တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
diz_admin
September 16, 2022ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဆွီဒင်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အန်ဒါဆန်ပါတီ ရှုံးနိမ့် ဆွီဒင်ရွေးကောက်ပွဲအတွက် မဲအားလုံးနီးပါး ရေတွက်ပြီးစီးတဲ့ စက်တင်ဘာ ၁၄ ရက်မှာ အတိုက်အခံ အလယ်အလတ်ပါတီရဲ့ ခေါင်းဆောင် အောလ်ဖ်ခရစ္စတာဆန် (Ulf Kristersson) က သူဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ အခွင့်အရေးရှိပြီး အစိုးရသစ်ဖွဲ့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ ညနေပိုင်းမှာ ဆွီဒင်ရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဝန်ကြီးချုပ် မက်ဒလီနာ အန်ဒါဆင် (Magdalena Andersson) က ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံခဲ့ပါတယ်။ မဲအနည်းငယ် ရေတွက်ဖို့ ကျန်နေသေးပေမဲ့ မနှစ်က ဆွီဒင်ရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတဲ့ အန်ဒါဆန်က […]


