ထိုင်းဝန်ကြီးချုပ်ရွေးမည့်နေ့ သက်ဆင်ပြည်တော်ပြန်
Dawei Watch
August 22, 2023ပြည်ပတွင် ၁၇ နှစ်ကြာ တိမ်းရှောင်နေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ရွေးချယ်ပွဲကျင်းပမည့် ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြည်တော်ပြန်လာပြီဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ကိုယ်ပိုင်ဂျက်လေယာဉ်သည် စင်ကာပူနိုင်ငံမှ ထိုင်းနိုင်ငံ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နံနက် ၉ နာရီတွင် ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။ ဒွန်မောင်းလေဆိပ်တွင် စောင့်ဆိုင်းနေသော ထောက်ခံသူများကိုလည်း သက်ဆင်က လက်ပြနှုတ်ဆက်ခဲ့ပြီး ထိုင်းဘုရင်ဓါတ်ပုံကိုလည်း ကန်တော့ခဲ့သေးသည်။ ၂၀၀၆ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖြုတ်ချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် အကျင့်ဖျက်ချစားသည်ဆိုသော စွပ်စွဲချက်များကို ရှောင်လွှဲနိုင်ရန် ပြည်ပတွင် တိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။ ယခုပြည်တော်ပြန်လာပြီးနောက် သက်ဆင်ကို တရားရုံးချုပ်ကို တိုက်ရိုက်ခေါ်ဆောင်သွားမည်ဖြစ်ပြီး ထောင်ဒဏ် ၈ နှစ်အထိ ကျခံနိုင်သည့် တရားစွဲချက်များကို ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော်လည်း အသက် ၇၀ […]