တရားမဝင်ရော်ဘာတင်လှေအား ထိုင်းရေတပ်မတော်မှ ဖမ်းဆီး
diz_admin
January 26, 2021ကော့သောင်း-ရနောင်းနယ်စပ် ပါချန်မြစ်အတွင်း ဇန်နဝါရီလ ၁၇ ရက်က မြန်မာဘက်မှ ထိုင်းဘက်သို့ ရောက်ရှိလာသော တရားမဝင် ရော်ဘာတင်လှေအား ထိုင်းရေတပ်မတော်မှ ဖမ်းဆီးခဲ့ကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ကော့သောင်းဘက်မှ စက်လှေနှစ်စီးသည် ညအချိန်တွင် ဝင်ရောက်လာပြီး တစ်စီးမှာ ရနောင်းမြို့ရှိ PTTEP INTERNATIONAL FREE ZONE ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသဖြင့် စစ်ဆေးခဲ့ရာ လှေပေါ်ပါ နှစ်ဦးသည် ရေထဲ သို့ခုန်ချထွက်ပြေးလွတ်မြောက်ခဲ့ပြီး အခြားစက်လှေတစ်စီးမှာ ကော့သောင်းဘက်သို့ ပြန်လှည့်သွားကြောင်း သိရသည်။ အဆိုပါ စက်လှေပေါ်တွင် ရော်ဘာ ၁၅ တန်ခန့်နှင့် ဆိပ်ကမ်းပေါ်တွင် ရပ်နား ထားသောကုန်တင်ယာဉ်ပေါ်တွင် ရော်ဘာအချို့နှင့် ပစ်ကပ်ကားပေါ်တွင် ရော်ဘာ အချို့တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးခဲ့ကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က […]


