BREAKING
May 17, 2025

မွန်

မော်လမြိုင်တွင် ဆိုင်ကယ်လုယူခံရ၊ ဆိုင်ကယ်တက္ကစီသမားနှင့် ခရီးသည်အမျိုးသမီး လည်ပင်းပြတ်ရှဒဏ်ရာရ

diz_admin

December 12, 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အုတ်ဖိုရပ်၊ မြို့ပတ်လမ်းတွင် ဆိုင်ကယ်တက္ကစီသမားနှင့် ခရီးသည်အမျိုးသမီးတစ်ဦး တို့ကို ဓားဖြင့်တိုက်ခိုက်ကာ ဆိုင်ကယ်ကို လုယူသွားကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည့် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်ခန့်က အုတ်ဖို မြို့ပတ်လမ်းပေါ်တွင် ဆိုင်ကယ် တက္ကစီသမားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လဲကျနေသည်ဟုဆိုသဖြင့် သွားရောက်ကယ်ဆယ်ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။ ဆိုင်ကယ်တက္ကစီသမားတွင် လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်နှင့် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိထားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ခရီးသည်အမျိုးသမီးတွင် လည်ပင်း ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် နားရွက်ပြတ်ရှဒဏ်ရာတစ်ချက်ရရှိကြောင်း ၎င်းက ဆိုသည်။ “လူပြတ်တဲ့နေရာမှာ လုပ်ကြံခံရတာ။ ဆိုင်ကယ်သမားနဲ့ ခရီးသည်အမျိုးသမီးကို ဓားနဲ့လှီးပြီးတော့ ဆိုင်ကယ် လုယူသွားတယ်။ […]

မွန်လူငယ်များနေ့ လွတ်လပ်စွာကျင်းပနိုင်ရန် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ပြုလုပ်မည်

diz_admin

December 8, 2022

မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သော ရေးချောင်းဖျားဒေသ၊ ထားဝယ်ခရိုင် ဝယ်ဇင်းကျေးရွာတွင် ကျင်းပသွားမည်ဟု မွန်လူငယ်များနေ့ အခမ်းအနားကို ဦးဆောင်ကျင်းပသည့် မွန်လူငယ်ဆုံရပ် (MYF) ထံမှ သိရသည်။ လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၁ ကြိမ်မြောက် မွန်လူငယ်များနေ့ကို အခမ်းအနားဖြင့် လွတ်လပ်စွာ ကျင်းပနိုင်ရေးအတွက် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေကို ရွေးချယ်ရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။ ယခင်က မွန်လူငယ်များနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလာခဲ့သော်လည်း ၉ ကြိမ်နှင့် ၁၀ ကြိမ်မြောက်တုန်းက ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် အကျဥ်းချုံးသာ ကျင်းပလာခဲ့ရသည်။ “အရင်ကလုပ်ခဲ့တဲ့ပုံစံနဲ့တော့ ကွာခြားမယ်၊ ကွင်းပြင်မှာပဲလုပ်မယ် ဒါပေမဲ့ နိုင်ငံရေးအခြေအနေ ကောင်းခဲ့တဲ့အချိန်ကလို အင်တိုက်အားတိုက်နဲ့တော့ မဟုတ်ဘူး” ဟု မွန်လူငယ်များနေ့အခမ်းအနားကို ဦးဆောင်ကျင်းပသည့် မွန်လူငယ်ဆုံရပ် (MYF) တာဝန်ရှိသူတစ်ဦးက […]

မွန် ဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်

diz_admin

December 7, 2022

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ စွဲဆိုခံထားရသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁ (စ) အတွက် ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ စစ်ကောင်စီက ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးခဲ့သည်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ)ဖြင့် အမှုနှစ်မှုဖွင့် တရားစွဲဆိုခဲ့သည်။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နှင့် အမှု နှစ်မှုအတွက်ကို  ဒီဇင်ဘာ ၆ ရက် အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ “ဒေါက်တာအေးဇံကို ထောင်ဒဏ် နှစ်နှစ် ထပ်ပြီးအမိန့်ချလိုက်တယ်၊ အထူးတရားရုံးမှာ မနေ့က ရုံးထုတ်စစ်ဆေးပြီး အမိန့်ချလိုက်တာဖြစ်တယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ယခုအမိန့်ချလိုက်သည့် အမှုနှင့်ပတ်သက်ပြီး […]

မုဒုံ မြို့မ (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်၊ လေးဦးဒဏ်ရာရ

diz_admin

December 5, 2022

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲပြီး လူလေးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။ ယနေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး စာရေးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးနှင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ၎င်းတို့က ဆိုသည်။ အရပ်သားနှစ်ဦးမှာ အုပ်ချုပ်ရေးမှူးရုံးတွင် ဖုန်းအားလာသွင်းစဉ် ဗုံးစထိမှန်သွားသည်ဟုလည်း ရပ်နေသူအချို့တို့ထံမှ သိရသည်။ “ထိသွားတဲ့ လေးဦးမှာ သုံးဦးကတော့ ဒဏ်ရာပြင်းတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်တပ်တွေ၊ ရဲတွေက ရောက်လာတယ်။ အဲဒီပတ်ဝန်းကျင်က လူတွေကို ခေါ်စစ်နေတယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။ ထိခိုက်ဒဏ်ရာရရှိသည့် စာရေး၊ ရာအိမ်မှူးနှင့် အရပ်သားတစ်ဦး စုစုပေါင်း ၃ ဦးတို့မှာ […]

မော်လမြိုင်တွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

diz_admin

December 3, 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်အတွင်း သေနတ်ကိုင်ထားသူတစ်ဦး ဝင်ရောက်လာကာ ဓားပြတိုက်သွားကြောင်း မြို့ခံများထံမှ သိရသည်။ သီရိမြိုင်ဈေးအနီးရှိ ရွှေအုန်းပင်ရွှေဆိုင်တွင် ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်အချိန်ခန့်က အမျိုးသားတစ်ဦး ဆိုင်ထဲဝင်လာပြီး ဆိုင်ရှင်ကို သေနတ်ဖြင့်ချိန်ကာ ငွေကျပ် သိန်း ၂၀ ခန့် ယူဆောင်သွားခြင်းဖြစ်သည်။ သေနတ်သမားသည် ရွှေထည်ပစ္စည်းများမယူဘဲ ငွေသားများသာ ယူဆောင်သွားသည်ဟုလည်း မျက်မြင်တွေ့ရှိသူများ ထံမှသိရသည် “ဆိုင်ရှင်လဲ ပထမ ပိုက်ဆံမရှိဘူးပြောပေမယ့် သေနတ်နဲ့ ချိန်ပြီး ခြိမ်းခြောက်တော့ ထုတ်ပေးလိုက်ရတယ်။ သိန်း ၂၀ လောက် ပါသွားတယ်လို့တော့ သိရတယ်” ဟု ဆိုင်ပိုင်ရှင်နှင့် နီးစပ်သည့် ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ သေနတ်သမားသည်  သေနတ်ပစ်ဖောက်ခြင်းမရှိဘဲ ငွေများယူဆောင်ပြီး ဆိုင်ကယ်ဖြင့် မောင်းပြေးသွားသည်ဟုလည်း ရပ်ကွက်နေသူများကဆိုသည်။ […]

မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ် ပြန်ပြေးဆွဲမည်

diz_admin

December 2, 2022

ကိုဗစ်ဖြစ်ပွားပြီးနောက် ရပ်နားထားသည့် မော်လမြိုင်-ရန်ကုန် လေကြောင်းလိုင်းခရီးစဉ်ကို ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း မော်လမြိုင်ဌာနခွဲမှ သိရသည်။ မော်လမြိုင်-ရန်ကုန် လေးကြောင်းလိုင်းခရီးစဉ်ကို တစ်ပတ်လျှင် တနင်္လာနှင့် သောကြာ နှစ်ရက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းရုံးမှ သိရသည်။ မော်လမြိုင်-ရန်ကုန် လေယာဉ်ခရီးစဉ်အတွက် လက်မှတ်တစ်စောင်လျှင် ၁၄၇၀၀၀ ကျပ် သတ်မှတ်ထားပြီး လိုက်ပါလိုသူများအနေဖြင့် မော်လမြိုင်ရုံးတွင် ကြိုတင်လက်မှတ်ဝယ်ယူနိုင်သည်ဟု ဆိုသည်။ လတ်တလော ကားဖြင့် ခရီးသွားလာရာတွင် ညောင်ခါးရှည် X Ray စစ်ဆေးရေးဂိတ်ကြောင့် ခရီးကြန့်ကြာမှုရှိနေသည့်အတွက် ခရီးသွားများ အခက်အခဲကြုံတွေ့နေကြရသည်။ “ရန်ကုန်ကို ကားနဲ့သွားဖို့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ညောင်ခါးရှည်ဂိတ်မှာ အတော်ဒုက္ခရောက်ရပါတယ်။ အခု လေယာဉ်နဲ့ သွားလို့ရတော့ ပိုကောင်းတာပေါ့” ဟု မော်လမြိုင်မြို့မှ လုပ်ငန်းရှင်တစ်ဦးက […]

ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ပစ်သတ်ခံရ

diz_admin

November 30, 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံတို့ထံမှ သိရသည်။ ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်း (ခေါ်) ရှမ်းလေးသည် နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ၎င်းသည် ကျိုက်ထိုမြို့ ကျိုက်ပေါလောဘုရားလမ်းနှင့် ကံ့ကော်လမ်းမကြီးတောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ခြံဝင်း အတွင်း သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။ ၎င်းမှာ ကျည်ငါးချက်ထိမှန်ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။   ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရသေးပေ။ မိုင်းအောင်နေထွန်းသည် ကျိုက်ထိုမြို့နယ်အတွင်းက မီတာခမဆောင်သည့် နေအိမ်များကို မီးဖြတ်ခြင်း၊ မီတာခ ဆောင်စေရန် ဖိအားပေးခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း မြို့ခံတို့က […]

မိုးကြောင့် မွန်ရှိ ဆားကွင်းများပျက်စီး၊ ဆားအထွက်နောက်ကျနိုင်

diz_admin

November 29, 2022

မွန်ပြည်နယ်တွင် ဆားထုတ်လုပ်ရန် ပင်လယ်ရေစလှန်းသည့် နိုဝင်ဘာလအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ဆားကွင်းများပျက်စီးကာ ဆားထုတ်လုပ်မှုနောက်ကျနိုင်ကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင် တို့ထံမှ သိရသည်။ ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်မှ စတင်ပြင်ဆင်ကြကာ နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှန်းခြင်းကို စတင်လုပ်ကိုင်ကြကြောင်း ၎င်းတို့က ပြောသည်။ “ဆားကြမ်းထုတ်လုပ်နိုင်ဖို့ ပင်လယ်ဆားငန်ရေ နေလှန်းထားတဲ့အချိန်မှာ မိုးရွာချလိုက်တဲ့အတွက် အဲဒီရေက ပျက်စီး သွားတယ်။ ဆားထုတ်လို့ မရတော့ဘူး။ နောက်တစ်ခါ ပင်လယ်ဆားငန်ရေ ပြန်ထည့်မှ ဆားထုတ်လို့ရမယ်။ အဲဒီလိုလုပ်ဖို့က တစ်ရက်၊ နှစ်ရက် နေသာတာနဲ့ လုပ်လို့မရဘူး။ အနည်းဆုံး တစ်ပတ်၊ ၁၀ ရက်လောက် အချိန်ယူရတယ်” ဟု ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ မွန်ပြည်နယ်အတွင်း ဒီဇင်ဘာလ ၄ ရက်နေ့အထိ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သည်ဟု […]