တနင်္သာရီတိုင်းတွင် ငါးခိုးဖမ်းလှေ အများဆုံး
diz_admin
April 9, 2020ကမ်းဝေးငါးဖမ်းလှေများတွင် VMS လှေခြေရာခံစောင့်ကြည့်စနစ် တပ်ဆင်ပြီးနောက် မြန်မာနိုင်ငံအတွင်းတနင်္သာရီတိုင်း ပင်လယ်ပြင်တွင်ငါးခိုးဖမ်းလှေ အများဆုံးဖြစ်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ညွှန်ကြားစာအရ သိရသည်။ မြန်မာ့ပင်လယ်ကမ်းနီးရေပြင်နှင့် တားမြစ်ငါးဖမ်းကွက်များအတွင်း စည်းကမ်းပျက် ငါးခိုးဖမ်းသည့်လှေစုစုပေါင်း ၁၇၄ စီးရှိရာ ဧရာဝတီတိုင်းတွင် ၂၅စီး၊ ရခိုင်ပြည်နယ်တွင် ၁၅ စီး၊ မွန်ပြည်နယ်တွင် ၃ စီးရှိပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ၁၃၁ စီး ပါဝင်ကြောင်းအထက်ပါညွှန်ကြားစာအရ သိရသည်။ ညွှန်ကြားချက်ပူးတွဲစာရင်းအရ တနင်္သာရီတိုင်းပင်လယ်ပြင်အတွင်း ကမ်းနီးရေပြင်တွင် ငါးခိုးဖမ်းသည့်တရွတ်ဆွဲ (ဒေသအခေါ် ဝါလပ်) နှစ်စီးရှိပြီး ကော့သောင်းခရိုင် တားမြစ်ငါးဖမ်းလုပ်ကွက်များ၊ လန်ပိကျွန်း (အာဆီယံ အဏ္ဏဝါအမျိုးသားဥယျာဉ်) အတွင်း ငါးဝင်ဖမ်းသည့် တရွတ်ဆွဲလှေ ၁၁စီး၊ ကင်းမွန်မီးထွန်းလှေ ၉၂ စီး၊ ဝိုင်းချုပ် (ဒေသအခေါ် ဝါတန်း) ၂၆ စီး ရှိနေသည်။ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား […]


