တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့အချို့ရေကြီး
Dawei Watch
June 11, 2023တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဇွန်လ ၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် အချို့သော မြို့ကြီးများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ကာ လမ်းများနှင့် အဆောက်အအုံအချို့ နစ်မြုပ်သွားကြောင်း သိရသည်။ “Dragon Boat Water” ဟု လူသိများသော နွေရာသီတွင်း ပထမဆုံးသော ပြင်းထန်သော မိုးသည်းထန်မှုကြောင့် ကွမ်းရှီဒေသ ပေဟိုင်မြို့၌ မိုးရေချိန် ၄၅၃ မီလီမီတာ အထိ ရောက်ရှိခဲ့သည်။ အဆိုပါ ပမာဏ သည် ဇွန်လအတွက် ဒေသဆိုင်ရာ နေ့စဉ် မိုးရေချိန် စံချိန်တစ်ခု ဖြစ်လာကြောင်း တရုတ်မိုးလေဝသဌာန က ထုတ်ပြန်ခဲ့သည်။ မိုးသည်းထန်မှုကြောင့် ပေဟိုင်မြို့ရှိ လမ်းများတွင် ကားများ ကိုယ်ထည် တစ်ဝက် နစ်မြုပ်မှုများ ရှိခဲ့သည်။ အထပ်ပေါင်းများစွာ မြင့်သည့် အဆောက်အအုံတစ်ခုတွင် မီးသတ်သမားများက […]