ပေါင်တွင် နယ်ထိန်းရဲနှင့် အရပ်သားတစ်ဦး ပစ်သတ်ခံရ
Dawei Watch
July 23, 2023မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ စားသောက်ဆိုင်တစ်ခုတွင် နယ်ထိန်းရဲနှင့် အရပ်သားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၂၂ ရက် ညနေ ၆ နာရီခန့်က ဥတ္တံတားကျေးရွာ နယ်ထိန်းရဲ စိုးဇော်အောင်နှင့် ဝပ်ရှော့လုပ်ငန်းလုပ်ကိုင်သူ ကိုစည်သူတို့နှစ်ဦးသည် စားသောက်ဆိုင်တွင် ထိုင်နေစဉ် အမည်မသိသေနတ်သမားတို့က လာရောက်ပြီး သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်သွားကြောင်း ၎င်းတို့က ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းရဲ စိုးဇော်အောင်နှင့် ကိုစည်သူတို့နှစ်ဦးသည် အခင်းဖြစ်ပွားနေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့က ဆိုသည်။ “သူတို့ နှစ်ယောက် အတူထိုင်နေတဲ့အချိန်မှာ သေနတ်သမားတွေက ဝင်ပစ်သွားတယ်။ နယ်ထိန်းရော ကိုစည်သူရော ဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတယ်” ဟု ပေါင်ဒေသခံတစ်ဦးက ပြောဆိုသည်။ ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က ပေါင်မြို့နယ် […]