ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ယူကရိန်း၏ ရုရှားကျူးကျော်စစ်‌ ခုခံရေးလုပ်ငန်းစဉ်ကို အချိန်အကန့်အသတ်မရှိ ပံ့ပိုးသွားရန် နေတိုးသဘောတူ 

Dawei Watch

July 12, 2023

မြောက်အတ္တလန်တိတ် စာချုပ် အဖွဲ့ (နေတိုး – NATO) ဝင် နိုင်ငံများက မည်မျှပင် အချိန်ယူရပါစေ ၊ ယူကရိန်း၏ ရုရှား ခုခံရေး ခရီးစဉ်တစ်လျှောက် ပံ့ပိုးကူညီမည်ဟု ကတိပြုထားကြောင်း ဇူလိုင် ၁၂ ရက်နေ့ က ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူး ယန်စ် စတိုလ်တန်ဘာ့ဂ် က ကြေညာခဲ့သည်။ လစ်သူယေးနီးယား နိုင်ငံ ၊ မြို့တော် ဗေးလ်နီးယပ်စ် မှာ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ထိပ်သီးအစည်းအဝေးအတွင်း နေတိုး အဖွဲ့၏ ခေါင်းဆောင်များနှင့် ယူကရိန်းသမ္မတ ဘိုလိုဒီမာ ဇယ်လန်စကီ တို့ တွေ့ဆုံခဲ့ကြသည်။ အပိုင်းသုံးပိုင်းပါဝင်သော ၊ ယူကရိန်းကို နေတိုးနှင့် ပိုမိုနီးကပ်စေမည့် အစီအစဉ် အရ “နေတိုး-ယူကရိန်းကောင်စီအသစ်ကို ဖွဲ့စည်းမည်ဖြစ်ပြီး ယူကရိန်းကို ၎င်းတို့၏ အဖွဲ့ဝင် ဖြစ်လာရေး […]

MAI လေကြောင်းလိုင်း၏ ဘဏ်အကောင့်များကို စင်ကာပူ UOB ဘဏ်ကပိတ်သိမ်းသွားမည်ဟုဆို

Dawei Watch

July 12, 2023

စင်္ကာပူအခြေစိုက် ဘဏ်တစ်ခု ဖြစ်သည့်  United Overseas Bank (UOB) သည် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (Myanmar Airways International – MAI) နှင့် သက်ဆိုင်သည့် ဘဏ်အကောင့်များအားလုံးကို သြဂုတ် ၁၅ ရက်နောက်ဆုံးထားပြီး ပိတ်သိမ်းသွားမည် ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ MAI လေကြောင်းလိုင်း ဘက်မှ ပေါက်ကြားသည်ဟု ယူဆရသည့် စာရွက်စာတမ်းများအရ ၎င်းတို့၏ ဘဏ်စာရင်းများကို ပိတ်ခြင်းမပြုရန် MAI ၏ တောင်းဆိုမှုကို UOB ဘဏ်ဘက်က ပြန်လည်ငြင်းဆိုထားသည့် စာတစ်စောင် ကို တွေ့ရှိရကြောင်း Thai PBS World သတင်းဌာန က ဖော်ပြထားသည်။ UOB ဘဏ် အနေနှင့် MAI လေကြောင်းလိုင်းပိုင် ဘဏ်အကောင့် ၅ […]

ဝန်ကြီးချုပ်ရွေးရန် နာရီပိုင်းအလိုတွင် ပီထာကို ထိုင်းရွေးကော်က ခုံရုံးတင်ရန် ဆုံးဖြတ်

Dawei Watch

July 12, 2023

ထိုင်းဝန်ကြီးချုပ်ရွေးချယ်ရန် နာရီပိုင်းသာ လိုတော့သည့်အချိန်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်လောင်း ပီထာ လင်မ်ဂျာဂျွန်ရတ်ကို မီဒီယာကုမ္ပဏီတစ်ခု၏ ရှယ်ယာပိုင်ဆိုင်မှုများနှင့်ပက်သက်၍ ရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးတင် စစ်ဆေးရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၁၂) တွင် ကြေညာလိုက်သည်။ ယင်းဆုံးဖြတ်ချက်ကို ရွေးကောက်ပွဲကော်မရှင်က သုံးရက်ကြာ လက်ခံစဉ်းစားပြီးနောက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ထိုင်းလွှတ်တော်က မနက်ဖြန် ဇူလိုင် ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ထိုင်းဝန်ကြီးချုပ်အသစ်ကို ရွေးကောက်တင်မြှောက်တော့မည်ဖြစ်သည်။ ဝန်ကြီးချုပ်လောင်းကို စုံစမ်းစစ်ဆေးရေးအတွက် ရွေးကောက်ပွဲကော်မရှင်၏ အချက်အလက် စိစစ်ရေးကော်မတီကလည်း သက်သေအလုံအလောက်ကို ရရှိထားပြီဖြစ်ကြောင်း ဆိုထားသည်။ ရွေးကောက်ပွဲကော်မရှင်က ပီတာကို မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော iTV ၏ ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အနေဖြင့် ရွေးကောက်ခံခွင့်မရှိဆိုသော စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးနေခဲ့ခြင်းဖြစ်သည်။ ပီထာက အဆိုပါရှယ်ယာများသည် ၂၀၀၇ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့ခြင်းမရှိတော့ပဲ […]

ထိုင်းဝန်ကြီးချုပ်သစ်ကို မနက်ဖြန် ရွေးကောက်တင်မြှောက်မည်

Dawei Watch

July 12, 2023

ထိုင်းလွှတ်တော်က မနက်ဖြန် ဇူလိုင် ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ထိုင်းဝန်ကြီးချုပ်အသစ်ကို ရွေးကောက်တင်မြှောက်တော့မည်ဖြစ်သည်။ ဖိထာ ခေါင်းဆောင်သော Move Forward ပါတီသည် ပြီးခဲ့သည့် မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၁၅၁ နေရာဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း အစိုးရဖွဲ့နိုင်မည့် အမတ်အရေအတွက်ကို မရရှိသဖြင့် ပီထာ ဝန်ကြီးချုပ်ဖြစ်ရေး အာမခံချက်မရှိသေးဘဲ ဖြစ်နေခဲ့သည်။ ရွေးကောက်ပွဲပြီးနောက် အနိုင်ရ Move Forward ပါတီက ဦးဆောင်၍ Pheu Thai ပါတီအပါအဝင် ပါတီ ၈ ခုနှင့် ညွန့်ပေါင်းမဟာမိတ်အဖြင့် ဖွဲ့စည်းခဲ့သည်။ ညွန့်ပေါင်းမဟာမိတ်ဖွဲ့တွင် အောက်လွှတ်တော်အမတ်နေရာ ၃၁၂ နေရာကို ရရှိထားပြီးဖြစ်သည်။ သို့သော် ဖိထာ ဝန်ကြီးချုပ်ဖြစ်ရန်အတွက် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အမတ် စုစုပေါင်း ၇၅၀ ၏ ထက်ဝက်ထောက်ခံမဲ ၃၇၆ […]

ထိုင်းဝန်ကြီးချုပ် ပရာယွတ် နိုင်ငံရေးလောကမှ အနားယူ၊ ပါတီက နုတ်ထွက်ကြောင်းကြေညာ

Dawei Watch

July 11, 2023

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဖြစ်သော ပရာယွတ် ချန်အိုချာသည် နိုင်ငံရေးလောကမှ အနားယူပြီး ၎င်း၏ ပါတီဖြစ်သော United Thai Nation Party က နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ယနေ့ ဇူလိုင် ၁၁ ရက်တွင် ကြေညာလိုက်သည်။ ယင်းထုတ်ပြန်ချက်ကို ပါတီ၏ Facebook စာမျက်နှာပေါ်တွင် ရေးသားထားခြင်းဖြစ်သည်။ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည် ကိုးနှစ်တာကာလအတွင်း နိုင်ငံ၊ ဘာသာ၊ ဘုရင်စနစ်နှင့် ပြည်သူများကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း ပရာယွတ်က ပြောသည်။ ထိုင်းနိုင်ငံနှင့် နိုင်ငံသားများကို ထိန်းသိမ်းစောင့်ရှောက်ပေးရန်အတွက် နိုင်ငံရေးသဘောထား ကိုက်ညီသော လုပ်ရပ်များဖြင့် ရှေ့ဆက်လုပ်ဆောင်ကြရန်ကိုလည်း ပါတီအဖွဲ့ဝင်များ၊ ဘုတ်အဖွဲ့ဝင်များနှင့် ပါတီခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။ ပြည်သူလူထုကိုလည်း ၎င်းပါတီ၏ လုပ်ငန်းစဉ်များကို ထောက်ပံ့ပေးကြရန်လည်း တိုက်တွန်းခဲ့ပြီး မေလ ရွေးကောက်ပွဲတွင် ပါတီနှင့် […]

ပတ္တရားတွင် ဂျာမန်လုပ်ငန်းရှင်တစ်ဦးကို အပိုင်းပိုင်းခုတ်ထစ်ကာ ရေခဲပုံးအတွင်းထည့်ထား

Dawei Watch

July 11, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တရားတွင် ၆ ရက်ကျော်ကြာပျောက်ဆုံးနေသော ဂျာမန်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ကာ ရေခဲပုံးအတွင်းထည့်ထားသည်ကို ထိုင်းရဲတပ်ဖွဲ့များက စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ ယင်းသို့အပိုင်းပိုင်းဖြတ်ထားသည့် အလောင်းကို ယမန်နေ့ (ဇူလိုင် ၁၀) ညသန်းခေါင်အချိန်တွင် ရဲတပ်ဖွဲ့များက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နောက်ဆုံးတွေ့ရှိခဲ့သော သေဆုံးသူ၏ မာစီးတီးကားအနီး မီတာ ၄၀၀ ခန့်အကွာ ချွန်ဘူရီခရိုင် ဘန်းလမူဒေသရှိ Chokchai Garden Home Village တစ်ခုတွင် အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အသတ်ခံရသူသည် အသက် ၆၂ နှစ်အရွယ် Hans Peter Ralter Mack အမည်ရှိ ဂျာမန်အိမ်ခြံမြေပွဲစား တစ်ဦးဖြစ်ပြီး ဇူလိုင်လ ၄ ရက်နေ့က မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားသူဖြစ်သည်။ ၎င်းပျောက်ဆုံးမှုအတွက် […]

ထိုင်းဝန်ကြီးချုပ်လောင်း Pita က ထိုင်းနိုင်ငံသို့ လာရောက်ဖျော်ဖြေရန် တေလာဆွစ်ဖ်ကိုဖိတ်ခေါ်

Dawei Watch

July 10, 2023

Move Forward ပါတီခေါင်းဆောင် အပြင် ထိုင်းနိုင်ငံ၏ အလားအလာရှိသော ဝန်ကြီးချုပ်လောင်း ဖြစ်သည့် Pita Limjaroenrat သည် အမေရိကန် ထိပ်သီး တေးဂီတကြယ်ပွင့် တေလာဆွစ်ဖ် ကို ဘန်ကောက်တွင် လာရောက် ဖျော်ဖြေရန် လူမှုကွန်ရက် Twitter မှတဆင့် ဇူလိုင် ၆ရက်နေ့က ရေးသားဖိတ်ကြားခဲ့သည်။ ကမ္ဘာကျော် တေးသံရှင် တေလာဆွစ်ဖ်သည် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရသည်။ ယင်းကို ရည်ရွယ်ရင်း Pita က ထိုင်းနိုင်ငံအနေနှင့် “ဒီမိုကရေစီ အပြည့်အဝဖော်ဆောင်ရေး လမ်းကြောင်းပေါ်သို့ ပြန်ရောက်နေပြီ” ဟု ထည့်သွင်းရေးသားကာ ဖိတ်ခေါ်ခဲ့သည်။ “ထိုင်းပြည်သူတွေက ရွေးကောက်ပွဲကနေတစ်ဆင့် ထုတ်ဖော်ပြသခဲ့ပြီးပါပြီ။ ငါတို့အားလုံးက မင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ မျှော်လင့်နေပါတယ်” ဟု Pita က […]

ICC စုံစမ်းစစ်ဆေးရေးမှုး လာရောက်မှူးအပြီး ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် လူခြောက်ဦး သေဆုံး

Dawei Watch

July 9, 2023

သက်သေထွက်ဆိုချက်များ ကို စုဆောင်းရန် ရည်ရွယ်ကာ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ကိုယ်စားပြု စုံစမ်းစစ်ဆေးရေးမှုးတစ်ဦး၏ သွားရောက်မှုအပြီး နာရီပိုင်းအကြာ အဆိုပါ စခန်းတွင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားကာ ရိုဟင်ဂျာ ခြောက်ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဇူလိုင် ၇ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ ဖြိုခွင်းမှုအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူ ရိုဟင်ဂျာ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံခဲ့ကြသည်။ မြန်မာနိုင်ငံသည် ယခုအခါ ကုလသမဂ္ဂ တရားရုံးတွင် အဆိုပါ လူမျိုးတုံးသတ်ဖြတ်မှုနှင့် စပ်လျဉ်းပြီး စုံစမ်း စစ်ဆေးခံနေရဆဲ ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ အကြမ်းဖက်မှု သည် ယင်း ဒုက္ခသည် စခန်းများအတွင်း အားပြိုင်လှုပ်ရှားနေကြသည့် […]