ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

ကော့သောင်းမြို့ ကမ်းနားလမ်းက စစ်ကောင်စီဆန့်ကျင်ရေး စာသားများ နာရီပိုင်းအတွင်းလာဖျက်

diz_admin

December 20, 2022

ကော့သောင်းမြို၊ ကမ်းနားလမ်းတွင် စစ်ကောင်စီကိုဆန့်ကျင် ဆန္ဒထုတ်ဖော်သည့် ဆေးမှုတ်စာသားများကို နာရီပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖျက်ပစ်ခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ ဒီဇင်ဘာလ ၂၀ ရက်  နံနက်စောစော ၅ နာရီခန့်က ကမ်းနားလမ်းအုတ်နံရံတွင် အနီရောင်မှုတ်ဆေးဖြင့် “အဘဘောမများ ဒလန်များ ထမင်းဝအောင်စားထား၊ ငါတို့လက်နဲ့ ငါတို့တော်လှန်၊ သွေးကြွေးဆပ်မယ်” စသည့်စာသားများအပြင် စစ်ကောင်စီတပ်ကို ဆဲဆိုထားသည့်စာများ လာရောက်ရေးထားခြင်းဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။ ယင်းနောက်စစ်ကောင်စီတပ်ဖွဲ့၊ ရဲ၊ ကျေးရွာအုပ်ချုပ်ရေးမှုးတို့ပါဝင်သည့်အဖွဲ့က နံနက် ၇ နာရီခန့်တွင်ရောက်လာပြီး အဆိုပါစာများကို ဖျက်ပစ်လိုက်ကြောင်း သိရသည်။ ဆေးမှုတ်ဆန္ဒဖော်ထုတ်သည့်နေရာ အနီးရှိ ကမ်းနားလမ်းပေါ်တွင် တပ်ထားသော CCTV များ၊ မလှမ်းမကမ်းရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ CCTV များကိုလည်း စစ်ဆေးကြည်ရှုသွားကြောင်း မြို့ခံအချို့ကဆိုသည်။ “CCTV  က ပင်လယ်ဘက်ကနေပြီး ကုန်းပေါ်ကိုလှည့်ထားတော့ ဘယ်သူတွေလာရေးထားတယ်ဆိုတာ ကြည့်ရင်သိနိုင်တယ်” ဟု ၎င်းကဆိုသည်။ ဆေးမှုတ်ဆန္ဒဖော်ထုတ်မှုအား မည်သူတို့က လုပ်‌ဆောင်သည်ဆိုခြင်းကိုမူ […]

၂ နှစ်အတွင်း မြိတ်-ကော့သောင်း လေယာဉ်လက်မှတ် သုံးဆကျော်ဈေးတက်

diz_admin

December 13, 2022

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအကြာ မြိတ်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်းမှာ သုံးဆ‌ကျော် ဈေးတက်လာခဲ့သည်။ မြိတ်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်း တစ်စောင်လျှင် အာဏာမသိမ်းမီက ၄၅၀၀၀ ကျပ်သာရှိခဲ့ရာ လက်ရှိတွင် ၁၅၀၀၀၀ ကျပ်ရှိနေပြီဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်တချို့မှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ လကုန်အထိ လက်မှတ်တစ်စောင်လျှင် ၁၃၀၀၀၀ ကျပ်မှ ဒီဇင်ဘာလအစမှ စပြီး ၁၅၀၀၀၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း လေယာဉ်လက်မှတ် အရောင်း ကိုယ်စားလှယ်တစ်ဦးက ပြောပြသည်။ “ဈေးတက်တဲ့အကြောင်းက လေယာဉ်ရုံးချုပ်ပဲ သိမယ်၊ သူတို့သတ်မှတ်ပေးတဲ့ ဈေးနှုန်းအတိုင်းပဲ ရောင်းချပေးနေတာပါ” ဟု အထက်ပါ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်က ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း လောင်စာဆီဈေးနှုန်းများ မြင့်တက်လာသဖြင့် လေယာဉ်လက်မှတ်ဈေးများ မြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်တချို့က ပြောပြသည်။ “ကော့သောင်းဘက်ကို အခုချိန်အထိ […]

ဘုတ်ပြင်းတွင် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်လာပြီး ခရီးသွားလာမှုလျော့ကျ

diz_admin

December 8, 2022

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲခပ်စိတ်စိတ် ဖြစ်ပွားလာနေပြီး ခရီးသွားလာသူ လျော့ကျသွားကြောင်း ခရီးသည်တင်ကားသမားအချို့က ပြောသည်။ ယခင်လများက ၁၅ ယောက်ပါ ခရီးသည်တင်ကားတွင် ခုံအပြည့်ခရီးသည်လိုက်ပါလေ့ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ခရီးသည် ၁၀ ဦးပင် မပြည့်တော့ကြောင်း မြိတ်-ဘုတ်ပြင်း-ကော့သောင်း ယာဉ်မောင်းအချို့က ဆိုသည်။ “တချို့ဆို လက်မှတ်ဖြတ်ပြီးမှ မလိုက်တော့ဘူးဆိုတဲ့သူနဲ့၊ လိုက်လာပြီး အရှေ့မှာ တိုက်ပွဲဖြစ်နေသံလည်းကြားရော နီးတဲ့ရွာ ဆင်းကျန်ခဲ့တဲ့သူလည်း ရှိတယ်။ ပိုက်ဆံလည်း အရနည်းသွားတယ်” ဟု ခရီးသည်တင်ကားသမားတစ်ဦး က ပြောသည်။ မြိတ်-ကော့သောင်းပြေးဆွဲနေသည့် ခရီးသည်တင်ကား အကြီးအငယ် ဆယ်ချီရှိပြီး တိုက်ပွဲကြောင့် ခရီးသည် အသွားအလာနည်းသွားကြောင်း ကားသမား နောက်တစ်ဦးက ပြောဆိုသည်။ ယင်းအပြင် လမ်းခရီးတွင်လည်း စိုးရိမ်ထိတ်လန့်စွာဖြင့် သတိထား မောင်းနှင်နေရကြောင်း ၎င်းက ဆိုသည်။   […]

ဘုတ်ပြင်း၊ ရတနာပုံရွာအနီး တိုက်ပွဲနှစ်ကြိမ်ဖြစ်

diz_admin

December 5, 2022

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရတနာပုံကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တို့ နှစ်ကြိမ်ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကော့သောင်းခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၁)က ယနေ့ညတွင်ထုတ်ပြန်သည်။ ရတနာပုံဒေသရှိ စစ်ကောင်စီစခန်းကုန်းသို့ ဒီဇင်ဘာ ၃ ရက်နံနက် ၁၁ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းသို့ တိုက်ခိုက်ရာတွင် RPJ ၁ လက်၊ MA 1 တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ တိုက်ပွဲမှာ ၂ နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်က ၃ ဦးကျဆုံးပြီး ၈ ဦးဒဏ်ရာရကာ မဟာမိတ်တပ်ဖက်ကကျဆုံးထိခိုက်သူမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းသို့တိုက်ခိုက်ခံရပြီးနောက် နံနက် ၁ နာရီခွဲခန့်တွင် ကော့သောင်းအခြေစိုက်တပ်ရင်းများက ကား၊ ခြေလျင်တို့ဖြင့် လေညာ-ရတနာပုံလမ်းအတိုင်း စစ်ကူလာရောက်ခဲ့ကြောင်း […]

ကော့သောင်းမှ ထိုင်းသို့ မှောင်ခိုသွင်းလာသည့် ရော်ဘာ ကီလိုတစ်သောင်းကျော် ဖမ်းမိ

diz_admin

December 3, 2022

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းသို့ ကော့သောင်းနယ်စပ်မှတစ်ဆင့် တရားမဝင် တင်သွင်းလာသော ရော်ဘာ ကီလို ၁၀၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ယနေ့ (ဒီဇင်ဘာ ၃) ထုတ်ပြန်သည်။ ရော်ဘာပြားများ မှောင်ခိုတင်သွင်းနေသည်ကို ယမန်နေ့ (ဒီဇင်ဘာ ၂) မှစ၍ စတင်ဖမ်းဆီးရခဲ့ရာမှ ဆက်တိုက်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း‌ ထုတ်ပြန်ထားသည်။ ယနေ့အထိ ၄ ကြိမ်မြောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကီလို ၁၀၃၂၅ အလေးချိန်ရှိသော တရားမဝင် ရော်ဘာပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ ယမန်နေ့ မနက် ၉ နာရီအချိန်ခန့်တွင် ရနောင်းခရိုင် ကရဘူရီဒေသ နမ်းကျူရွာ မြစ်ကမ်းနဘေးတွင် ကီလို ၂၄၂၅ အလေးချိန်ရှိသော တရားမဝင် ရော်ဘာပြားများကို ထိုင်းနိုင်ငံသား ပစ်ကပ်ကားပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ […]

ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းပေးလျှင် ဆုငွေချီးမြှင့်မည်ဟု ကော့သောင်းတွင် လိုက်လံကြေညာ

diz_admin

November 19, 2022

ပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကြားအဖွဲ့ဝင်များကို ဖမ်းပေးခြင်း၊ သတင်းပေးခြင်းများ ပြုလုပ်ပေးလျှင် ဆုတော်ငွေချီးမြှင့်မည်ဟု စစ်ကောင်စီဘက်က လိုက်လံကြေညာနေကြောင်း ကော့သောင်းဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၁၆ ရက်ကစပြီး မြို့အနှံ့ ကားဖြင့်လိုက်လံကြေညာနေခြင်းဖြစ်ပြီး PDF တစ်ဦး ဖမ်းပေးလျှင် မြန်မာငွေ ၁၅ သိန်းနှင့် ပုန်းအောင်းနေထိုင်ရာအား သတင်းပေးလျှင် ၅ သိန်းကျပ် ဆုချီးမြှင့်မည်ဟု ကြေညာကြောင်း ဒေသခံများက ဆိုသည်။ ယင်းအပြင် PDF များ အလင်းဝင်ကြရန် ကြိုဆိုနေသည်ဟုလည်း ထည့်သွင်းကြေညာသွားသည်ဟု မြို့ခံများက ပြောဆိုသည်။ “ယာဉ်ထိန်းရဲ ပစ်သတ်ခံရပြီး နောက်တစ်နေ့ကစပြီး လိုက်ကြေငြာနေတာ နေ့တိုင်းပဲ။ ဟိုးအရင် နှစ်လ သုံးလ လောက်ကလည်း ဒီလိုကြေညာဖူးတယ်” ဟု ကော့သောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ကော့သောင်းမြို့တွင် ယာဉ်ထိန်းရဲတပ်ကြပ်ကြီး စန်းမော်အောင် နိုဝင်ဘာ ၁၅ […]

ရနောင်းမှ တော်လှန်ရေးသမားများ ဖမ်းဆီးနိုင်ရေး ထိုင်း-မြန်မာ ဆွေးနွေးဟုဆို

diz_admin

November 15, 2022

ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင်နေထိုင်ပြီး စစ်ကောင်စီကို တော်လှန်ရာတွင်ပါဝင်သူများအား ဖမ်းဆီးနိုင်ရေးကိစ္စအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ အစည်းအဝေးပွဲကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်က ကော့သောင်းမြို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်သည့် ပထမအကြိမ် မြန်မာ-ထိုင်း( ကော့သောင်း- ရနောင်း) နယ်စပ်ဆက်ဆံရေးရုံး အစည်းအဝေးတွင် အကြမ်းဖက်အဖွဲ့များ ရှာဖွေဖော်‌ထုတ်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း မြန်မာဘက်က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီသည် NUG၊ PDF အဖွဲ့များနှင့် ဆက်စပ်သည့်အဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းဖြစ်ရာ အကြမ်းဖက်အဖွဲ့များ ရှာဖွေဖော်ထုတ်‌ရေး ဆိုသည်မှာ တော်လှန်ရေး သမားများနှင့် တော်လှန်ရေး အဖွဲ့ကိုကူညီပေးနေသူများကို ရည်ညွှန်းခြင်းဖြစ်ကြောင်း လေ့လာသူများကဆိုသည်။ ယင်းသို့ဆွေးနွေးခဲ့သည်ဆိုပါက ထိုင်းအစိုးရ၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်ရတော့မည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ အာဏာသိမ်းမှုမှာ ၂ နှစ်နီးပါးရှိလာပြီဖြစ်သော်လည်း တော်လှန်ရေးမှာ အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပေါ်နေသောကြောင့် တော်လှန်ရေးလုပ်ငန်းများ ရပ်တန့်သွားရန် စစ်ကောင်စီက […]

ကော့သောင်းတွင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

diz_admin

November 15, 2022

ကော့သောင်းမြို့တွင် နိုဝင်ဘာလ ၁၄ ရက်ည ၈ နာရီခွဲဝန်းကျင်က ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အက်ခြံလမ်းကြားတွင် ယာဉ်ထိန်းရဲ စန်းမော်အောင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ “သေနတ်ပစ်သံ သုံးလေးချက်ပဲကြားရတယ်။ နောက် အရေးပေါ်လူနာတင်ယာဉ်နဲ့ လာတင်သွားတယ်” ဟု ကော့သောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါပစ်ခတ်မှုကို ကော့သောင်းသမန်းကျားအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က မီဒီယာအချို့တွင် ပြောဆိုထားသည်။ ယာဉ်ထိန်းရဲ စန်းမော်အောင်သည် သေနတ်ကိုင်ဆောင်လေ့ရှိပြီး ယာဉ်ဖမ်းဆီးရာတွင်လည်း အပြောအဆို ရင့်သီးလေ့ရှိကာ ကိုယ်ထိလက်ရောက်မှု ကျူးလွန်တတ်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အထက်ပါပြောဆိုချက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။ “ပွဲချင်းပီး သေတယ်လို့ကြားရတယ်။ သူကအတော်ဆိုးဆိုးထဲမှာ ပါတယ်” […]