ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ထိုင်ဝမ်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်၊ ဂျပန်တွင် ဆူနာမီရိုက်ခတ်နိုင်ဟု အရေးပေါ်သတိပေး

Dawei Watch

April 3, 2024

ထိုင်ဝမ်ကျွန်းဆွယ် အရှေ့ဘက် ကမ်းရိုးတန်းတွင် ရစ်ချက်စတာစကေး ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်းငလျင် ယနေ့ နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည်။ ငလျင်ကြောင့် ဂျပန်နိုင်ငံကလည်း ဂျပန်စံတော်ချိန် ၉ နာရီ မတိုင်ခင်က ၃ မီတာအမြင့်ရှိသော ဆူနာမီလှိုင်းများ တောင်ဘက် ကျွန်းများထံသို့ ရိုက်ခတ်နိုင်ကြောင်း အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားသည်။ ငလျင်၏ ဗဟိုချက်သည် ထိုင်ဝမ်အရှေ့ဘက် ကမ်းရိုးတန်းမြို့ဖြစ်သည့် Hualien မြို့နှင့် ၁၁ မိုင်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ ငလျင်များအပါအဝင် ငလျင်များစွာ လှုပ်ခတ်ခဲ့သေးသည်။ မြို့၏ အပျက်အစီးများစွာကိုလည်း ပြည်သူများက ဗီဒီယိုမှတ်တမ်းဖြင့် တင်ထားသည်ကို တွေ့ရှိရသည်။ ငလျင်ဒဏ်ကြောင့် အဆောက်အအုံများစွာ ပြိုကျပြီး လမ်းများလည်း ပျက်စီးသွားခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းများအရ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

March 29, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေအသစ် အသက်ဝင် ဟောင်ကောင်မှာ နိုင်ငံတော်သစ္စာဖောက်မှု၊ ပုန်ကန်မှုစတဲ့ အမှုတွေနဲ့ ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေသစ် မတ်လ ၂၃ ရက်နေ့က စတင်အသက်ဝင်လာပါတယ်။ ဥပဒေက အစိုးရကို ဝေဖန်ရင် ထောင် ၁၀ နှစ်ကျနိုင်သလို၊ လူတစ်ယောက်ကို အမှုမဖွင့်ဘဲ ၁၆ ရက်အထိ ထိန်းသိမ်းထားနိုင်တာပါ။ နိုင်ငံခြားသားတွေ၊ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရာမှာ ရည်ရွယ်ချက်တွေ၊ မလျော်ကန်တဲ့ နည်းတွေနဲ့ တရားမဝင်ဖြစ်နေရင် ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်တယ်လို့ ဥပဒေထဲ ပြဌာန်းထားပါတယ်။ ဒါဟာ ဟောင်ကောင် ပြည်သူတွေသာမဟုတ်ဘဲ […]

ထိုင်းနိုင်ငံက အရှေ့တောင်အာရှတွင် လိင်တူထိမ်းမြားခွင့်ပြုသော ပထမဆုံးနိုင်ငံ ဖြစ်လာတော့မည်

Dawei Watch

March 28, 2024

ထိုင်းနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများတွင် ပထမဆုံး လိင်တူထိမ်းမြားခွင့်ပြုသောနိုင်ငံ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံတွင် လိင်တူချင်း ထိမ်းမြားခွင့်ဥပဒေကို အောက်လွှတ်တော်က ယမန်နေ့ (မတ် ၂၇) တွင် တခဲနက် ထောက်ခံအတည်ပြုခဲ့ပြီးနောက် ယခုနှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်နေကြခြင်းဖြစ်သည်။ အောက်လွှတ်တော်ကသာ အတည်ပြုထားသော လိင်တူချင်း ထိမ်းမြားခွင့်ဥပဒေမှာ အထက်လွှတ်တော်နှင့် ထိုင်းဘုရင်က အတည်ပြုရန် လိုအပ်နေသေးသည်။ ထိုင်းဘုရင်က အတည်ပြုပြီးပါက စတင်အသက်ဝင်မည်ဖြစ်ပြီး အာရှတွင် ထိုင်ဝမ်၊ နီပေါနိုင်ငံများနောက်တွင် တတိယမြောက်နိုင်ငံဖြစ်လာမည်ဖြစ်သည်။ လိင်တူချင်းထိမ်းမြားခွင့်ဥပဒေသည် ထိုင်းပါတီကြီးများအားလုံး၏ ထောက်ခံမှုကို ရရှိခဲ့ခြင်းဖြစ်ပြီး အမတ် ၄၁၅ ဦးတွင် ထောက်ခံမဲ ၄၀၀ အထိ ရရှိခဲ့ခြင်းဖြစ်သည်။ ဥပဒေအရ အမျိုးသား၊ အမျိုးသမီးကြား လက်ထပ်မှုဟု မသုံးစွဲတော့ဘဲ လူအချင်းချင်းကြား နှစ်ဦးသဘောတူ လက်ထပ်မှုဟု […]

ထိုင်းဆုန်ခရမ်ပွဲတော်ကာလ ဧပြီ ၁၂ မှ ၁၆ ရက်နေ့အထိ ရုံးပိတ်မည်

Dawei Watch

March 28, 2024

ထိုင်းနှစ်သစ်ကူးပွဲတော်ဖြစ်သော ဆုန်ခရမ်ရေကစားပွဲတော်ကာလအတွင်း လာမည့် ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ လဝကရုံးများအပါအဝင် တစ်နိုင်ငံလုံး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း ချင်းမိုင်လဝကရုံးက ထုတ်ပြန်ထားသည်။ ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ သုံးရက်တာကာလသည် ထိုင်းနိုင်ငံ၏ နှစ်သစ်ကူး ဆုန်ခရမ်ပွဲတော်ကာလ ပုံမှန်ရုံးပိတ်ရက်ဖြစ်ပြီး စနေ၊ တနင်္ဂနွေအတွင်း ကျရောက်နေသဖြင့် အစားထိုးပိတ်ရက်အနေဖြင့် ဧပြီလ ၁၆ ရက်နေ့ကို သတ်မှတ်ပေးထားခြင်းဖြစ်သည်။ ထိုင်းဆုန်ခရမ်ရေကစားပွဲတော်ကို ယူနက်စကိုစာရင်းဝင်အဖြစ် သတ်မှတ်ခံလိုက်ရပြီးနောက် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ဧပြီလ ၁၂ ရက်ကို အပိုပိတ်ရက်အဖြစ် ထိုင်းအစိုးရအဖွဲ့က ဖေဖော်ဝါရီလအတွင်းက သတ်မှတ်ပေးထားခြင်း ဖြစ်သည်။ ထိုင်းနှစ်သစ်ကူးပွဲတော်ဖြစ်သော ဆုန်ခရမ်ပွဲတော်တွင် ထိုင်းနိုင်ငံတဝန်း ရေကစားခြင်း၊ စတုဒီသာကျွေးခြင်း၊ သက်ကြီးပူဇော်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြသည်။ လာမည့် ဧပြီလ […]

ထိုင်းမြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ဧပြီလအစောပိုင်းအထိ အပူချိန်တိုးနေဦးမည်

Dawei Watch

March 28, 2024

ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်များနှင့် အလယ်ပိုင်းခရိုင်များတွင် ယခုမတ်လနှောင်းပိုင်းနှင့် ဧပြီလအစောပိုင်းရက်များ အထိ အပူချိန်များထက်တိုးနေဦးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အပူချိန်မတိုးမီ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းများတွင် တောင်ဘက်က တိုက်ခတ်လာနေသော လေများကြောင့် မိုးရွာသွန်းမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသ ညွှန်ကြားရေးမှူး Somkuan Tonjan က ပြောသည်။ မိုးရွာသွန်းပြီးနောက် အပူချိန်များ ရုတ်တရက်မြင့်တက်လာနိုင်သဖြင့် ရာသီဥတုပြောင်းလဲမှုအတွင်း ဖျားနာခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက သတိပေးထားသည်။ အထူးသဖြင့် မြောက်ပိုင်းခရိုင်များတွင် သက်ြန်မတိုင်ခင် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အတွင်း ပုံမှန်အပူချိန်ထက် မြင့်တက်နေဦးမည်ဖြစ်ကြောင်း Somkuan Tonjan က ပြောဆိုသည်။ တောင်ပိုင်းခရိုင်များတွင်မူ အရှေ့ဘက်လေများကြောင့် မိုးရွာသွန်းမည်ဖြစ်ပြီး လေပြင်းတိုက်ခတ်ခြင်းမူ မရှိနိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ ဆုန်ခရမ်မတိုင်မီ အနောက်ပိုင်းခရိုင်များတွင် […]

ထိုင်းတွင် ခရိုင် ၁၀ ခုရှိ ခရီးသွားနေရာများတွင် အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ အထိ တိုးမြှင့်မည်

Dawei Watch

March 27, 2024

ထိုင်းနိုင်ငံတွင် ခရိုင် ၁၀ ခုရှိ ခရီးသွားနေရာများတွင် လာမည့် ဧပြီလ တတိယအပတ်မှစ၍ တစ်ရက် အနိမ့်ဆုံး‌ အခြေခံလုပ်အားခ ဘတ် ၄၀၀ အထိ စတင်တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်းအစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများပါဝင်သော သုံးပွင့်ဆိုင်ကော်မတီ၏ မတ်လ ၂၆ ရက်နေ့ အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများတွင် ကနဦး စတင်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန အတွင်းရေးမှူးလည်းဖြစ်၊ သုံးပွင့်ဆိုင်ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ Mr. Pairoj Chotikasathien က ပြောသည်။ ခရီးသွားဒေသများဖြစ်သည့် ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်ခရိုင်တစ်ခုလုံး၊ ကရဘီ၊ စွန်ခရာ၊ စူရတ်ဌာနီ၊ ဖန်င၊ ချွန်ဘူရီ၊ ပရကျွတ်ခီရီခန်နှင့် ရယွန်ခရိုင်များတွင် သတ်မှတ်ထားသော နေရာအများစုရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

March 23, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံသားဥပဒေသစ်က ခွဲခြားနေကြောင်း မွတ်ဆလင်များဆို အိန္ဒိယနိုင်ငံရဲ့ ၂၀၁၉ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို အကောင်အထည်ဖော်မယ်လို့ အစိုးရက ကြေညာလိုက်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာ ဆန့်ကျင်ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ နောက်လထဲကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင် ကြေညာလိုက်တာပါ။ CAA လို့ခေါ်တဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ဘာသာရေးဖိနှိပ်မှုတွေကြောင့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ အိန္ဒိယကို ၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် ထွက်ပြေးဝင် ရောက်လာကြတဲ့လူတွေကို နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပေးထားပါတယ်။ ဒါပေမဲ့ အစ္စလာမ်ဘာသာဝင်တွေကိုတော့ နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပေးမထားပါဘူး။ ဒါကို အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့ မွတ်ဆလင်လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေက ဒီလုပ်ရပ်ဟာ […]

ထိုင်းရဲချုပ်နှင့် ဒုရဲချုပ်ကို ယာယီဌာနပြောင်းရွှေ့

Dawei Watch

March 22, 2024

ထိုင်းနိုင်ငံ အဆင့်မြင့်ရာထူးများဖြစ်သည့် ရဲချုပ်နှင့် ဒုတိယရဲချုပ်နှစ်ဦးကို ဝန်ကြီးချုပ်ရုံးရှိ မထင်မရှားနေရာများသို့ ရက် ၆၀ ပြောင်းရွှေ့ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦးကို ငွေကြေးခဝါချမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် စွပ်စွဲထားမှုကို စစ်ဆေးနေခြင်းဖြစ်သည်။ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့များကြား အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် ရဲချုပ်နှင့် ဒုရဲချုပ်နှစ်ဦးကို ဝန်ကြီးချုပ် စေထာထဝီဆင်က မတ်လ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ပြီးနောက် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ပြောင်းရွှေ့ခံရသူ ရဲချုပ်မှာ “Big Tor” ဟုခေါ်သည် တော်စပ်စူဝီမွန်နှင့် ဒုတိယရဲချုပ် “Big Joke” ဟုခေါ်သည့် စူရာချက် ထန်ဖန်တို့နှစ်ဦးဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် ဝန်ကြီးချုပ်ရုံးရှိ အလုပ်များကို ကူညီနိုင်ရန် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး အတွင်းရေးမှူးက အတည်ပြုထားသည်။ ရဲချုပ်နေရာတွင် “Big Tai” ဟုခေါ်သည့် ကစ်တီရက် ဖန်ဖက်က […]