ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါကမ္ဘာတစ်ဝန်း ခြေဆန့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နေကြပုံကတော့ အမျိုးမျိုးပါပဲ။ ထားဝယ်မှာတော့ ဆီးသီး ငါးလုံး၊ သံပရာသီး ငါးလုံး ဘုရားစင်ပေါ် တင်တဲ့ နည်းက ထင်ရှားပါတယ်။ နောက်ပြီး ဒီညနေမှာတော့ အချို့ရပ်ကွက်တွေမှာ ဖယောင်းတိုင် ကိုးတိုင်၊ နံ့သာတိုင် ကိုးတိုင် ထွန်းပြီး ယတြာခြေနေကြပါတယ်။ ယုံကြည်ရာ၊ အားကိုးရာ အမျိုးမျိုးပေါ့လေ။ ဓာတ်ပုံ – ဝေယံစိုး
ဓာတ်ပုံ-ဝေယံစိုး/ကျော်သူစိုး