တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
diz_admin
March 4, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်၀ဝါရီ ၂၅ ရက်နေ့မှ မတ် ၃ ရက်နေ့အထိ ဂရိမှာ ရထားနှစ်စင်းတိုက်မိလို့ အနည်းဆုံး လူ ၅၇ ဦး သေဆုံး ဂရိနိုင်ငံမြောက်ပိုင်း လာရစ်ဆာမြို့အနီးမှာ ခရီးသည်တင်ရထားနဲ့ ကုန်တင်ရထားတို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တိုက်မိလို့ အနည်းဆုံး လူ ၅၇ ဦး သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေကနေ ခရီးသည်တင်ရထားထဲမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ညလုံးပေါက် ဆောင်ရွက်နေခဲ့ကြပြီး ယခုအချိန်အထိ ရှာဖွေနေကြဆဲလို့ ဆိုထားပါတယ်။ ခရီးသည်တင်ရထားပေါ်မှာ ခရီးသည် ၃၅၀ ဝန်းကျင်လိုက်ပါခဲ့ပြီး အများစုကတော့ ကျောင်းသားတွေလို့ ဆိုပါတယ်။ ရထားနှစ်စင်းက ခေါင်းချင်းဆိုင် […]