BREAKING
May 6, 2025

နိုင်ငံတကာသတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

January 20, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၁၄ ရက်နေ့မှ ဇန်နဝါရီ ၂၀ ရက်နေ့အထိ နယူးဇီလန်ဝန်ကြီးချုပ် ရာထူးကနုတ်ထွက် နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန် (Jacinda Ardern) က ရာထူးကနေ အနားယူတော့မှာဖြစ်ပြီး အထွေထွေရွေးကောက်ပွဲ ဝင်တော့မှာ မဟုတ်ဘူးလို့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရုတ်တရက် ကြေညာလိုက်ပါတယ်။ ဝန်ကြီးချုပ်တာဝန်ကို သူ့ထက်ပိုပြီး စွမ်းဆောင်နိုင်မယ့်သူတွေ ရှိတယ်လို့ ယုံကြည်တဲ့အတွက် ရာထူးကနေ ဆင်းပေးမှာဖြစ်တယ်လို့ ကြေညာခဲ့တာပါ။ ဒီရာထူးရဲ့ တာဝန်ကြီးမှုကို သိသလို ကိုယ့်အနေနဲ့ လုပ်နိုင်စွမ်း မရှိတော့ဘူးဆိုတာကိုလည်း သိတဲ့အတွက် နှုတ်ထွက်တာဖြစ်ပါတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ ဖေဖော်ဝါရီလ ၇ ရက်နေ့ဟာ သူမအနေနဲ့ ဝန်ကြီးချုပ်အဖြစ် […]

အိုစာမင်းစာ စုထားတဲ့ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ငွေလိမ်ခံလိုက်ရတဲ့ အူစိန်ဘော့တ်၊ စာရင်းထဲ ဒေါ်လာ ၂,၀၀၀ သာ ကျန်ခဲ့

diz_admin

January 18, 2023

ကမ္ဘာကျော် ဂျမေကာ တာတိုအပြေးသမား အူစိန်ဘော့တ် ဟာ ကစားသမားဘဝက အနားယူပြီးချိန် အိုစာမင်းစာအတွက် စုဆောင်းထားတဲ့ သူ့ရဲ့ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် အလိမ်ခံလိုက်ရတဲ့အတွက် အရမ်းကို စိုးရိမ်သောကများနေတယ်လို့ သိရပါတယ်။ ဂန္ထဝင်အပြေးသမား အူစိန်ဘော့တ် ဟာ Stocks and Securities Limited (SSL) စီးပွားရေးလုပ်ငန်းစုဆီမှာ အဲ့ဒီငွေတွေကို နောင်အနာဂတ် အိုစာမင်းစာအတွက် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး သူ့အနေနဲ့ နောက်ပိုင်းနှစ်တွေမှာ မျှော်လင့်ထားတဲ့ငွေတွေ မရရှိဘဲ အပြီးသတ် ဆုံးရှုံးသွားမှာကို အူစိန်ဘော့တ်က စိတ်ပူနေပြီလို့ ဆိုပါတယ်။ Stocks and Securities Limited (SSL) စီးပွားရေးလုပ်ငန်းစုဟာ အဲ့ဒီလို ငွေလိမ်ခံလိုက်ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အူစိန်ဘော့တ်ရဲ့ စီမံခန့်ခွဲမှုအဖွဲ့ဆီ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပေးပို့လိုက်တာဖြစ်ပြီး Stocks and […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

January 13, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၇ ရက်နေ့မှ ဇန်နဝါရီ ၁၃ ရက်နေ့အထိ အိန္ဒိယလေကြောင်းလိုင်းတစ်ခု ခရီးသည် ၅၅ ဦးကိုချန်၍ လေယာဉ်ထွက်ခွာ အိန္ဒိယနိုင်ငံ Kempegowda ပြည်နယ် လေဆိပ်မှာ ဇန်နဝါရီ ၉ ရက်နေ့က ခရီးသည် ၅၅ ဦးကို လေယာဉ်ကွင်းထဲမှာရှိတဲ့ ဘတ်စ်ကားပေါ် ချန်ထားခဲ့ကာ လေယာဉ်ကို ပျံတက်ထွက်ခွာခဲ့ခြင်းတစ်ခု ဖြစ်ပွားခဲပါတယ်။ Bengaluru ကနေ နယူးဒေလီကို ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲမှာ ထွက်ခွာမယ့် Go First လေကြောင်းရဲ့ ခရီးစဉ်အမှတ် G8-116 လေယာဉ်ဟာ လိုက်ပါမယ့် ခရီးသည်တွေထဲက ၅၅ ဦးကို ဘတ်စ်ကားပေါ် ချန်ခဲ့တာပါ။ […]

ဆီးရီးယားမှာ စာသင်ခန်း ၂၀ ဆောက်လုပ်ဖို့အတွက် မက်ဆီက ငွေကြေးထောက်ပံ့ပေး

diz_admin

January 11, 2023

ကမ္ဘာ့ဖလားချန်ပီယံဆုကို အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ဆွတ်ခူးရရှိခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီ ဟာ ဆီးရီးယားနိုင်ငံဆီက ဒုက္ခသည်ကလေးတွေအတွက် စာသင်ခန်း ၂၀ ဆောက်လုပ်ဖို့ ငွေကြေးထောက်ပံ့ပေးလိုက်တယ်လို့ သိရှိရပါတယ်။ အဲ့ဒီထောက်ပံ့ကြေးကို မက်ဆီ တည်ထောင်ထားတဲ့ အဖွဲ့အစည်းကနေ ပေးအပ်လိုက်တာဖြစ်ပြီး Marca သတင်းစာရဲ့ရေးသားဖော်ပြချက်တွေအရ မက်ဆီ ထောက်ပံ့ပေးလိုက်တဲ့ ငွေကြေးကြောင့် ဆီးရီးယားကလေးငယ် ၁,၆၀၀ ကျော်ဟာ အတန်းပညာကို ဆက်လက်သင်ယူဖို့ အခွင့်အရေးရသွားခဲ့ပြီလို့ သိရှိရပါတယ်။ မက်ဆီက ဆီးရီးယားကလေးငယ် ၁,၆၀၀ ကျော် ပညာဆက်လက် သင်ကြားနိုင်စေဖို့အတွက် စာသင်ခန်း ၂၀ ဆောက်လုပ်ဖို့ ငွေကြေးထောက်ပံ့ လှူဒါန်းလိုက်ကြောင်းကို ယူနီဆက်ဖ်(UNICEF)က လည်း သတင်းအတည်ပြုချက်ပေးအပ်ထားပါတယ်။ မက်ဆီဟာ လာမယ့်ဇန်နဝါရီလ ၁၉ ရက်နေ့ကိုရောက်ရင် ပီအက်စ်ဂျီအသင်းကို ကိုယ်စားပြုကာ ရီယာ့ခ်ဖိတ်ခေါ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက် ဆော်ဒီအာရေဗျနိုင်ငံဆီကို ရောက်လာမှာဖြစ်ပါတယ်။ အဲ့ဒီ ရီယာ့ဒ်ဖိတ်ခေါ်ဖလားပြိုင်ပွဲကိုဆော်ဒီအာရေဗျ ထိပ်သီးကလပ်အသင်းနှစ်သင်းဖြစ်တဲ့ အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် […]

ကွယ်လွန်သွားသူ ပီလီရဲ့အသားတင်ကြွယ်ဝမှုနဲ့ မိသားစုအတွက် ချန်ထားရစ်ခဲ့တဲ့အမွေ

diz_admin

January 8, 2023

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဂန္ထဝင်ဘောလုံးသမားကြီး ပီလီရဲ့အသားတင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပြီး ဒါတွေဟာ တစ်နည်းပြောရရင် သူ့ရဲ့ကျန်ရစ်သူမိသားစုအတွက် အမွေပစ္စည်းအဖြစ် ကျန်ရစ်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ စပိန်သတင်းစာ Marca က ပီလီ ကွယ်လွန်သွားချိန်မှာ ပီလီရဲ့အသားတင်ကြွယ်ဝမှုနဲ့ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ သန်း ၁၀၀ အဖြစ် ကျန်ရှိနေခဲ့တယ်လို့ ထုတ်ဖော်ရေးသားလိုက်တာဖြစ်ပါတယ်။ ဂန္ထဝင်ဘောလုံးသမားကြီး ပီလီဟာ ဘောလုံးကစားသမားဘဝကနေ အနားယူလိုက်ပြီးတဲ့နောက် အားကစားအသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ နာမည်ကျော် Puma စီးပွားရေးလုပ်ငန်းစုနဲ့ လက်တွဲအလုပ်လုပ်ခဲ့ပြီး အဲ့ဒီကနေတဆင့် ဝင်ငွေတွေ ရရှိနေခဲ့တာပဲဖြစ်ပါတယ်။ ပီလီဟာ ၁၉၅၅ ခုနှစ် အသက် ၁၅ နှစ်အရွယ်ကတည်းက ဆန်းတို့စ်အသင်းနဲ့အတူ ဘောလုံးကစားသမားဘဝကို အစပြုခဲ့ပြီး ၁၉၅၆ ခုနှစ်အရောက်မှာ ဆန်းတို့စ်အသင်းက သူ့ကို စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ပီလီဟာ လက်ရှိကမ္ဘာ့ဘောလုံးသမိုင်းထဲမှာ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

January 6, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၃၁ ရက်နေ့မှ ဇန်နဝါရီ ၆ ရက်နေ့အထိ ပင်လယ်ဖျံကြီး အနားယူဖို့ နှစ်သစ်ကူးည မီးရှူးမီးပန်းလွှတ်တာကို အင်္ဂလန်မြို့ငယ်လေးက ပယ်ဖျက် ဆိပ်ကမ်းမှာ အိပ်ပျော်နေတဲ့ ပင်လယ်ဖျံကြီးတစ်ကောင် အိပ်ရေးမပျက်စေဖို့နဲ့ အနားယူနိုင်ဖို့ အင်္ဂလန်နိုင်ငံ စကာဘရော့မြို့ငယ်လေးဟာ နှစ်သစ်ကူးည မီးရှူးမီးပန်း ပစ်ဖောက်မယ့် အစီအစဉ်တွေကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။ သော် (Thor) လို့ အမည်ပေးထားတဲ့ အာတိတ်ဒေသ ပင်လယ်ဖျံကြီးဟာ ပင်လယ်ဆိပ်ကမ်းမြို့ကို ဒီဇင်ဘာ ၃၁ ညမှာ ရောက်ရှိလာခဲ့ပြီး မြောက်ဘက်ပင်လယ်တွေကို ဦးတည်သွားမယ်လို့ ယုံကြည်နေကြပါတယ်။ ပင်လယ်ဖျံကြီး ခရီးဆက်ဖို့အတွက် အနားယူ၊ အားမွေးဖို့ လိုအပ်တာကြောင့် ဆိပ်ကမ်းမှာ အိပ်ပျော်နေတုန်း အိပ်ရေးမပျက်ရလေအောင် ဆူညံသံတွေ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

December 30, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရုံတင်ငွေ ၁ ဘီလီယံ ရှိသွားပြီဖြစ်တဲ့ Avatar: The Way of Water ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ရဲ့ Avatar နောက်ဆက်တွဲ ရုပ်ရှင်ဇတ်ကားဟာ အမေရိကန်မှာ ကန်ဒေါ်လာသန်း ၃၀၀ နဲ့ နိုင်ငံတကာမှာ ကန်ဒေါ်လာ သန်း ၇၀၀ နဲ့အတူ Box Office မှာ ရုံတင်ငွေစုစုပေါင်း ၁ ဘီလီယံ ရရှိထားပြီလို့ သိရပါတယ်။ Avatar: The Way of Water ရုပ်ရှင်ကားကို ဒီဇင်ဘာ ၁၆ ရက်နေ့က ရုံတင်ပြသခဲ့တာဖြစ်ပြီး နှစ်ပတ်အတွင်းမှာ […]

ပီမိုင်နှစ်သစ်ကူးကာလ မောတောင်-စင်ခွန်း နယ်စပ်ဂိတ် သုံးရက်ပိတ်မည်

diz_admin

December 24, 2022

ထိုင်းနိုင်ငံ ( ပီမိုင် ) နှစ်သစ်ကူးကာလတွင် မောတောင်-စင်ခွန်း နယ်စပ်ဂိတ်အား ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ သုံးရက်ပိတ်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် ခရိုင်ဝန်ရုံးမှ နယ်စပ်ဂိတ်အား သုံးရက်ပိတ်ပြီး ကုန်သွယ်ရေးလုပ်များ ဆောင်ရွက်ခြင်းအား ရပ်ဆိုင်းကာ အများပြည်သူနားရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း မြိတ်ရေထွက်ကုန်များတင်ပို့ရောင်းချနေသူများက ပြောပြသည်။ “ဂိတ်ပိတ်တဲ့သုံးရက်တော့ ကုန်တင်ပို့တာတွေ ခဏနားလိုက်ရမယ်” ဟု ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူ တစ်ဦးက ပြောသည်။ အဆိုပါဂိတ်အား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံ မဟာချိုင်ငါးဈေးတွင် လူခုနှစ်ရာနီးပါး ကိုဗစ်ပိုးတွေ့ရှိပြီးနောက် နယ်စပ်ဂိတ်မှ ကုန်သွယ်ခွင့်အား ထိုင်းဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့သည်။ ယင်းနောက် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စင်ခွန်းဂိတ်အနီးတွင် ကုန်သွယ်မှုစခန်းတစ်ခု တည်ဆောက်ပြီး ကိုဗစ်ဆိုင်ရာလိုက်နာရမည့် […]