လမ်းသွယ်တစ်နေရာတွင် မြိတ်မြို့ခံလူငယ်အမျိုးသားတစ်ဦး ဓားထောက်လုယက်ခံလိုက်ရပြီး တန်ဖိုးကြီး […]