ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဒေါ်နယ်ထရမ့်ကို စွဲချက်တင်၊ ရာဇဝတ်မှုဖြင့် တရားစွဲခံရသော ပထမဆုံး ကန်သမ္မတဟောင်းဖြစ်လာ

diz_admin

March 31, 2023

၂၀၁၆ခုနှစ် ရွေးကောက်ပွဲကာလတွင်း အပြာရုပ်ရှင်သရုပ်ဆောင် စတော်မီ ဒန်နီရယ်လ်စ်အား နှုတ်ပိတ်ခပေးခဲ့မှုနှင့်ပတ်သက်ပြီး  အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို စွဲချက်တင်ရန် နယူးယောက်မြို့တွင် ဂျူရီလူကြီးများက မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ သမ္မတဟောင်း တစ်ဦးတစ်ယောက်မှ ရာဇ၀တ်မှုဖြင့် စွဲချက်တင်ခံရဖူးခြင်းမရှိသည့် အမေရိကန် နိုင်ငံသမိုင်းတွင် ဒေါ်နယ်ထရန့်သည် ပထမဆုံး အမည်းစက် ဖြစ်လာခဲ့သည်။ အဆိုပါသတင်းသည် ၂၀၂၄ ခုနှစ်အတွက် ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေရမှုများကို လှုပ်ခတ်စေခဲ့သည်။ ဤကိစ္စမပေါ်ပေါက်မီ ကနဦး စာရင်းများအရ ဆန္ဒမဲရနှုန်းကို ထရမ့်က ဦးဆောင်လျက် ရှိသည်။  မစ္စတာထရမ့်၏ ရှေ့နေကို ဆက်သွယ်ခဲ့ပြီး ၎င်း၏စွဲချက်များအတွက် တရားရုံးချုပ်၏ တရားခွင်တွင် ပူးပေါင်းပါဝင်ပေးရန်နှင့် အဆိုပါ တရားခွင်အတွင်း ကိုယ်ရေးကိုယ်တာဆိုင်ရာ အချက်အလက်များကို လုံခြုံစွာ တင်သွင်းခွင့်ရမည်ဖြစ်ကြောင်း  အသိပေးပြောကြားခဲ့သည်ဟု မန်ဟက်တန် ဒေသန္တရရှေ့နေ့ အယ်လ်ဗင် ဘရက် ၏ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ […]

ရက်ဆက်လာသည့် ထိုင်းနိုင်ငံတွင်း တောမီးလောင်မှုများ

diz_admin

March 31, 2023

ထိုင်းနိုင်ငံတွင်း ပြည်နယ်တစ်ခုရှိ တောင်တန်းများတွင် ဆက်တိုက်ဖြစ်ပွားနေသော တောမီးလောင်မှုကို ရပ်တန့်နိုင်ရန် ထိုင်းအာဏာပိုင်များက မတ်လ ၃၀ရက်နေ့တွင် အရေးပေါ်စီမံချက်များ ဆောင်ရွက်ရန် အမိန့်ထုတ်ခဲ့သည်။ ဘန်ကောက်မြို့၏ အရှေ့မြောက်ဘက် ၊ ၁၁၄ ကီလိုမီတာ (၇၀ မိုင်) အကွာ ၊ နခွန်နရော့ ပြည်နယ်ရှိ ခေါင် ချပလူ တောင်ပေါ်တွင် စတင်လောင်ကျွမ်းခဲ့သော တောမီးသည် လေပြင်းတိုက်ခတ်မှုကြောင့် အနီးနားရှိ ခေါင်လမ် ၊ ခေါင်ကောဝ် နှင့် ခေါင်တဘာ့ခ် ဒေသများ၏  ၇၀၀ ရိုင် (၂၇၆ ဧကကျော်) ဧရိယာရှိသည့် တောင်အများအပြားထံ ကူးစက်ပျံ့နှံ့သွားခဲ့ကြောင်း ဒေသခံမီဒီယာများထံမှ သိရသည်။ ဗုဒ္ဓဟူးနေ့ညက ဖြစ်ပွားခဲ့သော အဆိုပါ မီးလောင်မှုအား ငြှိမ်းသတ်ရန်အတွက် မီးသတ်ယာဉ်များ ဖြန့်ကျက်ချထားခဲ့ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ အနုချာဘူရာပါချိုင်စရီကပြောပြီး […]

ထိုင်းရွေးကောက်ပွဲ အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်ဟု စစ်တမ်းများ ဖော်ပြ

diz_admin

March 31, 2023

လာမည့်မေလတွင် ကျင်းပသွားမည့် ထိုင်းနိုင်ငံ၏ ပါတီစုံအထွေထွေရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ်ယှဉ်ပြိုင် ရနိုင်ကြောင်း ရွေးကောက်ပွဲစစ်တမ်းများအရ တွေ့ရသည်။ မျက်မှောက်ခေတ် ထိုင်းနိုင်ငံရေးလောက၏ အဓိက အတိုက်အခံပါတီ ဖွေထိုင်းသည် သဘောထား စစ်တမ်းများအရ ထောက်ခံမှုအများဆုံးရနေသော်လည်း လက်ရှိအာဏာရ ညွန့်ပေါင်းပါတီများ၏ ပေါင်းစပ် ထောက်ခံမှုရရှိရန် လိုအပ်နေသည်။ မေလ ၁၄ ရက်နေ့တွင် ကျင်းပမည့် အဆိုပါ အထွေထွေရွေးကောက်ပွဲသည် လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ပေထုံတန် ရှင်နာဝပ်ထရာ၊ တစ်နည်းအားဖြင့်  စစ်တပ်နောက်ခံအင်အားစု နှင့် ရှင်နာဝပ်ထရာ မိသားစုနောက်ခံ ဖွေထိုင်းပါတီတို့အကြား ပြင်းထန်သော ယှဉ်ပြိုင်မှု တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ဝန်ကြီးချုပ် ပရာယွတ် သည် အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်ပြီး  ယခင်ရှင်နာဝပ်ထရာ မိသားစုဝင် ဝန်ကြီးချုပ် နှစ်ဦး၏ […]

ဘလက်ပင့်အဖွဲ့ဝင် လီဆာ၏မွေးနေ့အတွက် ထိုင်းစျေးသည်များက အသားလုံးများ ဂုဏ်ပြုပေးလှူ

diz_admin

March 30, 2023

ဘလက်ပင့် အဖွဲ့ဝင် ထိုင်းနွယ်ဖွား ကေပေါ့ပ်အဆိုတော် လီဆာ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘူရီရမ်ပြည်နယ်ရှိ ဈေးသည်များက အသားလုံး ၅၀၀ ကီလိုဂရမ်ကျော်ကို ပေးဝေခဲ့ကြသည်။ ရက်ပ်နှင့် ကေပေါ့ပ် အဆိုတော် အကသမားဖြစ်သူ လီဆာကြောင့် ၎င်းတို့၏ လုပ်ငန်းများ တွင်ကျယ်လာသည့်အတွက် ဘူရီရမ် ဘူတာရုံမှ စျေးသည်များက မတ်လ ၂၇ရက်နေ့တွင် ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ လီဆာသည် အင်တာဗျူးတစ်ခုတွင် သူမအကြိုက်ဆုံး သရေစာမှာ သူမ၏ မွေးရပ်မြေ ဘူရီရမ်ရှိ ဘူတာရုံနောက်မှ စျေးသည်များရောင်းသော ထိုင်းငရုတ်သီးဆော့နှင့် ကင်၊ ကြော်ထားသည့် အသားလုံးများ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဘူရီရမ်ပြည်နယ်၊ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က  ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် “ဘူရီရမ်မှာ အသားလုံးလုပ်ငန်းကို လူကြိုက်များအောင် ပြုလုပ်ပေးလို့ လီဆာကို ကျေးဇူးတင်ပါတယ်။ အဲ့ဒါက (ဘူရီရမ်က) လူတိုင်းရဲ့ ဘဝကို ပြောင်းလဲပေးခဲ့တာပါ” ဟု […]

ဦးထွန်းမင်းလတ်၏ စီးပွားဖက်ဖြစ်သူ ထိုင်းလွှတ်တော်အမတ် ဥပကစ် လာရောက်အစစ်ဆေးခံ၊ အမှုများကိုငြင်းဆို

diz_admin

March 28, 2023

ဦးထွန်းမင်းလတ်နှင့် စီးပွားရေးမိတ်ဖက်ဖြစ်သူ ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ကွန်းသည် ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် ဆက်စပ်သည်ဟုဆိုကာ စုံစမ်းရေးအဖွဲ့များက တရားစွဲထားသောအမှုများအတွက် လာရောက်အစစ်ဆေးခံခဲ့ပြီး ငြင်းဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဥပါကစ်ကို တရားဥပဒေပုဒ်မ ၁၃၄ အရ စုံစမ်းရေးရဲတပ်ဖွဲ့များနှင့် အစိုးရရှေ့နေများက မေးမြန်းစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ဥပကစ်သည် ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတို့ဖြင့် ဖမ်းဆီးခံထားရသော မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နှင့် ဆက်စပ်နေသည်ဟုဆိုကာ စုံစမ်းရေးအဖွဲ့များက တရားစွဲထားခြင်းဖြစ်သည်။ ထိုင်းလွှတ်တော်အမတ် ဥပကစ်သည် ထိုင်းအခြေစိုက် Allure Group ကုမ္ပဏီကို တည်ထောင်ခဲ့သူလည်းဖြစ် ရှယ်ယာရှင်ဟောင်းတစ်ဦးလည်းဖြစ်ပြီး ဖမ်းဆီးခံထားရသော မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နှင့် အတူ မြန်မာအခြေစိုက် Allure Group ကို ပူးပေါင်းတည်ထောင်ခဲ့သူလည်းဖြစ်ကြောင်း အတိုက်အခံပါတီ လွှတ်တော်အမတ်တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ စုံစမ်းရေးအဖွဲ့မှ တရားစွဲခံရပြီးနောက် ဥပကစ်သည် မတ်လ ၂၇ ရက်နေ့ နေ့လယ် […]

ထိုင်းဝန်ကြီးချုပ်သစ် နေရာအတွက် Move Forward ပါတီ ခေါင်းဆောင် တစ်ပြေးနေ

diz_admin

March 28, 2023

ဘန်ကောက်ဒေသတွင်း မဲဆန္ဒရှင်အများစုသည် Move Forward ပါတီခေါင်းဆောင် ပီတလင်မ်ဂျာရုန်ရတ်ကို ထိုင်းနိုင်ငံ၏ နောက်လာမည့် ၀န်ကြီးချုပ်သစ် ဖြစ်စေလိုကြကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု (NIDA) ၏ စစ်တမ်းအရ သိရသည်။ အဆိုပါ ပါတီခေါင်းဆောင်၏နောက်တွင် ဖွေထိုင်း(Pheu Thai)ပါတီ၏ အကြံပေးအရာရှိချုပ် ဖြစ်သူ ပေထုံတန် ရှင်နာဝပ်ထရာ နှင့် ယူနိုက်တက် ထိုင်းနေရှင်း (United Thai Nation) ပါတီမှ ထပ်မံဝင်ရောက်ယှဉ်ပြိုင်သည့် လက်ရှိ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ တို့က ရပ်တည်လျက် ရှိသည်။ သို့သော် ပြည်သူအများစုမှာမူ Move Forward ပါတီ၊ ယူနိုက်တက် ထိုင်း နေရှင်း (United Thai Nation) ပါတီ အပါအဝင် အခြားပါတီများထက် ဖွေထိုင်းပါတီကို မဲပေးမည်ဟု ဆိုကြသည်။ […]

ထိုင်းထီပေါက်သဖြင့် ဘုရားထံ ဝက်ခေါင်း ၁၀၀ ကပ်လှု

diz_admin

March 27, 2023

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်ပသုမ်ခရိုင် ဝပ်ကလန်ဘန်ဖရာ (Wat Klang Bang Phra) ဘုရားကျောင်းရှိ မီတာ ၃၀ မြင့်သော ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် ထိုင်းထီဆုရှင်တစ်ဦးက ဝက်ခေါင်းပေါင်း ၁၀၀ ကိုကပ်လှုခဲ့သည်။ စမွတ်ပရာကန်ပြည်နယ်မှ အစိုးရထီ ကံထူးရှင် ပါနုနဝီဆမ်ဖန်သည် မည်သည့်ပမာဏ ကံထူးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုမှု မရှိသော်လည်း ယခုလို ဗုဒ္ဓရုပ်ပွားတော်ရှေ့မှောက် ဝက်ခေါင်း ၁၀၀ ကို အမွှေးတိုင် တစ်တိုင်စီ ထွန်းညှိထားကာ ပူဇော်ရခြင်းမှာ ဂယ်ဘွန်ဟု အဓိပ္ပါယ်ရသည့် ကတိသစ္စာတည်ခြင်း ကို ပြသခြင်း ဖြစ်ကြောင်း ပြောသည်။ ထီမထိုးမီ ပါနုသည် Wat Klang Bang Phra ကျောင်းတွင် ထင်ရှားသော လွမ်ဖောဆုမ်ဝမ် (Luang Phor Som Wang) ဟု အမည်ပေးထားသည့် […]

မျောက်ကျောက်ရောဂါ ကူးစက်လူနာ ၃ ဦး ထိုင်းမှာ ထပ်တွေ့

diz_admin

March 26, 2023

ထိုင်းနိုင်ငံတွင်း၌ မျောက်ကျောက်ရောဂါဟုလည်း လူသိများသည့် အမ်ကျောက် (mpox) ကူးစက်လူနာ သုံးဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေးဦးစီးဌာန (DDC) မှ မတ်လ ၂၄ရက်နေ့တွင် ကြေညာခဲ့သည်။ ယင်းလူနာများကို ကူးစက်ရောဂါများ ကုသရေးဆိုင်ရာ အထူးပြု ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ဘမ်ရပ်စ်နာရာဒူရာ (Bamrasnaradura) ကုသရေးအဖွဲ့က လတ်တလော ကုသပေးလျက် ရှိကြောင်း သိရသည်။ ၂၀၂၂ခုနှစ် ၊ မေလ ၂၅ ရက်နေ့တွင် အထူးကြပ်မတ်စောင့်ကြည့်ရန် လိုအပ်သော ကူးစက်ရောဂါဟု ကြေညာထားသော အမ်ကျောက် (mpox)ရောဂါသည် ယခုချိန်အထိ ကူးစက်လူနာ စုစုပေါင်း ၁၈ ဦးအထိ ရှိပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင်း မျောက်ကျောက်ရောဂါ၏ ပထမဆုံး ကူးစက်မှုကို အဆိုပါနှစ် ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် […]