ထိုင်ဝမ်ကို လက်နက်များရောင်းချပေးရန် အမေရိကန်ဆုံးဖြတ်၊ တရုတ်အစိုးရ မကျေနပ်
diz_admin
September 3, 2022ထိုင်ဝမ်သို့ စစ်လက်နက်များ အမေရိကန်ဒေါ်လာ ၁ဒသမ၁ဘီလီယံ ဖိုး ရောင်းချပေးရန် အမေရိကန်ပြည်ထောင်စု က သဘောတူလိုက်သဖြင့် တရုတ်က ဒေါသထွက်လျက်ရှိကြောင်း BBC သတင်းက ဖော်ပြထားသည်။ ရောင်းချပေးမည့် လက်နက်များတွင် ဝင်ရောက်တိုက်ခိုက်လာမှုများကို ခြေရာခံသော စနစ်များ၊ စစ်သင်္ဘောပစ်၊ လေယာဉ်ပစ် လက်နက်များ ပါဝင်သည်။ ၂၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်အဆင့်အမြင့်ဆုံး အရာရှိကြီးတစ်ဦး၏ တရားဝင်ထိုင်ဝမ် ခရီးစဉ်အဖြစ် လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ လာရောက်ခဲ့ပြီးနောက် အမေရိကန်၏ ဒေါ်လာဘီလီယံကျော်ဖိုး လက်နက်ရောင်းမည့် အစီအစဉ် ဖြစ်လာခြင်း ဖြစ်သည်။ ဝါရှင်တန်ရှိ တရုတ်သံရုံးက အဆိုပါ သဘောတူညီချက်ကို နောက်ပြန်ဆုတ်ရန် နှင့် သို့မဟုတ်ပါက တန်ပြန် ဆောင်ရွက်မှုများကို ရင်ဆိုင်ရလိမ့်မည်ဟု ဆိုထားသည်။ ထိုင်ဝမ်နှင့် လက်နက်ရောင်းချရေး သဘောတူညီချက်သည် အမေရိကန်အစိုးရနှင့် တရုတ်အစိုးရတို့အကြား ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး […]


