နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဆလုံလူမျိုးများ တောင်းဆို
diz_admin
July 24, 2021မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင် ချုပ်နှောင်ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် မော်ကင်း ဆလုံလူမျိုးများက တောင်းဆိုလိုက်သည်။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မကြုံဂလက်ကျေးရွာနေ ဆလုံလူမျိုးများက ဇူလိုင် ၂၃ ရက်ည ၁၁ နာရီခန့်တွင် လမ်းပေါ်ထွက်ကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ “ဆလုံလူမျိုးရော ဗမာလူမျိုးပါ ပူးပေါင်းပြီး အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ထားတဲ့ နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော် ခဲ့ကြတာ”ဟု (မော်ကင်း) ဆလုံလူမျိုးအခွင့်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးကပြောသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့က အင်းစိန်အကျဉ်းထောင်နှင့် မန္တလေး အိုးဘိုထောင် တို့တွင် နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းဆန္ဒထုတ်ဖော်မှု အပေါ် ပင်လယ်ပျော် မော်ကင်းဆလုံလူမျိုးများလည်း အတူရှိကြောင်း ထုတ်ဖော်ခဲ့ကြ သည်။ မကြုံဂလက်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်နှင့် လူဉီးရေ တစ်ထောင်ဝန်းကျင်ရှိပြီး ဆလုံလူမျိုးများနှင့် အခြားလူမျိုးများ […]


