တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိ ဟုဆို
diz_admin
July 8, 2021တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေးကို ပထမအသုတ်တွင် လူဦးရေ ၄၇ဝဝဝ ကျော်အား ထိုးပေးထားပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးကို ဒုတိယအသုတ်တွင် ၂၁၀၀ ကျော်အား ကာကွယ်ဆေးထိုးထားပြီးဖြစ်ကြောင်း အထက်ပါဌာန၏ တိုးချဲ့ကာကွယ်ဆေး/ကူးစက် ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။ “အခု ဒုတိယအသုတ်ရတဲ့ ကာကွယ်ဆေးကို မြို့နယ် ၉ ခုမှာတော့ ထိုးပြီးနေပြီ၊ ထားဝယ်က မနေ့က စထိုးတယ်၊ တရုတ်နိုင်ငံထုတ်ဆေးပေါ့၊ ဆိုင်နိုဖမ်းလို့ခေါ်တယ်၊ ဆေးတစ်လုံးကို တစ်ယောက်ပဲ ထိုးလို့ရတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။ အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေးတစ်လုံးလျှင် လူ ဆယ်ဦးမှ ၁၁ ဦးခန့်အထိ ထိုးနိုင်ပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးတစ်လုံးလျှင် လူတစ်ဦးသာ ထိုး၍ရသည်ဟု ၎င်းက ဆိုသည်။တနင်္သာရီတိုင်းအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေး […]


