ပေါင်တွင် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ဒေသခံ ၁၅ဦးထက်မနည်း ဖမ်းဆီးခံရ
Dawei Watch
September 12, 2023မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် နယ်ထိန်းရဲ ပစ်သတ်ခံရပြီး ရဲစခန်း၊ ထွေအုပ်ရုံးတို့ တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံတို့က ပြောသည်။ ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲ တပ်ကြပ်ကိုကိုလွင် စက်တင်ဘာလ ၃ ရက်နေ့က မိုးနိုင်းရပ်ကွက်မှ ပေါင်မြို့မ ရဲစခန်းသို့ ဆိုင်ကယ်ဖြင့် အပြန် မော်လမြိုင်-ရန်ကုန်လမ်းတွင် ပစ်ခတ်သတ်ဖြတ်ခံရသည်။ ဩဂုတ်လအတွင်းကလည်း ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံခဲ့ရသည့်အပြင် ပေါင်မြို့မရဲစခန်းနှင့် ပေါင်မြို့နယ်ထွေအုပ်ရုံးတို့ တိုက်ခိုက်ခံရသည်။ အဆိုပါဖြစ်စဉ်များဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ဝန်းကျင်သည် ဥတ္တံတားကျေးရွာအတွင်းသို့ စက်တင်ဘာ ၇ ရက်နေ့က ဝင်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ဆိုသည်။ “စစ်တပ်တွေက အင်အားနဲ့ ရွာထဲဝင်လာပြီးတော့ သူတို့ သံသယရှိတဲ့လူတွေကို ဖမ်းခေါ်သွားတာ။ […]


