ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ကုန်ဈေးနှုန်း မတက်ရန် ထိုင်းအစိုးရ သတိပေး

Dawei Watch

March 4, 2026

လောင်စာဆီအကျပ်အတည်းကို အကြောင်းပြုပြီး ထိုင်းနိုင်ငံအတွင်း ကုန်စည်များ ဈေးတင်မရောင်းကြရန် ထိုင်းအစိုးရက သတိပေးလိုက်သည်။ အမေရိကန်အပါအဝင် အစ္စရေး-အီရန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် စစ်ရေးတင်းမာနေချိန် အစိုးရက သတိထား၍ ကိုင်တွယ်ဖြေရှင်းပေးနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း ညွှန်ကြားချက်များကို လိုက်နာကြရန် လိုအပ်ကြောင်း အစိုးရ ဒုတိယပြောခွင့်ရအမျိုးသမီးဖြစ်သူ Airin Phanthurit က ယနေ့တွင် ပြောကြားလိုက်သည်။ ကုန်ပစ္စည်းရောင်းဝယ်သူများနှင့် စီးပွားရေးသမားများအနေဖြင့် အရှေ့အလယ်ပိုင်းတိုက်ပွဲအခြေအနေများကို အခွင့်အကောင်းမယူဘဲ ကုန်စည်နှင့် ဝန်ဆောင်မှုဈေးနှုန်းဥပဒေကို လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း အစိုးရက သတိပေးထားသည်။ ဝယ်ယူသူများကို အမြတ်ထုတ်နိုင်ရန် ကုန်ပစ္စည်းများကို သိုလှောင်၍ ဈေးတင်ရောင်းချခြင်းများကို ဥပဒေအရ တားမြစ်ထားကြောင်း ဖော်ပြသည်။ အကယ်၍ သတိပေးထားသည့်ကြားက အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ စျေးတင်ရောင်းချနေပါက ထောင်ဒဏ်အမြင့်ဆုံး ၇ နှစ် သို့မဟုတ် ငွေဒဏ် […]

အီရန်တွင် အုံကြွမှုဖြစ်စေရန် ကာ့ဒ်တပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးရန် CIA ကြိုးပမ်းနေဟုဆို

Dawei Watch

March 4, 2026

အီရန်နိုင်ငံအတွင်း လူထုအုံကြွမှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကာ့ဒ်သူပုန်တပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးရန် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)က လုပ်ဆောင်နေကြောင်း CNN သတင်းဌာနက ဖော်ပြသည်။ အီရန်အတိုက်အခံအဖွဲ့များနှင့် အီရတ်နိုင်ငံရှိ ကာ့ဒ်သူပုန်တပ်ဖွဲ့ခေါင်းဆောင်များထံ စစ်ရေးအကူအညီများ ပေးအပ်ရန်အတွက် ထရမ့်အစိုးရက ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းလည်း ယင်းသတင်းတွင် ဖော်ပြသည်။ အီရန်ရှိ ကာ့ဒ်သူပုန်လက်နက်ကိုင်အဖွဲ့များသည် အီရတ်-အီရန် နယ်စပ်တစ်လျှောက်၊ အဓိကအားဖြင့် အီရတ်နိုင်ငံရှိ ကာ့ဒ်ဒေသတွင် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာဖြင့် ဖြန့်ကျက်လှုပ်ရှားလျက် ရှိသည်။ အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်(IRGC) သည် ကာ့ဒ်သူပုန်လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်လျက် ရှိသည်။ အင်္ဂါနေ့တွင် အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်(IRGC)က ကာ့ဒ်သူပုန်လက်နက်ကိုင်အဖွဲ့များကို ဒရုန်းများစွာဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့တွင်ပင် အီရန်ကာ့ဒ်ဒီမိုကရက်တစ်ပါတီ (KDPI) ဥက္ကဋ္ဌ မူစတာဖာ ဟစ်ဂျရီနှင့် ဖုန်းပြောဆိုဆွေးနွေးခဲ့ကြောင်း အီရန်ရှိ ကာ့ဒ်သူပုန် […]

အီရန်စစ်ပွဲ အပြည့်အဝ မထောက်ခံသည့်အတွက် ဗြိတိန်နှင့် စပိန်ကို ထရမ့်အပြစ်တင်

Dawei Watch

March 4, 2026

အီရန်နိုင်ငံအား ၎င်းတို့၏ တိုက်ခိုက်မှုကို အပြည့်အဝ ထောက်ခံခြင်း မရှိသည့်အတွက် ဗြိတိန်နှင့် စပိန်နိုင်ငံတို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၃ ရက်နေ့တွင် ပြင်းပြင်းထန်ထန် အပြစ်တင်ပြောဆိုလိုက်သည်။ စပိန်နှင့် ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။ ဗြိတိန်နှင့် ပတ်သက်၍ ၎င်းအနေဖြင့် စိတ်မကျေနပ်ကြောင်း ထရမ့်က ပြောဆိုခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာနှင့် ပတ်သက်၍ “ကျွန်တော်တို့ ဆက်ဆံနေရတဲ့သူက ဝင်စတန်ချာချီတော့ မဟုတ်ဘူး” ဟု ထပ်လောင်းပြောဆိုခဲ့သည်။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်နှင့် အီရတ်၊ အာဖဂန်နစ္စတန် စစ်ပွဲများတစ်လျှောက် အမေရိကန်၏ ခိုင်မာသော မဟာမိတ်ဖြစ်ခဲ့သည့် ဗြိတိန်နိုင်ငံသည် ပြီးခဲ့သည့် စနေနေ့တွင် ထရမ့်နှင့် အစ္စရေးတို့ ပူးပေါင်း၍ အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့သော ထိုးစစ်တွင် ပါဝင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။ အမေရိကန် တိုက်လေယာဉ်များသည် […]

မဲဆောက်တွင် မြန်မာဘက်က ဆီလာဖြည့်သူ များနေဟု ထိုင်းသတင်းဌာနများဖော်ပြ

Dawei Watch

March 4, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြဝတီဘက်ခြမ်းမှ နယ်စပ်ဖြတ်ကျော်ပြီး ဆီလာတန်းစီဖြည့်သော ကားများဖြင့် ပြည့်ကျပ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြနေကြသည်။ အမေရိကန်အပါအဝင် အစ္စရေး-အီရန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တင်းမာနေချိန် စက်သုံးဆီဈေးနှုန်း တက်လာမည်ကို စိုးရိမ်၍ မြဝတီဘက်ခြမ်းက မြန်မာနိုင်ငံသားများ မဲဆောက်ဘက်သို့ ကူး၍ ဆီဖြည့်သူ ပိုများလာနေခြင်းဖြစ်သည်။ မတ်လ ၃ ရက်နေ့မှစ၍ မြဝတီဘက်ခြမ်းမှ မဲဆောက်ဘက်ကူးပြီး ဆီလာဖြည့်သူ များနေသဖြင့် မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ်တွင် ကားများထောင်ချီ ပိတ်နေသလို မဲဆောက်မြို့အတွင်းရှိ ဆီဆိုင်များတွင်လည်း မြန်မာကားများ တန်းစီနေကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ အထူးသဖြင့် မြန်မာဘက်က အိမ်စီးကားနှင့် ဗန်ကားများသည် မဲဆောက်မြို့ရှိ ဆီဆိုင်များတွင် တစ်နေကုန် တန်းစီဆီဖြည့်နေကြသဖြင့် ကားပိတ်မှုများပါ ကြုံတွေ့နေရဟုဆိုသည်။ မတ်လ ၂ ရက်နေ့မှစ၍ ပြည်တွင်းစက်သုံးဆီ […]

ထိုင်းတွင် စက်သုံးဆီဈေး စတက်၊ ဆီဆိုင်များတွင် တန်းစီဝယ်ယူနေ

Dawei Watch

March 3, 2026

ထိုင်းနိုင်ငံတွင် စက်သုံးဆီဈေးများ ယနေ့ နံနက်ပိုင်းမှစ၍ စတက်လာပြီဖြစ်ပြီး ပြည်သူများ ဆီဆိုင်များတွင် တန်းစီဝယ်ယူမှုများ ရှိလာကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ မတ်လ ၃ ရက် နံနက် ၅ နာရီမှစ၍ Shell ကုမ္ပဏီနှင့် Caltex ကုမ္ပဏီ၏ စက်သုံးဆီဆိုင်များတွင် ဆီဈေး စတင် မြင့်တက်သွားပြီဖြစ်သည်။ ဓါတ်ဆီ 91 နှင့် 95 များကို တစ်လီတာလျှင် ၁ ဒသမ ၅ စီတိုးမြှင့်လိုက်ပြီး ဒီဇယ်များကို တစ်လီတာလျှင် ၄ ဒသမ ၂ ဘတ်စီ တိုးမြှင့်လိုက်ကြောင်း သိရသည်။ Caltex ကုမ္ပဏီ (ကြယ်တလုံး) ဆီဆိုင်ကလည်း ယနေ့နံနက် ၁၁ နာရီမှစ၍ ဓါတ်ဆီ 91 နှင့် 95 […]

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သည့် သင်္ဘောတိုင်းကို တိုက်ခိုက်မည်ဟု အီရန်ဆို

Dawei Watch

March 3, 2026

ကမ္ဘာ့အရေးအပါဆုံး ရေနံတင်ပို့သည့် လမ်းကြောင်းတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားလိုက်ပြီဖြစ်၍ ဖြတ်သန်းရန် ကြိုးပမ်းသည့် မည်သည့်သင်္ဘောကိုမဆို ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက မတ်လ ၂ ရက်နေ့တွင် သတိပေးပြောကြားလိုက်သည်။ ယခုသတိပေးမှုမှာ ရေနံတင်ပို့ရေးလမ်းကြောင်းကို ပိတ်လိုက်ပြီဟု စနေနေ့တွင် အီရန်ဘက်က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာသည့် အပြတ်သားဆုံး သတိပေးချက် ဖြစ်သည်။ “ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပါပြီ။ ဘယ်သူပဲဖြစ်ဖြစ် ဖြတ်သန်းဖို့ ကြိုးစားမယ်ဆိုရင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ သူရဲကောင်းတွေနဲ့ ပုံမှန်ရေတပ်တို့က အဲဒီသင်္ဘောတွေကို မီးတောက်လောင်သွားအောင် တိုက်ခိုက်မှာပါ” ဟု တော်လှန်ရေးအစောင့်တပ်ဖွဲ့ စစ်ဦးစီးချုပ်၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ် အီဘရာဟမ် ဂျဘာရီက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။ ယင်းကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု၏ ငါးပုံတစ်ပုံကို ရပ်တန့်သွားနိုင်ပြီး ရေနံစိမ်းဈေးနှုန်းများလည်း ရုတ်တရက် မြင့်တက်လာစေနိုင်သည့် အန္တရာယ်ရှိနေကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ […]

ကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုမှ အီရန် ခုခံကာကွယ်မှုကို ထောက်ခံကြောင်း တရုတ်ပြော

Dawei Watch

March 3, 2026

အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများကို အီရန်က ခုခံကာကွယ်ခြင်းကို ၎င်းတို့ ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီးအား မတ်လ ၂ ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်ပြောကြားလိုက်သည်။ အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်း စစ်မီးကူးစက်ပျံ့နှံ့နေချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အီရန်နိုင်ငံခြားရေးဝန်ကြီး အဘာ့စ် အရက်ချီအား ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်ဒါဇင်ပေါင်းများစွာကို စတင်တိုက်ခိုက်ခဲ့သည့် စနေနေ့မှစ၍ အီရန်တွင် လူရာနှင့်ချီ သေဆုံးခဲ့ရသည်။ အီရန်ဘက်ကလည်း အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများအပြင် ဆိုက်ပရပ်စ်ရှိ ဗြိတိန်စစ်အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ တရုတ်နှင့်အီရန်အကြား ရှိရင်းစွဲ ရိုးရာချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားကြောင်း၊ အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေပိုင်နက်နှင့် အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ခြင်းအား ၎င်းတို့ထောက်ခံကြောင်း ဝမ်ယိက အဘာ့စ် အရက်ချီအား […]

အီရန်ကို တိုက်ရန် ဗြိတိန်စစ်စခန်းများကို အမေရိကန် အသုံးပြုခွင့်ရ

Dawei Watch

March 2, 2026

အီရန်၏ ဒုံးကျည်စခန်းများကို တိုက်ခိုက်ရာတွင် ဗြိတိန်စစ်စခန်းများကို အသုံးပြုခွင့်ပေးရန် အမေရိကန်အစိုးရ၏ တောင်းဆိုချက်ကို ၎င်းတို့ သဘောတူလက်ခံလိုက်ပြီဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက မတ်လ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်နှင့် အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှုများတွင် လက်ရှိအချိန်အထိ ဗြတိန်က ပါဝင်ပတ်သက်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။ သို့ရာတွင် လက်ရှိပဋိပက္ခတွင် အီရန်၏ လုပ်ရပ်က သွေးရူးသွေးတန်းဆန်ပြီး ဗြိတိန်နိုင်ငံသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနေကြောင်း ၎င်းက ဆိုသည်။ ယင်းကြောင့် ဗြိတိန်၏ စစ်စခန်းနှစ်ခုကို အမေရိကန်အား အသုံးပြုခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ဗြိတိန်ဝန်ကြီးချုပ်၏ အဆိုပါ ပြောကြားချက်ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ဆိုက်ပရပ်စ်ကျွန်းရှိ ဗြိတိန်၏ အက်ခရိုတီရီ လေတပ်စခန်းကို ဒရုန်းဟုသံသယရှိသည့် အရာတစ်ခုဖြင့် တိုက်ခိုက်မှုခံခဲ့ရကြောင်း The […]