တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
January 5, 2024ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၅ ရက်နေ့အထိ အစ္စရေးအတွက် သူလျှိုလုပ်ပေးသည်ဟု စွပ်စွဲချက်ဖြင့် လူပေါင်း ၃၄ ဦးကို တူရကီဖမ်းဆီး အစ္စရေးထောက်လှမ်းရေးဌာန Mossad အတွက် သူလျှိုလုပ်ပေးတယ်ဆိုပြီး မသင်္ကာသူ ၃၄ ဦးကို တူရကီအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဒါအပြင် နောက်ထပ် ၁၃ ယောက်ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေနေဆဲပါ။ တူရကီအစိုးရရှေ့နေရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးအနေနဲ့ ပြည်နယ် ၈ ခုက နေရာပေါင်း ၅၇ နေရာကို ရဲတပ်ဖွဲ့က တပြိုင်နက်တည်း စီးနင်းရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မသင်္ကာသူတွေက နိုင်ငံခြားသားတွေကို ရှာဖွေစောင့်ကြည့် ထောက်လှမ်းတာတွေ တိုက်ခိုက်တာတွေ […]