ကော့သောင်းတွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ
Dawei Watch
January 28, 2025ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု ၊ ဟတ်စဒင်းရွာမှ ရာအိမ်မှူး ဦးမြင့်ဆွေကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံကသိရသည် ။ ဆိုင်ကယ်မောင်းနှင်လာသည့် ဦးမြင့်ဆွေ သည် ဟတ်စဒင်းရွာနှင့် ချန်းဖန်းရွာ အကြားတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ” ဆိုင်ကယ်ရော ၊ လူရော ဆီအုန်းတောထဲမှာလဲ နေတယ် ။ အလောင်းကိုတော့ ကော့သောင်းဆေးရုံကို ယူသွားတယ် ” ဟု ဖြစ်စဥ်အားသိရှိသည့် ဒေသခံအမျိုးသားတစ်ဦးကပြောသည် ။ Dawei Watch က တွေ့ရှိရသည့် မှတ်တမ်းဓာတ်ပုံတွင် ဦးခေါင်း အနောက်ဘက်တွင် သေနတ်ဖောက်ဝင် ဒဏ်ရာဖြင့် မှောက်လျက်အနေအထား လဲကျသေဆုံးနေသည်ကို တွေ့ရသည် ။ သေနတ်ဖြင့် ပစ်သတ်ခံရသူ ဦးမြင့်ဆွေသည် ဟတ်စဒင်းရွာတွင် ရာအိမ်မှူး […]


