ကော့သောင်းတွင် ပျူစောထီးတစ်ဦး ပစ်သတ်ခံရ
diz_admin
March 16, 2023ကော့သောင်းမြို့ တောင်နောက်ရပ်ကွက်က ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ ဦးကျော်မိုးခိုင်ဆိုသူဖြစ်ပြီး ကော့သောင်းမြို့ ၅ မိုင်အနီးရှိ စစ်ကောင်စီတပ်ရင်းသို့ ညအိပ်ရန်လာစဉ် ဆေးတပ်အနီးတွင် မတ်လ ၁၅ရက် ည ၉နာရီခွဲဝန်းကျင်က ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ “သေနတ်နဲ့ ခုနစ်ချက်ပစ်သွားတယ်။ အရှေ့ကချည်း ပစ်သွားတယ်။ အခုရင်ခွဲရုံမှာထားထားတယ်။ မိုးလင်း သင်္ဂြိုဟ်မယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဦးကျော်မိုးခိုင်သည် အာဏာမသိမ်းမီကပင် ဌာနေပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ ကျင်းပသည့်အခမ်းအနားများတွင် ယူနီဖောင်းဝတ်ကာ လုံခြုံရေး တာဝန်ယူသည့်အပြင် သေနတ်လည်းကိုင်ဆောင်သူဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ၎င်းကို ရှာဖွေမှုရှိလာပြီးနောက်တွင် တပ်ရင်းတွင် သွားရောက်အိပ်စက်နေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “အရင်တစ်ခါသူ့ကို သတ်ဖို့ […]


