ထိုင်းနိုင်ငံ လော့ဘူရီဒေသတွင် မျောက်စတုဒီသာပွဲတော် ပြုလုပ်
diz_admin
November 29, 2022ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသတွင် နှစ်စဉ်ပြုလုပ်မြဲဖြစ်သော မျောက်များကို တည်ခင်းဧည့်ခံသည့် ပွဲကို ပြုလုပ်ခဲ့ရာ မျောက်များကြိုက်နှစ်သက်သည့် အစားအစာများကို တနင်္ဂနွေနေ့က ပြင်ဆင်ကျွေးမွေးခဲ့သည်။ စားပွဲထိုးပုံစံ ပြုလုပ်ထားသော မျောက်ရုပ်တုများက လင်ဗန်းများ ကိုင်ထားသည့်အရုပ်များကို တန်းစီချထားပြီး လင်ဗန်းများထဲတွင် မျောက်အစားအစာများ တည်ခင်းပေးခြင်း ဖြစ်သည်။ မျောက်သည် လော့ဘူရီပြည်နယ်၏ သင်္ကေတဖြစ်ပြီး သမိုင်းဝင် ရှေးဟောင်း ဘုရားသုံးဆူ အနားတွင် မျောက်စတုဒီသာ ပြုလုပ်ခြင်း ဖြစ်သည်။ မျောက်များစွာ လာရောက်စားသုံးကြပြီး လူအများအပြားလည်း လာရောက် လည်ပတ်ကြည့်ရှူကြသည်။ “မျောက်စတုဒီသာပွဲတော်ဟာ လော့ဘူရီပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ပေးပါတယ်” လို့ ပွဲတော် တည်ထောင်သူ ယွန်ယုကစ်ဝါတာနူဆုန့် က ပြောကြားသည်။ ယနေ့အခါ လော့ဘူရီပြည်နယ်တွင် မျောက်ကောင်ရေ (၄၀၀၀) ခန့်အထိ နေထိုင်လျက်ရှိသည်။ “လော့ဘူရီ ဟာ မျောက်မြို့တော် […]


