ပုလောမြို့နယ် ဆယ်အိမ်စုကျေးရွာပစ်ခတ်မှုတွင် တော်လှန်ရေးရဲဘော် နှစ်ဦး ကျဆုံး
Dawei Watch
January 25, 2024ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအုပ်စု၊ ဆယ်အိမ်စုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် KNDO နှင့် PDF တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ယနေ့(ဇန်နဝါရီ ၂၅)ရက်စွဲဖြင့် သတင်းထုတ်ပြန်လာသည်။ ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်း(ပုလော)မှ ဒရုန်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်က ဆယ်အိမ်စုရွာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမှတ်(၁)တပ်ရင်းမှ ရဲဘော် ဦးဦးနှင့် KNDO တပ်ခွဲ(၅)မှ ရဲဘော်ပွန်ညာ တို့ ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ “ဒရုန်းနဲ့ ဗုံးသီးချဖို့ ရှေ့ပြေးပွိုင့်လွှတ်ချိန် ပွိုင့်သွားတဲ့ရဲဘော် ၂ ဦးအပစ်ခံရတာ ခင်ဗျ၊ (စကစ)သူတို့လည်းအလာ ကိုယ်လည်းအလာမှာ သူတို့ဘက်က လက်ဦးသွားတာပါခင်ဗျ” ဟု ယင်းတပ်ရင်းက ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။ ရှေ့ပွိုင့်ရဲဘော်နှစ်ဦးနှင့်အတူ Shotgun […]


