ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတားဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က လေကြောင်းဖြင့်ပြန်ပစ်ခတ်
Dawei Watch
November 10, 2023မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်ပူးပေါင်းတပ်ဖွဲ့ တို့က ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့တိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းဖြင့်ပါ ပြန်လည်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် တံတားဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နံနက် ၄ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံတို့က ပြောသည်။ “တိုက်ပွဲက မနက် ၄နာရီလောက်ကတည်းက ဖြစ်နေတာ။ ဖြစ်ပြီးတော့ မနက် ၉နာရီလောက်မှာ လေယာဉ်နဲ့ လာပစ် တယ်။ လက်နက်ကြီးကျည်တွေက ရွာထဲမှာကျတာလည်းရှိတယ်။ အခုထိ (ညနေ ၃ […]


