ကျောက်လုံးကြီးစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လာပြီးတပ်စွဲ
Dawei Watch
June 30, 2024စွန့်ခွာသွားသည့် ကျောက်လုံးကြီးစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲနေကြောင်း KNU တပ်မဟာ (၄) နှင့် PDF ပူးပေါင်းတပ်တွေက ပြောသည်။ ဇွန်လ ၁၄ရက်က တနင်္သာရီမြစ်ဘေးရှိ အောင်သာဝရစခန်း သိမ်းယူခံရပြီးနောက် ဇွန် ၁၅ ရက်တွင် ကျောက်လုံးကြီးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ခွာသွားခဲ့သည်။ ယင်းနောက် ဇွန်လ ၁၉ ရက်တွင် ဘုတ်ခြံရွာအခြေစိုက် ခလရ (၁၇) က အင်အား နှစ်ရာခန့်သည် ကား၊ ခြေလျင် စစ်ကြောင်း တို့ဖြင့် ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးလာပြီး လမ်းတစ်လျှောက်လုံးတွင် တိုက်ခိုက်ခံခဲ့ရသည်။ ယင်းသို့ တိုက်ခိုက်ခံရသဖြင့် ဇွန် ၂၂ ရက်တွင် အလယ်ချောင်းရွာအခြေစိုက် အမြောက်တပ်ရင်း (၄၀၁) တွင် ခေတ္တဝင်နေပြီး အင်အားထပ်မံပူးပေါင်းကာ ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးလာကြောင်း […]


